အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒေါ်လာဈေးအတက်အကျနှင့် အထွက်နှုန်းတို့အပေါ်မူတည်၍  ငရုတ်ကောင်းဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေ

ဒေါ်လာဈေးအတက်အကျနှင့် အထွက်နှုန်းတို့အပေါ်မူတည်၍  ငရုတ်ကောင်းဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေ

ဒေါ်လာဈေးအတက်အကျနှင့် အထွက်နှုန်းတို့အပေါ်မူတည်၍  ငရုတ်ကောင်းဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ငရုတ်ကောင်းဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။

"ငရုတ်ကောင်း​ဈေးက လုံးဝပြန်မကျသွားဘူး။ ဈေးနှုန်းက အတက်ဘက်မှာပဲ ဆက်ငြိမ်နေတယ်။ မနှစ်ကဈေးနဲ့ယှဥ်ကြည့်ရင်တော့ ဒီနှစ်ငရုတ်ကောင်း ဈေးက ၂ ဆကျော်အထိ တက်နေတာပဲ။ ပြည်တွင်းကထွက်တဲ့ ငရုတ်ကောင်းတွေ ဈေးတက်နေသလိုပဲ၊ ဒေါ်လာဈေး တက်နေတဲ့အတွက် ဗီယက်နမ်ဘက်ကနေ မြန်မာပြည်ဘက်ကို import ဝင်လာတဲ့ ငရုတ်ကောင်းတွေကလည်း ဈေးမြင့်နေပါတယ်။"

ဟု KKO-Pepper ငရုတ်ကောင်းထုတ်လုပ်ရေး၏ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

လက်ရှိတွင် ငရုတ်ကောင်းစေ့ (အမဲ) တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အတွင်း ဈေးနှုန်းရှိနေကြောင်း ဘုရင့်နောင်ပွဲရုံရှိ ငရုတ်ကောင်းကုန်သည်များထံမှ သိရသည်။

"ဒီနှစ်ထဲ ငရုတ်ကောင်းဈေးတွေ ဘယ်လောက်တက်နေလဲဆိုရင်.. ပြီးခဲ့တဲ့နှစ်က ဒီအချိန်မှာ ငရုတ်ကောင်းစေ့ (အမဲ) ဈေးက တစ်ပိဿာကို ၆၀၀၀/၇၀၀၀ ကျပ် ငရုတ်ကောင်းစေ့ (အဖြူ) ဈေးက တစ်ပိဿာကို ၂၅၀၀၀ ကျပ် ဝန်းကျင်ပဲရှိခဲ့တယ်။ အခုနှစ်မှာတော့ ငရုတ်ကောင်းစေ့ (အဖြူ) တစ်ပိဿာကို ၃ သောင်းကျော်သွားပြီ။ ဒီနှစ် အခုလိုတွေဈေးတက်ရတဲ့အကြောင်းအရင်းက ပြည်တွင်းက ငရုတ်ကောင်းခြံတွေမှာ အထွက်နှုန်းနည်းတာကြောင့်လည်း အများကြီးပါပါတယ်။"

ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။

ပြည်တွင်း၌ ငရုတ်ကောင်းစိုက်ဧကများ နည်းပါးနေသေးခြင်း၊ နှစ်ခြားသီးတတ်သည့် နှစ်တစ်ချို့တွင် ငရုတ်ကောင်းအထွက်နှုန်းများ ပုံမှန်နှစ်များကထက် လျော့ကျတတ်ခြင်း၊ စားသုံးမှုလိုအပ်ချက်အရ ပြည်ပမှ ငရုတ်ကောင်းများကို Import တင်သွင်းနေရခြင်းစသည့် လိုအပ်ချက်များစွာရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။