ပဲတီစိမ်းဓာတုဓာတ်ကြွင်းပါ၀င်မှုကို စက်ဖြင့်စစ်ဆေးပြီးမှသာ ၀ယ်ယူရန် ကုန်သည်များစီစဉ်နေ
စိုက်ပျိုးသူတောင်သူလယ်သမားများထံမှ ပဲတီစိမ်းကို ပိုးသတ်ဆေးအပါအ၀င် ဓာတုဓာတ်ကြွင်းပါ၀င်မှုအခြေအနေကို စက်ဖြင့်စစ်ဆေး ပြီးမှ ၀ယ်ယူရန် ကုန်သည်များက စီစဉ်နေကြောင်း သိရသည်။
တောင်သူလယ်သမားများထံမှ ပဲတီစိမ်းများ၀ယ်ယူရာတွင် ဓာတုဓာတ်ကြွင်းပါ၀င်မှု ရှိမရှိ စစ်ဆေးရန်အတွက် ဓာတ်ကြွင်းစစ်ဆေးသည့် စက်များကို ကုမ္ပဏီများက ၀ယ်ယူ အသုံးပြုရန်ပြင်ဆင်နေသည်။
ပဲတီစိမ်းတွင် ဓာတုဓာတ်ကြွင်းများလျှင် ဈေးရရှိရန်ခက်ခဲမည့်အခြေအနေမျိုးဖြစ်နေပြီး စိုက်ပျိုးချိန်မှစတင်ပြီး GAPစနစ်ကို ကောင်းစွာလိုက်နာဆောင်ရွက်ခဲ့ပါက အခွင့်အလမ်းကောင်းများရနိုင်မည့်ဟုလည်း တောင်သူတစ်ချို့က မျှော်လင့်နေကြသည်။
“ဓာတ်မြေဩဇာ သုံးစွဲတယ်ဆိုပေမယ့် သိုလှောင်တဲ့ အခါမှာကလည်း အရေးကြီးပါတယ်။ တချို့ကုန်သည်တွေက အတက်ဈေးကို စောင့်ပြီးရောင်းလိုက်..တောင်သူ ဈေးအကျချိန်ကို ကြိုဝယ်လိုက်နဲ့ဆိုတော့ ပိုးမတက်အောင်စသဖြင့် ထားရတာတွေလည်း ရှိတယ်။ တောင်သူတွေအနေနဲ့က ဓာတ်မြေဩဇာတွေ ဈေးမြင့်တော့ ချိန်ပြီး သုံးစွဲနေရတယ်”ဟု ခရမ်းဖက်မှ တောင်သူတစ်ဦးက ဆိုသည်။

ပဲတီစိမ်းတွင် ဓာတုဓာတ်ကြွင်းများ မြင့်မားစွာကျန်ရှိနေခြင်းက တောင်သူများမှာသာမက သိုလှောင်ရောင်းချသည့် ကုန်သည်များလည်း ဂရုစိုက်ရန်လိုအပ်သည်။ သိုလှောင်ထားချိန်တွင် အရည်အသွေးနှင့် ထိခိုက်ပျက်ဆီးမှုမရှိစေရန် ပိုးသတ်ဆေးအပါအ၀င် ဓာတုဆေးများသုံးစွဲမှုကိုဂရုစိုက်သင့်သည်ဟုတောင်သူအချို့ကပြောသည်။
မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာ၀တီနှင့် ရန်ကုန်တိုင်း၊ မွန် ၊ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးပြီး တစ်နိုင်ငံလုံး စိုက်ဧကစုစုပေါင်း ၂ဒသမ၈ သန်းကျော်ရှိသည်။ တစ်နှစ်ပဲတီစိမ်း တန်ချိန် ၁ဒသမ ၄ သန်းကျော်ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ၆၀ ရာခိုင်နှုန်းကျော် တင်ပို့ရောင်းချသည်။
ယခုနှစ် မိုးရာသီ နှောင်းပိုင်းတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် တရုတ်နိုင်ငံမှ ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ ကျော် ပြန်ပို့သည့်ဖြစ်စဉ်ဖြစ်ခဲ့သည်။ ထိုကဲ့သို့ ပိုးသတ်ဆေးဓာတ်ကြွင်းများသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်က မြန်မာ့ပဲတီစိမ်း ၀ယ်ယူမှုရပ်တန့်ခဲ့သည်။ ထို့နောက်နှစ်နိုင်ငံအစိုးရတာ၀န်ရှိသူများ ညှိနှိုင်းပြီးနောက် မြန်မာ့ပဲတီစိမ်းကို ပြန်လည်တင်သွင်းရန်ခွင့်ပြုပေးသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ကျော်ကျော်လင်း
လွန်ခဲ့သော ၈ လ ကဆွေးနွေးကြသည်
ကျော်ကျော်လင်း
လွန်ခဲ့သော ၈ လ ကကို လေးသိချင်ပါတယ်
သိန်းဇော်မင်း
လွန်ခဲ့သော ၈ လ ကြု
သိန်းဇော်မင်း
လွန်ခဲ့သော ၈ လ ကအမြစ်ပိုးကင်အတွက်ဘာဆေကောင်းလဲ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026