အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေနံဈေးနှင့်အပြိုင် ရော်ဘာဈေးနှုန်းများလည်း မြင့်တက်လာ

ရေနံဈေးနှင့်အပြိုင် ရော်ဘာဈေးနှုန်းများလည်း မြင့်တက်လာ

    ၂၀၂၀ ခုနှစ်တွင် ရေနံဈေးနှုန်းနှင့်အပြိုင် ရော်ဘာဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်လာကြောင်း ပြည်တွင်းရှိ ရော်ဘာဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။

အခုရက်ပိုင်းတော့ ရေနံဈေးနဲ့ အပြိုင် ရော်ဘာဈေးလည်း အနည်းငယ် တက်စပြုလာပါပြီ။ အထွက်နည်းတဲ့ ရာသီရောက်လာတာနဲ့ Covid-19 ကြောင့် ထိုင်းနိုင်ငံတို့လို ရော်ဘာထုတ်လုပ်တဲ့ တခြားနိုင်ငံတွေမှာ ထုတ်လုပ်မှုကျဆင်းတာကြောင့်လည်း ပါပါတယ်။

ဟု စိုက်ပျိုးရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဦးဝင်းဇော် က ပြောသည်။

    ယခုကဲ့သို့ ရော်ဘာဈေးတက်ရခြင်းမှာ မိုးရာသီတွင် ရော်ဘာစေးထုတ်ယူမရသဖြင့် ရော်ဘာအထွက်နည်းခြင်း၊ ဗီယက်နမ်နိုင်ငံ၌ တွင်ကျယ်နေသည့် Rain guard tapping စနစ်၊ မိုးကာအစေးလှီးစနစ် စသည့်ခေတ်မီစနစ်များကို မြန်မာ၌ မအောင်မြင်သေးခြင်း၊ လုပ်သားအများစု လုပ်ငန်းပြောင်းလဲလုပ်ကိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း မြိတ်ခရိုင်ဦးစီးမှူး ဦးဝင်းဇော် ထံမှ သိရသည်။

အရင်ထက် နည်းနည်းလေး ဈေးပိုလာပါတယ်။ ခြံတွေလည်း ပိတ်ကုန်ကြပြီး ပစ္စည်းတွေ လည်း ထွက်နှုန်းအားနည်းသွားတာကြောင့်ပါ။

ဟု ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ ရော်ဘာခြံရှင် ဦးဘုန်းနိုင် က ပြောသည်။

    ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅) ရက် ပေါက်ဈေးများအရ မုဒုံရော်ဘာပေါက်စျေး တစ်ပေါင်လျှင် မှိုင်း no(3) လက်ငင်းဝယ်စျေး (၆၅၀) ကျပ်ဖြင့် ဈေးဖွင့်ရောင်းဝယ်နေကြောင်း သိရသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။