ဆည်ရေသောက်ဒေသမှတောင်သူများ ဆည်ရေအားနည်းချိန်တွင် စက်ဖြင့် ရေစုပ်တင်ရသည့်တွက် ကုန်ကျစရိတ်များပြားနေ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ဆည်ရေသောက်ဒေသမှတောင်သူများ ဆည်ရေအားနည်းချိန်တွင် စက်ဖြင့် ရေစုပ်တင်ရသည့်တွက် ကုန်ကျစရိတ်များပြားနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
သဖန်းဆိပ်မှ ဆည်ရေရရှိမှုအပေါ် အားပြုစိုက်ပျိုးနေကြသည့် ဆည်ရေသောက်ဒေသများမှ တောင်သူများမှာ ဆည်ရေရရှိမှုအားနည်းချိန်တွင် စက်ဖြင့် ရေတင်ရသည့်အတွက် စက်ဖိုးကုန်ကျခြင်း၊ ပိုးမွှားရောဂါကျရောက်မှုကြောင့် စိုးရိမ်ပူပန်ရခြင်းများကို မကြာခဏဆိုသလို ခံစားနေရခြင်းဖြစ်သည်။
ဆည်ရေလွှတ်ရမယ့်အချိန် နောက်ကျတော့လည်း ဆည်ရေရဖို့မျှော်နေရတယ်။ ရလာတဲ့ဆည်ရေက အားနည်းနေပြန်တော့လည်း ဆည်ရေရဖို့ ဆီဖိုးထပ်ကုန်ရတယ်။ မူး (ရေသွင်းလက်တံ) အပြည့် ရေရဖို့အတွက် စက်နဲ့တင်နေရတာပါ။ မူးကနေမှ ပြွန်ထဲရောက်၊ ပြွန်ကထွက်ရင် ဝါတာထဲရောက်၊ ဝါတာကနေမှ မြောင်းကနေတဆင့် လယ်ထဲကို ရေရောက်နိုင်တာပါ။ ရွှေဘိုကမှ ကျွန်တော်တို့ဘက်ကိုခွဲလွှတ်တဲ့ ဆည်မြောင်းကပေးတဲ့ရေက အားနည်းတော့ ရေတင်ရရတဲ့အတွက် ဆီဖိုးတွေ အပိုကုန်ကျနေတယ်။ စိုက်ပျိုးရေကို ငွေနဲ့ဆက်ဝယ်နေရသလို ဖြစ်နေပါတယ်။ ရေသွင်းလက်တံကနေသာ ရေအပြည့်လာရင် စက်နဲ့စုပ်တင်စရာ မလိုတော့ဘူးပေါ့။
ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမှ တောင်သူ ဦးလှဝင်းဆွေက ပြောသည်။
ယခုကာလသည် မိုးအကုန်-ဆောင်းဦးကာလဖြစ်သဖြင့် စပါးခင်းများအတွင်း ပိုးမွှားရောဂါကျရောက်မှု များပြားနေချိန်လည်း ဖြစ်သည်။
အခုလည်း ဖြုတ်တွေကျလို့ ဆေးဖိုးက ကုန်ဦးမှာ။ တောင်သူလယ်သမားဘဝ မလွယ်ပါဘူး။ တောင်သူတွေခမျာ ရာသီဥတုကြောင့်ပြောရမလား။ ဒီနှစ် အတော်ဆိုးနေပါတယ်။ စပါးခင်းတွေထဲမယ် ဖြုတ်ပိုးတွေလည်း ကျနေတယ်။ ရွက်ဖုံး၊ ရွက်ပုပ်ရောဂါနဲ့ ဘက်တီရီးယားရွက်ခြောက်ရောဂါတွေလည်း တွေ့နေရတယ်။ မဂျမ်းတော၊ ဧရာမင်း စတဲ့ စပါးခင်းတွေမှာ တွေ့နေရတာပါ။ ဧရာပဒေသာစိုက်ပျိုးတဲ့သူတွေလည်း ပိုးနဲ့ရောဂါတွေ့နေရပါတယ်။
ဟု ဦးလှဝင်းဆွေက ဆက်လက်ပြောသည်။
စပါးခင်းအတွင်း ဖြုတ်ပိုးကျရောက်ပါက စပါးတစ်ခင်းလုံးနီးပါး ပျက်စီးဆုံးရှုံးသွားနိုင်ပြီး၊ သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ထောက်ပံ့ကြေးငွေပေးခြင်းတို့မှာလည်း တောင်သူများ၏ နစ်နာဆုံးရှုံးမှုများအတွက် မကာမိကြောင်းသိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်လင်းအောင်
လွန်ခဲ့သော ၅ နှစ် ကကံပ အများသူငါရေမလို့တော့ပါ
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022