တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၁၀ - ၁၄.၃ ၂၀၂၅)
ကြက်သွန်ဖြူ
တရုတ်ကနေတင်သွင်းနေတဲ့ ကြက်သွန်ဖြူ(ကြူကုတ်)က စျေးတန်းငြိမ်နေပြီး ရှမ်းကြက်သွန်တွေက စျေးကျလာပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြူကုတ်ကြက်သွန်ဖြူတွေလည်းဝင်ရောက်နေသလို ရှမ်းဒေသထွက်ကြက်သွန်ဖြူတွေလည်း ဝင်ရောက်မှုရှိပြီး မန္တလေးဒေသထွက် မြန်မာကြက်သွန်ဖြူတွေလည်း ဝင်ရောက်နေပါတယ်။ အရောင်းအဝယ်တော့သွက်နေတယ်လို့ သိရပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို ၁၂၅၀၀ မှ ၁၃၀၀၀ ကျပ်စျေးရှိပြီး ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး ၂ က ၅၅၀၀၊ ထူး ၃ က ၆၀၀၀၊ ထူး ၄ က ၆၅၀၀၊ ထူး ၅ က ၇၀၀၀ ကျပ်ရှိပါတယ်။ တစ်ပိဿာကို ၂၀၀၀ မှ ၃၅၀၀ ကျပ်စျေးကျပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကလည်း ရန်ကုန် ဘုရင့်နောင်ကို ကားအစီးရေဝင်ရောက်မှုများတာကြောင့် စျေးတန်းအနည်းငယ်ချရောင်းနေရတယ်လို့သိရပါတယ်။
သောကြာနေ့မှာဆိုရင် မိုးကြက်သွန်ကားအစီးရေ ၅၁ စီးအထိဝင်ရောက်ခဲ့ပါတယ်။ စျေးတန်းအငုတ်နဲ့ ရောင်းရပေမယ့် အရောင်းအဝယ်က ပုံမှန်ပဲရှိတယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ သောကြာနေ့က ဆိပ်ဖြူ ကြက်သွန်နီက အကြီးအသေးအရွယ်အစားအလိုက် တစ်ပိဿာကို ၁၆၀၀ မှ ၂၁၀၀ ကျပ်၊ မြစ်သားကြက်သွန်နီက ၂၀၀၀ မှ ၂၈၀၀ ကျပ်စျေးရှိပါတယ်။
အာလူး
အာလူးကတော့ စျေးကွက်ထဲမှာ တရုတ်အာလူးရော ရှမ်းအာလူးပါ ဝင်ရောက်မှုရှိနေပြီး စျေးငြိမ်နေပါတယ်။ အရောင်းအဝယ်လည်းပုံမှန်ရှိနေပါတယ်။
ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၃၀၀၀ မှ ၄၀၀၀ ကျပ်ရှိပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာလည်း မျက်နီ S1/ OK က ၃၈၀၀ ကျပ်၊ မျက်နီ OK က ၃၃၀၀ ကျပ်၊ မျက်နီ A1 က ၃၀၀၀ ကျပ်၊ A1ဆွဲမျက်နီက ၂၅၀၀ ကျပ် ရှိပြီးလုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၄၀၀၀ မှ ၅၀၀၀ ကျပ်စျေးရှိနေပါတယ်။

ဂျင်း
ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတဲ့အတွက် စျေးမတက်ဘဲ အကျစျေးတန်းမှာပဲငြိမ်နေပါတယ်။ ဂျင်းတက်က ပြည်တွင်း စျေးကွက်ကိုပဲမှီခိုရောင်းချနေရတာဖြစ်တယ်လို့သိရပါတယ်။
ဂျင်းတက်စျေးကွက်က အရည်အသွေးကောင်းရင်ကောင်းသလို၊ အခက်လှရင်လှသလို ပွဲစားစျေးဖြတ်တဲ့အပေါ်မူတည်ပြီး စျေးကွာခြားမှု ရှိနေပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီအကြီး တစ်ပိဿာကိုမှ ၃၀၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၂၅၀၀ ကျပ်စျေးပေါက်ပါတယ်။
ခရမ်းချဥ်သီး
ခရမ်းချဥ်သီးကတော့ စျေးဆက်တိုက်ကျလာပြီး လက်လီစျေးကွက်မှာ တစ်ပိဿာကို ၆၀၀ ကျပ်အထိ ကျဆင်းလာနေပါတယ်။
ရှမ်းပြည်နယ်အပါအဝင် နယ်ဒေသအစုံမှာ ခရမ်းချဥ်သီးတွေပေါ်ပြီး စျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့် စျေးကျဆင်းလာတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၁၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၈၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာ ၆၀၀ ကျပ်သာရှိပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....