မြေပဲ၊ ပဲတီစိမ်း၊ ပြောင်းကစျေးတက်လာပြီး မတ်ပဲနဲ့ပဲစဥ်းငုံက စျေးတန်းထပ်ကျဆင်း
“ အခုတစ်ပတ်မှာ မြေပဲ၊ ပဲတီစိမ်း၊ ပြောင်းကစျေးတက်လာပြီး မတ်ပဲနဲ့ပဲစဥ်းငုံက စျေးတန်းထပ်ကျဆင်းလာပါတယ်”
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ခုတစ်ပတ်မှာလည်း စျေးတွေဆက်တိုက်ထပ်မံမြင့်တက်လာပါတယ်။
ခရမ်းရွှေဝါနဲ့ ပဲခူးရွှေဝါက ဆောင်းရာသီစိုက်ပျိုးမှုစတင်ချိန်ဖြစ်လို့မျိုးဝယ်ယူသူတွေရှိတာကြောင့် စျေးတက်ပြီး မိုးပဲတီစိမ်းအညာအသစ်တွေကတော့စျေးကွက်ထဲဝင်ရောက်နေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၃၀၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၁၃၀ ကျပ်၊ ပဲတီစိမ်းအညာကတစ်ပိဿာ ကို ၄၅၈၀ မှ ၄၆၀၀ ကျပ်၊ ဝါးခယ်မ FAQ က ၄၅၅၀ မှ ၄၅၇၀ကြားရှိပြီးအရင်တပတ်ကထက် တစ်ပိဿာကို ၅၀ မှ ၈၀ ကျပ်လောက် ထပ်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၀၀၀၀၀ ကျပ်ရှိနေပါတယ်။
ပြောင်း
ပြောင်းဆံစျေးကတော့ ခုတပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြောင်းဆံကို ပြည်ပကဝယ်လိုအားကောင်းနေတာကြောင့် စျေးတန်းဆက်တိုက်မြင့်တက်လာနေတာဖြစ်ပါတယ်။ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ဝယ်ယူမှုရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၀၀ မှ ၁၆၂၀ ကျပ်ရှိပြီး တစ်ပိဿာ ၅၀ ကျပ်ထပ်တက်လာတာဖြစ် ပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်တပတ်ကထက် ၃၀၀၀ ကျပ်ထပ် တက်လာပါတယ်။
မြေပဲ
မြေပဲကတော့ ပြည်ပဝယ်လိုအားနဲ့ တရုတ်ယွမ်ငွေစျေးတက်လာလို့ စျေးတန်းအတက်ဘက် ပိုရောက်လာပါတယ်။ မြေပဲအသစ်တွေ လည်း စျေးကွက်ထဲဝင်ရောက်နေပြီး ဆီစက်တွေအကြော်စုံလုပ်ငန်းတွေကလည်းဝယ်လိုအားရှိနေပါတယ်။
မန္တလေးစျေးကွက်မှာ S1 လုံးဆံက ၈၅၀၀ မှ ၈၇၀၀ ကျပ်၊ မြေပဲအနီလုံးဆံက ၈၇၀၀ မှ ၈၉၅၀ ကျပ်၊ S1 ဆီဆံက ၈၂၀၀ မှ ၈၅၀၀ ကျပ်၊ S1 လုံးဆံသစ်က ၈၅၀၀ မှ ၈၇၀၀ ကျပ်၊ Mတွဲလုံးဆံက ၈၇၀၀ မှ ၈၉၀၀ ကျပ်ရှိနေပါတယ်။ ဒါကြောင့် မြေပဲဆံစျေးကွက်က အရင်တပတ်နဲ့ယှဥ်ရင် တစ်ပိဿာကို အမျိုးအစားနဲ့အရည်အသွေးပေါ်လိုက်ပြီး ၁၀၀ မှ ၃၀၀ ကျပ်ဝန်းကျင်လောက် စျေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲစျေးကွက်ကတော့ ခုတပတ်မှာလည်းဆက်တိုက်ဆိုသလို စျေးတန်းထပ်ကျဆင်းလာပါတယ်။ အိန္ဒိယနိုင်ငံမှာ မတ်ပဲပေါ်တဲ့ကာလဖြစ်လို့ မတ်ပဲဝယ်ယူမှုကျဆင်းသွားသလို နိုင်ငံခြားငွေစျေးလည်းကျလာတာကြောင့် မတ်ပဲစျေးဆက်တိုက်ကျလာနေတာဖြစ်ပါတယ်။
ခုတပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို တနင်္လါနေ့ ၃၅၄၀၀၀၀၊ အင်္ဂါနေ့မှာ ၃၅၀၀၀၀၀၊ ဗုဒ္ဓဟူးမှာ ၃၄၈၇၀၀၀ ၊ ကြာသပတေး ၃၄၅၀၀၀၀ကျပ်နဲ့ သောကြာနေ့မှာ ၃၄၆၇၀၀၀ ကျပ်သာရှိပါတယ်။ အရင်တစ်ပတ်ကထက် မတ်ပဲ တစ်တန်ကို အများဆုံး ၂သိန်းလောက်အထိ စျေးထပ်ကျပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲက ပိဿာ ၆၀ တစ်အိတ်ကို အဟောင်းက ၃၂၀၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က ၂၆၀၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိလို့ ၅၀၀၀ ကျပ်ပြန်ကျပါတယ်။
ပဲစဥ်းငုံ
ပဲစဥ်းငုံကလည်း မတ်ပဲနည်းတူ အိန္ဒိယနိုင်ငံက ဝယ်လိုအားကျဆင်းနေတာကြောင့် စျေးကွက်ဆက်တိုက်ကျဆင်းလာပါတယ်။ ပဲစဥ်းငုံအသစ်တွေစျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့်လည်းစျေးက ကျလာနေတာဖြစ်ပါတယ်။
ခုတပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လာနေ့မှာ ၃၈၁၇၀၀၀၊ အင်္ဂါနေ့မှာ ၃၇၀၀၀၀၀၊ ဗုဒ္ဓဟူး ၃၆၅၀၀၀၀ ၊ကြာသပတေးမှာ ၃၅၅၀၀၀၀ နဲ့သောကြာနေ့မှာ ၃၅၆၅၀၀၀ ကျပ်ရှိလို့ အရင်တပတ်နဲ့ယှဥ်ရင် တစ်တန်ကိုအမြင့်ဆုံး ၄ သိန်းဝန်းကျင်စျေး ကျဆင်းတာဖြစ်ပါတယ်။
မန္တလေးစျေးကွက်မှာတော့ ခုတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဒေါ်သီသဖိဆွေ
လွန်ခဲ့သော ၁ နှစ် ကyes
ဒေါ်သီသဖိဆွေ
လွန်ခဲ့သော ၁ နှစ် ကစပါးပဲတီစိမ်း
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....