အရည်အသွေးကောင်းပြီး အထွက်နှုန်းမြင့်သည့် သီးနှံစိုက်ခင်းများကို ရရှိစေသည့် ဇီဝမြေဩဇာဆိုသည်
ဇီဝမြေဩဇာများ (Biofertilizers) သည် အပင်များ၏ ဇီဝထုထည် (အပင်အစိတ်အပိုင်း) နှင့် အထွက်နှုန်း ကို တိုးမြှင့်ပေးနိုင်ပြီး၊ အပင်ကြီးထွားမှုကို ပံ့ပိုးပေးသော လုပ်ဆောင်ချက်များနှင့် အပင်အမြစ် ဝန်းကျင် မြေဆီလွှာ၏ ဆောင်ရွက်မှုတို့ကို တိုးတက်ကောင်းမွန်စေပါသည်။ ၎င်းတွင် ဖော့စဖရပ်ကို ရွေ့လျားအသုံးပြုနိုင်စေရန် ကူညီပေးခြင်း၊ နိုက်ထရိုဂျင်ဖမ်းယူခြင်း၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် အနည်းလိုအာဟာရဓာတ်များ ကို ပျော်ဝင်လွယ်ကူစေခြင်း၊ မြေဆီလွှာရှိ အော်ဂဲနစ်ပစ္စည်းများ လျော့နည်းပျက်စီးမှုကို ကာကွယ်ခြင်း၊ အပင်ကြီးထွားမှုကို မြှင့်တင်ပေးခြင်းနှင့် သဘာဝမြေတွင်း အကျိုးပြုပိုးကောင်များကို ထိန်းသိမ်းပေးခြင်းတို့ ပါဝင်သည်။
လေထုအတွင်းရှိ နိုက်ထရိုဂျင်ကို ဘက်တီးရီးယား၊ မှို၊ ရေညှိ စသည့် အဏုဇီဝပိုးများ၏ လုပ်ဆောင်ချက်ဖြင့် နိုက်ထရိတ် (nitrate) နှင့် နိုက်ထရိုက် (nitrite) အဖြစ် ပြောင်းလဲပေးသည့် လုပ်ငန်းစဉ်ကို ဇီဝနိုက်ထရိုဂျင်ဖမ်းယူခြင်း (Biological Fixation) ဟု ခေါ်ပြီး နိုက်ထရိုဂျင်အား ပြောင်းလဲပေးနိုင်သည့် အဏုဇီဝပိုးများကို အသုံးချ၍ ဇီဝမြေဩဇာ အဖြစ်ထုတ်လုပ်ကာ အင်အော်ဂဲနစ် ဓာတုဓါတ်မြေဩဇာများ အစား အသုံးပြုလာနေကြသည် ဖြစ်ပါသည်။
ဤဇီဝမြေဩဇာ အဏုဇီဝပိုးများသည် အပင်အမြစ်ဝန်းကျင် မြေဆီလွှာ (rhizosphere) အတွင်းရှိ နိုက်ထရိုဂျင်သိုလှောင်မှုကို ထိန်းသိမ်းပေးပြီး အရည်အသွေးကောင်းမွန်သော အထွက်နှုန်းမြင့် ကျန်းမာသန်စွမ်းသော သီးနှံများကို ရရှိစေပါသည်။
ဤအဏုဇီဝပိုးများကို အောက်ပါအတိုင်း အုပ်စုအမျိုးမျိုးဖြင့် ခွဲခြားထားသည်။
လွတ်လပ်စွာနေထိုင်သော အဏုဇီဝပိုးများ (Free-living) - Azotobacter
အပင်နှင့် ဆက်စပ်နေထိုင်သော အဏုဇီဝပိုးများ (Associative) – Azospirillum, cyanobacteria
အပြန်အလှန်အကျိုးပြု နိုက်ထရိုဂျင်ဖမ်းယူ အဏုဇီဝပိုးများ (Symbiotic nitrogen fixers) - Rhizobium, Frankia နှင့် Azolla

ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဇီဝမြေဩဇာ (Bio-fertilizers) များ အသုံးပြုရေးတွင် ချမှတ်သင့်သည့် မဟာဗျူဟာများ
(၁) မျိုးကွဲများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ဇီဝနည်းပညာဆိုင်ရာ နည်းစနစ်များကို အသုံးပြုခြင်း။
(၂) စိုက်ပျိုးရေးရာသီဥတု အခြေအနေ တူညီသောနိုင်ငံများကြား ဇီဝမျိုးစိတ်များ ဖလှယ်ခြင်း၊ သီးနှံအမျိုးအစားတစ်ခုချင်းအတွက် အကောင်းဆုံးမျိုးကွဲများကို ရွေးချယ်နိုင်ရန် ၎င်းတို့၏ စွမ်းဆောင် ရည်ကို အကဲဖြတ်ခြင်းနှင့် သိုလှောင်စဉ်အတွင်း ဖြစ်ပေါ်နိုင်သော သဘာဝမျိုးဗီဇပြောင်းလဲမှုများ ကို ရှောင်ရှားနိုင်ရန် စောင့်ကြည့်စစ်ဆေးခြင်း။
