တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၄- ၈.၈. ၂၀၂၅)
မတ်ပဲ
မတ်ပဲကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းအေးပြီး တစ်တန်ကို သိန်း ၃၀ အထက်ကိုမှာပဲဆက်ရှိနေပါတယ်။ အရင်အပတ်ကထက် တစ်တန်ကို ၆၀၀၀ လောက်သာအကျပြပါတယ်။
မတ်ပဲက အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ ဒီနှစ်မှာ အိန္ဒိယက မြန်မာ့မတ်ပဲကို ဝယ်လိုအားနည်းတာကြောင့် စျေးကွက်အေးနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာမှ သောကြာနေ့အတွင်း ၃၀၀၇၀၀၀ မှ ၃၀၂၄၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။
အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာမှ သောကြာနေ့အတွင်း ၃၀၀၉၀၀၀ မှ ၃၀၃၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ တစ်တန်ကို ၂၀၀၀ မှ ၆၀၀၀ လောက်အကျပြ ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ အခုတစ်ပတ်မှာ စျေးတန်းကျဆင်းသွားပါတယ်။ တစ်တန်ကို ၄၀၀၀၀ လောက်ကျပါတယ်။ ပဲစဥ်းငုံက ပြည်တွင်းမှာ ပစ္စည်းလက်ကျန် နည်းလာပေမယ့်လည်း စျေးကွက်က တက်မလာတဲ့အပြင် အကျဘက်ကိုသာ ရောက်ရောက်လာပါတယ်။ ပဲစင်းငုံကလည်း မတ်ပဲနည်းတူပါပဲ။ အိန္ဒိယဝယ်လိုအားကောင်းမှ စျေးတန်းအတက်ပြပြီး အဝယ်အေးတဲ့အခါ အကျစျေးတန်းမှာပဲ ရှိနေတတ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၅၅၀၀၀ မှ ၂၇၈၅၀၀၀ ကျပ်ရှိပါတယ်။
အရင်တစ်ပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၇၉၈၀၀၀ မှ ၂၈၂၀၀၀၀ ကျပ်ရှိခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက လက်ရှိပြည်တွင်း စျေးကွက်က တစ်ပိဿာကို ၅၀ မှ ၁၀၀ ကျပ်လောက်အတက်ပြလာပြီး ရန်ကုန်စျေးကွက်မှာ အရောင်း အဝယ်သွက်လာနေတယ်လို့ ကုန်သည်နဲ့ ပွဲရုံတွေဆီကသိရပါတယ်။
ကုန်သည် ဝယ်လက်တွေက အရည်အသွေးကောင်းတဲ့ ကြက်သွန်ကို ဝယ်ယူမှုများပြားသလို အရည်အသွေးညံ့တဲ့ ကြက်သွန်ကလည်း စျေးအလိုက် အရောင်း အဝယ်ရှိနေတယ်လို့သိရပါတယ်။ တောင်သူတွေသာ ကြက်သွန်ကိုထိန်းပြီး ရောင်းနိုင်ပါက ယခုစျေးတန်းအောက်ထပ်မကျနိုင်ဘဲ အတက်ဘက်သာဦးတည်နိုင်တယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မုံရွာကြက်သွန်က ၈၅၀ မှ ၁၇၀၀ ကျပ်၊ ဆိပ်ဖြူက ၈၅၀ မှ ၁၇၀၀ ကျပ်၊ မြင်းခြံက ၆၀၀ မှ ၁၆၅၀ ကျပ်၊ ရွှေဘိုကြက်သွန်က ၁၁၀၀ မှ ၁၇၀၀ ကျပ်သာ စျေးဖွင့်ထားပါတယ်။

ပြောင်း
ပြောင်းကတော့ ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကာလ ကုန်ဆုံးချိန်နီးကပ်လာမှုနဲ့အတူ စျေးထပ်မကျတော့ဘဲ အရင်တစ်ပတ်ကဖြစ်ပေါ်ခဲ့တဲ့အကျစျေးတန်းမှာပဲ ငြိမ်နေတာတွေ့ရပါတယ်။ လက်ရှိမှာ မြန်မာ့ပြောင်းကို ထိုင်းက ဝယ်လိုအားရှိပေမယ့်လည်း ပြောင်းပေးစျေးနည်းတာကြောင့် မြန်မာ့ပြောင်းစျေးကျနေတာဖြစ်ပါတယ်။ စျေးကျပေမယ့် ပြည်တွင်းမှာဝယ်လိုအားရှိပြီး ပြောင်းသန့်ပါက အရောင်းအဝယ်သွက် နေပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ယခုတပတ် ပြောင်းတစ်ပိဿာကို ၁၆၃၀ မှ ၁၆၅၀ ကျပ်သာရှိပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ပြောင်း (cp) နဲ့ ပြောင်း ( ရှမ်း) တစ်အိတ်ကို ၈၄၀၀၀ မှ ၈၆၀၀၀ ကျပ်သာရှိပါတယ်။ အရင်တစ်ပတ်ကထက်တစ်အိတ်ကို ၁၀၀၀ ကျပ်နှုန်း ကျဆင်းပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ရဲမောင်
လွန်ခဲ့သော ၁ နှစ် ကဘိုစားပဲသီး
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026