အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြဝတီနယ်စပ်၌ ပြောင်းကုန်စည်ဒိုင်ဖွင့်လှစ်မည့်အစီအစဉ် ခေတ္တရပ်ဆိုင်းခြင်းသာဖြစ်

မြဝတီနယ်စပ်၌ ပြောင်းကုန်စည်ဒိုင်ဖွင့်လှစ်မည့်အစီအစဉ် ခေတ္တရပ်ဆိုင်းခြင်းသာဖြစ်

    မြဝတီနယ်စပ်၌ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ ပြောင်းကုန်စည်ဒိုင်ဖွင့်လှစ်မည့် အစီအစဉ်မှာ ခေတ္တရပ်ဆိုင်းခြင်းသာဖြစ်ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း အသင်းဉက္ကဌမှ ပြောသည်။

    ပြောင်းကုန်စည်ဒိုင်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃) ရက်က စတင်ဖွင့်လှစ်မည်ဟု စီစဉ်ထားခဲ့ပြီးနောက် Covid-19 ကာလ အခြေအနေအရပ်ရပ်ကြောင့် ဖွင့်လှစ်မည့်အချိန်ကာလကို နောက်ဆုတ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းအနေနဲ့ ပြောင်းကုန်စည်ဒိုင်ကို မဖြစ်မနေကို ဖွင့်လှစ်သွားမှာပါ။ အခု ဖေဖော်ဝါရီလထဲမှာ ဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။ ပထမအစီအစဉ်မှာ မနှစ်ကတည်းက ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ ကိုဗစ်ကြောင့် လူစုလူဝေးလုပ်လို့ အဆင်မပြေတာကြောင့် နောက်ဆုတ်လိုက်တာပါ။ ပြီးခဲ့တဲ့လက ဖွင့်လှစ်ဖို့ ထပ်စီစဉ်တော့လည်း မြဝတီဘက်မှာ ပိုးတွေ့လူနာတွေ တွေ့ရှိမှုများပြားနေတဲ့အတွက် ရန်ကုန်ကကုန်သည်တွေကို အဝင်မခံတာမျိုးတွေလည်း ရှိနေတာကြောင့် လတ်တလောမှာ ခဏနောက်ဆုတ်ထားကြတဲ့ သဘောပါပဲ။

ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဉက္ကဌ ဦးမင်းခိုင်က ပြောသည်။

    အဆိုပါ ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ပါက ပြောင်းကုန်သွယ်မှုဆောင်ရွက်ရာတွင် အရောင်းအဝယ်ကိစ္စရပ်များ မှန်ကန်မှုရှိစေရေးနှင့် ပိုမိုအဆင်ပြေလွယ်ကူမှုရှိစေရေးတို့အတွက် များစွာအထောက်အကူဖြစ်လာမည်ဖြစ်သည်။

ပြောင်းကုန်စည်ဒိုင်သာ ဖွင့်လှစ်နိုင်သွားမယ်ဆိုရင် စနစ်တကျ ရောင်းစရာနေရာရှိသွားမယ်။ ရန်ကုန်မှာရှိတဲ့ ကုန်စည်ဒိုင်တွေလိုမျိုး ရောင်းချင်တဲ့သူက ပစ္စည်းတွေပြထားမယ်။ ဝယ်ချင်တဲ့သူက ဒီနေရာမှာလာဝယ်မယ်။ ဝယ်ယူမယ့် ပြည်ပကုန်သည် ကိုယ်စားလှယ်အားလုံးလည်း ဒီနေရာမှာ လာဝယ်ကြရမယ်။ ပြည်တွင်းက ရောင်းမယ့် ပြောင်းကုန်သည်တွေကလည်း ဒီကိုလာမယ်။ အဲ့ဒီတော့ ရောင်းသူနဲ့ဝယ်သူကြားမှာ ဈေးနှုန်းက မှန်မှန်ကန်ကန်ရသွားမယ်။ ငွေရေးကြေးရေးအပိုင်းတွေမှာလည်း စိတ်ချရမယ်။ ကုန်သည်ကြီးတွေ အလိမ်ခံရတာမျိုးလည်း မဖြစ်နိုင်တော့ဘူးပေါ့။

ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာ့အစေ့ထုတ်ပြောင်းများကို ထိုင်းနိုင်ငံသို့ အခွန် ကင်းလွတ်ခွင့်ဖြင့် စတင်တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

2
ညီညီ

ညီညီ

လွန်ခဲ့သော ၅ နှစ် က

ပြောင်းဈေးကွက်ရရှိရင် ရောင်းဝယ်ဖောက်ကားတဲ့စနစ်ကလည်း တောင်သူများကောင်းစွာသိမြင် သဘောပေါက်ဖို့လိုပါတယ်။ အဘယ်သို့ ထုပ်ပိုးသိမ်းဆည်းရောင်ဝယ်ဖောက်ကားပြီး။ဘယ်လိုဆက်သွယ်ရောင်ဝယ်ကြသလဲဆိုတာလည်း အထူးရှင်းလင်းချက်တွေလိုအပ်ပါတယ်။

ဟိန်းလတ်

ဟိန်းလတ်

လွန်ခဲ့သော ၅ နှစ် က

👍👍

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။