(၃) ဇီဝဆေးများ အားလုံးအတွက် အစေ့ပုံစံ သို့မဟုတ် အရည်ပုံစံကဲ့သို့သော သင့်တော်သည့် ဖော်မြူလာအသစ်များကို ဖော်ထုတ်ခြင်း၊ ၎င်းအတွက် မွေးမြူသော အာဟာရပြင်၊ ပိုးများထည့်သွင်း သော နည်းလမ်းကို အလွယ်တကူသယ်ယူဆောင်ရွက်နိုင်သော နည်းစနစ်များအဖြစ်သို့ ပြောင်းလဲ စံသတ်မှတ်ခြင်း။
(၄) ထုတ်လုပ်ရေးယူနစ်များကို အဏုဇီဝဗေဒပညာရှင်များ၏ ကြီးကြပ်ထိန်းသိမ်းမှုနှင့် စောင့်ကြည့်မှု အောက်တွင် လည်ပတ်စေခြင်း။
(၅) ထုတ်လုပ်ရေးယူနစ်များတွင် အအေးခန်းသိုလှောင်ရေး စနစ်များကို ဖွံ့ဖြိုးတည်ဆောက်ခြင်း။
(၆) ဇီဝထုတ်လုပ်သူများအား ထုတ်လုပ်မှုနည်းပညာ၊ အရည်အသွေးထိန်းချုပ်မှု၊ နည်းပညာဆိုင်ရာ အကြံပေးဝန်ဆောင်မှုများနှင့် စီမံကိန်းဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း။
(၇) လူမှုမီဒီယာများ၊ သတင်းစာများ၊ ထုတ်ဝေစာစောင်များ၊ သတင်းလွှာများ စသည်တို့မှတစ်ဆင့် ဇီဝမြေဩဇာနှင့်ပတ်သက်သော အသိပညာနှင့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်း။
Reference
Dinesh Kumar, Raj Pal Singh Dalal, and Indu Arora, 2022. Bio-fertilizers a Future Prospect Towards Sustainable Agricultural Development, S. S. Mahdi, R. Singh (eds.), Innovative Approaches for Sustainable Development, https://doi.org/10.1007/978-3-030-90549-1_5
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
သက်တမ်း42ရက်သား အပင်စောစော မကျစေရန်နှင့် အပွင့်များထပ်ပွင့်အောင် ဆေးလိုက်လို့ရသေးလား ဆရာတို့အသီးအရမ်းနည်းလို့ တချို့က7တောင့်လေက်ပဲရှိလို့ မိုခါမျိုးပါဆရာတို့
Hlaing Min Tun • ဖြေကြားချက် 2 ခု
မတ်ပဲအပွင့်လိုက်တဲ့အချိန်မှာငါးအမိုင်နိုဖျန်းရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်လည်းခဗျ ဆိုးကျိုးရောရှိနိုင်လားခဗျ🙏🙏🙏
Nay Min Htet • ဖြေကြားချက် 2 ခု
မြေပဲ ပိုဥပြီးပိုထွက်အောင် ဘာအားဆေးတွေ သုံးသင့်လဲ လမ်းညွှန်ပေးကြပါဦးဗျ၊....
Ye Yint Aung • ဖြေကြားချက် 1 ခု
ဟူမစ်အက်စစ်ကနယ်မှာဝယ်မရဘူးသူ့အစားသူနဲ့အလါးတူအာနိသင်တူတာဘါရှိသလဲခင်ဗျား သူကအပင်အတွက်ဘာအရေးပါသလဲသိခြင်ပါတယ်
tin shwe • ဖြေကြားချက် 2 ခု
နွားသေးကိုအချဉ်ဖောက်ပီးသုံးရသလားဆရာ စပါးအတွက်ပါ ဖုန်းတုံးလုံးတုံးအချိန်သုံးရပါသလားဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းပြည်ထွက် ကုန်စိမ်းများ ဈေးတက်နေ
19/11/2026
ဝက်ခြံဖမ်းဈေး ကျဆင်းသော်လည်း အသားဈေး ကျပ် ၃၀,၀၀၀ အထက်တွင် ရှိနေ
18/11/2026
ဓာတ်မြေဩဇာ အသုံးပြုမှုကို လျှော့ချပေးနိုင်သော အထူးပြုပြင်ထားသည့် ဘက်တီးရီးယားများ
18/11/2026
နိုဝင်ဘာ ၁၈ မှ ၂၄ ရက်အတွင်း ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ
17/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၇)
17/11/2026
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ?
28/10/2026
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025