သခွားသီးပင်ကို ကုန်ကျစရိတ်လျော့ချသည့် အပ်ချည်ကြိုးတန်းစနစ်ဖြင့် စိုက်ပျိုးလာကြ
သခွားသီးပင် စီးပွားဖြစ်စိုက်ပျိုးရာတွင် စိုက်ပျိုးကုန်ကျစရိတ်လျော့ချပြီး လွယ်ကူရိုးရှင်းသည့် အပ်ချည်ကြိုးတန်းစနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးလာကြကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။
သခွားပင်စိုက်ပျိုးတဲ့အခါ အပင်(၃)ပင်ကျော်မှာ တိုင်တစ်တိုင်ထောင်တယ်။ အပင် (၁၀၀၀) စိုက်မယ်ဆိုရင် တိုင် (၃၀၀) ကျော် လိုမယ်။ ကျွန်တော်တို့သုံးတာတော့ အင်္ကျီချုပ်တဲ့အပ်ချည်ကြိုး ဆိုဒ်ကြီးတွေကို သုံးပြီး စိုက်ပျိုးလာကြတယ်။ အပ်ချည်ကြိုးက တစ်လုံးကိုမှ (၁၄၀၀) ကျပ်ပဲ ပေးရတယ်။ အပ်ချည်ကြိုးတစ်လုံးကို အပင်ရေ (၃၀၀)အထိ ကြိုးတန်းလို့ရပါတယ်။ ကုန်ကျစရိတ်က တအားကြီး သက်သာသွားပြီလေ။
ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာမှ သခွားသီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူ ကိုဟန်ဇော်သက် က ပြောသည်။
သခွားသီးပင်စိုက်ပျိုးရာတွင် အချို့တောင်သူများမှာ တိုင်တစ်တိုင်လျှင် အပင်တစ်ပင်နှုန်း၊ အချို့တောင်သူများမှာ တိုင်တစ်တိုင်လျှင် အပင်(၃)ပင်နှုန်း၊ အချို့မှာလည်း တန်းများစွာအသုံးပြုသည့်နည်းစနစ်ဖြင့် စိုက်ပျိုးကြကာ၊ အချို့တောင်သူများကလည်း ပိုက်ဇကာငယ်များကိုအသုံးပြု၍ စိုက်ပျိုးလေ့ရှိကြသည်။
ကျွန်တော်တို့စိုက်ပျိုးနေတဲ့ နည်းစနစ်ဖြစ်တဲ့ သခွားပင်ကို အပ်ချည်ကြိုးနဲ့ထိန်းပြီး စိုက်ပျိုးတာက ခိုင်ပါ့မလားလို့ ထင်စရာတော့ ရှိတယ်။ တကယ်တော့ သခွားပင်ရဲ့နွယ်လေးတွေ အပေါ်ကိုတက်သွားနိုင်ဖို့အတွက် အပ်ချည်က လှေကားထစ်လေး သက်သက် ခဏလုပ်ပေးရုံပါပဲ။ သခွားပင်(၃)ပင်ကြား တစ်နေရာတိုင်းကို တိုင်တစ်တိုင် စိုက်တယ်။ အပေါ်ကနေ (၅)ပေ အမြင့်လောက်မှာ ဝါးခြမ်းနဲ့ တန်းလုပ်လိုက်တယ်။ တိုင်အောက်ခြေကနေ အပေါ်ကို (၆)လက်မလောက်အမြင့်နားမှာ နိုင်လွန်ကြိုးနဲ့ တန်းတစ်တန်း လုပ်လိုက်တယ်။ အဲ့ဒိအပေါ်က ဝါးခြမ်းတန်းနဲ့ အောက်က နိုင်လွန်ကြိုးတန်းကိုမှ အလယ်ခေါင်ကနေ အပ်ချည်ကြိုး(ဆိုဒ်ကြီး)တွေနဲ့ တိုင်လေးတွေ လှမ်းခတ်ချည်ပြီး စိုက်ပျိုးတဲ့စနစ်ပါ။ အပ်ချည်ကြိုး တစ်ကြိုးနဲ့ တစ်ကြိုးကြားမှာတော့ (၅)လက်မ/ (၆)လက်မလောက် ခြားလို့ရပါတယ်။
ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။
သခွားသီးပင်စိုက်ပျိုးရေးသည် ဈေးကွက်မပြတ်လပ် ကောင်းမွန်နေသော်လည်း စိုက်ပျိုးသူနည်းပါးနေသေးပြီး အများဆုံးပမာဏအားဖြင့် တစ်ဧကဝန်းကျင်သာ စိုက်ပျိုးလေ့ရှိကြကြောင်း သိရသည်။
သခွားသီးပင်ကို အပ်ချည်ကြိုး(ဆိုဒ်ကြီး)ဖြင့် ထိန်း၍ ကြိုးတန်းစိုက်ပျိုးသည့်စနစ်သည် ခေတ်မီပြီး ကုန်ကျစရိတ်လျော့ချရာရောက်သည့် စိုက်ပျိုးနည်းစနစ်တစ်မျိုးဖြစ်ကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....