အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အော်ဂဲနစ်စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်များ ဈေးကွက်ကောင်းမွန်နေ

အော်ဂဲနစ်စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်များ ဈေးကွက်ကောင်းမွန်နေ

    အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်များ ဈေးကွက်ကောင်းမွန်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူများထံမှ သိရသည်။

အခုဆိုရင် ကျွန်တော်တို့ဆီမှာတော့ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့သီးနှံတွေကို ဒေသတွင်း စားသုံးမှု များလာပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုစေတယ်ဆိုတာကို လူတော်တော်များများက နားလည်လက်ခံလာကြပြီ။ ပညာရှင်တွေ အဖွဲ့တွေကလည်း အော်ဂဲနစ်စနစ်နဲ့ သက်ဆိုင်ရာအကြောင်းတွေကို လူတွေသိရှိအောင် ပြောပြပေးကြတယ်ဆိုတော့လေ။ ခုနောက်ပိုင်း ဓာတုပိုးသတ်ဆေး ဓာတုမြေဩဇာတွေနဲ့ စိုက်ပျိုးထားတဲ့ ဟင်းရွက်တွေထက် အော်ဂဲနစ်နဲ့စိုက်ပျိုးထားတာကို ပိုစားသုံးလာကြပါတယ်။

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ ဦးထွန်းဝင်းက ပြောသည်။

    ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေဩဇာများကို အလွန်အကျွံ သုံးစွဲစိုက်ပျိုး၍၊ ရိတ်သိမ်းချိန်လွန်နည်းပညာများနှင့်အညီ စနစ်တကျမခူးဆွတ်ပါက စားသုံးသူများ၏ ကျန်းမာရေးကို အနည်းနှင့်အများဆိုသလို ထိခိုက်စေနိုင်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်တွေမှာ ဓာတုဓာတ်ကြွင်းတွေကျန်နေတဲ့အခါ စားသုံးသူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတယ်။ စိုက်ပျိုးထားတဲ့ မြေကြီးမှာလည်း ဓာတ်ကြွင်းတွေကျန်ခဲ့တယ်။ ဒါ့ကြောင့် မြေပျက်တာတို့၊ မြေအချဥ်ဓာတ်များတာတို့တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အော်ဂဲနစ်နဲ့စိုက်ပျိုးတာက ဓာတုနဲ့စိုက်ပျိုးတာလောက် အထွက်နှုန်းတော့ တအားမများပေမယ့်လည်း ကျန်းမာရေးအသိရှိတဲ့သူတွေ များလာတဲ့အတွက် ဈေးကွက်တော့ရှိလာပါတယ်။

ဟု ဦးထွန်းဝင်းက ဆက်လက်ပြောသည်။

    ကိုဗစ်-19 တတိယလှိုင်းကာလအတွင်း စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုစရိတ်များ အဆမတန်မြင့်တက်နေသည့်အတွက် တောင်သူများအနေဖြင့် သဘာဝပိုးနှင်ဆေး၊ ပိုးပြေးဆေးများနှင့် သဘာဝမြေဩဇာများကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲလာကြကြောင်းသိရှိရသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။