အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကုန်သည်ပွဲစားများ၏ ဈေးကွက်ကစားမှုကြောင့် သံပုရာသီးဈေးနှုန်းများ အဆမတန်ကျဆင်း

ကုန်သည်ပွဲစားများ၏ ဈေးကွက်ကစားမှုကြောင့် သံပုရာသီးဈေးနှုန်းများ အဆမတန်ကျဆင်း

    ကုန်သည်ပွဲစားများ၏ ဈေးကွက်ကစားမှုကြောင့် သံပုရာသီးဈေးနှုန်းများ အဆမတန်ကျဆင်းနေကြောင်း သီးနှံဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

လက်ရှိသံပုရာသီးဈေးကွက်ကတော့ အခြေအနေမကောင်းဘူးပေါ့။ ရန်ကုန်၊ သီရိမင်္ဂလာဈေးနဲ့ တခြားနေရာကပွဲစားတွေ သပ်သပ်မဲ့ ဈေးကစားလိုက်တာကြောင့်လည်း ပါတယ်။ သူတို့ပွဲစားချင်းက ချိတ်ဆက်ပြီး ဈေးညှိထားကြတယ်။ သက်ဆိုင်ရာ ဒေသအသီးသီးကတောင်သူတွေကို အကြောင်းပြပြီး အသီးတွေကို ပြိုင်ခူးခိုင်းတယ်။ နယ်ပေါင်းစုံက တောင်သူတွေက တပြိုင်နက်တည်း တင်ပို့ကြတော့ အသီးတွေ ဈေးကွက်ထဲပုံသွားတယ်။ အဲ့ဒီအခါကျတော့ ဈေးတွေက ကမောက်ကမ အကုန်ဖြစ်သွားတယ်။ ပွဲစားတွေပေးတဲ့ဈေးနဲ့ပဲ ဈေးဖြတ်ခံရတော့တာပေါ့။

ဟု ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ သံပုရာသီးရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုစိုးကြီးက ပြောသည်။

    မြန်မာနိုင်ငံတွင် သံပုရာပင် စီးပွားဖြစ်စိုက်ပျိုးရေးကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့၌ အဓိကစိုက်ပျိုးထုတ်လုပ်နေပြီး၊ ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချနေသည်။

    နှစ်စဉ် မတ်လ၊ ဧပြီလတို့၌ သံပုရာသီးဈေးများ မြင့်တက်လာပြီး၊ ဧပြီလကျော်လာပြီးသည့်နောက် သံပုရာသီးဈေး ပြန်ကျသွားတတ်သည်။ အသီးထွက်နှုန်းများသည့် မိုးရာသီ ဇွန်လ၊ ဇူလိုင်လများတွင်မူ သံပုရာသီးဈေးနှုန်းများ အနိမ့်ဆုံးဖြစ်သွားတတ်သည်။ 

သံပုရာစိုက်ပျိုးမှုများတဲ့နေရာတွေက ဧရာဝတီတိုင်းဆို ဖျာပုံ၊ ပဲခူးတိုင်းမှာဆို ပြည်၊ ကရင်ပြည်နယ်မှာ သံပုရာသီးအထွက်ဆုံးကတော့ ကြာအင်းဆိပ်ကြီးပါ။ အရင်နှစ်တွေက ဈေးကျချိန်မှာ ဒီနှစ်လောက်တော့ ဈေးမကျခဲ့ဘူး။ အခုလိုမျိုး ဈေးနဲ့ဆိုရင် တောင်သူတွေလည်း အသီးဆက်မခူးနိုင်တော့လောက်ပါဘူး။ အသီးခူး ရပ်ထားမှပဲရတော့မယ်။

ဟု ကိုစိုးကြီးက ဆက်လက်ပြောသည်။

    ယခင်နှစ်က သံပုရာသီးဈေးကျချိန်များတွင် အလုံးရေ (၂၅၀၀) ပါ သံပုရာသီးအိတ်တစ်အိတ်လျှင် အရွယ်အစား အကြီးအသေးပေါ်မူတည်၍ လက်ကားဈေး ကျပ် (၁၅၀၀၀) ဝန်းကျင်မှ (၃၅၀၀၀) ကျပ် အတွင်း ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် အလုံးရေ (၂၅၀၀) ပါ သံပုရာသီးအိတ်တစ်အိတ်လျှင် ကျပ် (၁၀၀၀၀) မှ (၂၀၀၀၀) ကျပ်ဝန်းကျင်အတွင်းသာ ဈေးရရှိကြောင်း သိရသည်။

    သံပုရာသီးကို အစိမ်းဈေးကွက်အပြင် Value Added (တန်ဖိုးမြှင့်ထုတ်ကုန်) အဖြစ် အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ပါက ဈေးကွက်သစ်များပေါ်ပေါက်လာနိုင်ပြီး၊ အသီးထွက်နှုန်းများသည့် ကာလများ၌ ဈေးကွက်ကျဆင်းခြင်းဒဏ်ကို ကာမိနိုင်မည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။

2
ကိုထွန်းမြတ်

ကိုထွန်းမြတ်

လွန်ခဲ့သော ၅ နှစ် က

တကယ်တော့ ခု လက်ရှိအခြေအနေ အရ ဈေးတွေမှာ ဝယ်သူအရမ်းနဲနေလို့ သံပုရာသီးရောင်းသူတွေ ရပ်ကွက်တွေထဲပါ ထမ်းပြီးလိုက်ရောင်း‌ေနကြရ ပါတယ် အဝယ်နဲလို့ ဈေးကျတာပါပဲ ကုန်သည်ပွဲစား ကြောင့် လို့ အပြစ်တင် မရပါဘူးဗျာ

Aungkokhant

Aungkokhant

လွန်ခဲ့သော ၅ နှစ် က

​ဒေသ​ပေါက်​စျေး ၁၅ ကျပ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 0 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။