အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငရုတ်ကောင်းပင်ကို သစ်မာစိုက်ခင်းများဖြင့် ၂ သီးစားတွဲဖက်စိုက်ပျိုးပါက အကျိုးထူးနိုင်

ငရုတ်ကောင်းပင်ကို သစ်မာစိုက်ခင်းများဖြင့် ၂ သီးစားတွဲဖက်စိုက်ပျိုးပါက အကျိုးထူးနိုင်

ငရုတ်ကောင်းပင်ကို သစ်မာစိုက်ခင်းများဖြင့် ၂ သီးစားတွဲဖက်စိုက်ပျိုးပါက အကျိုးထူးနိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ဆိုသည်။

"အခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ သစ်မာစိုက်ခင်းတွေ အများကြီးရှိနေတယ်။ ဒီလို သစ်မာစိုက်ခင်းတွေမှာ ငရုတ်ကောင်းပင်ကို တွယ်ကပ်ပင်အဖြစ် စိုက်ပျိုးကြမယ်ဆိုရင် နှစ်သီးစားလို့ရမယ့်အပြင် ပထမတန်းစား စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလည်း ဖြစ်သွားမယ်။ ငရုတ်ကောင်းပင်ကို ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ယမနေပင်၊ မန်ဂျန်ရှားပင်တွေရဲ့ပင်စည်မှာ တွယ်ကပ်စိုက်ပျိုးလို့ရတယ်။ သစ်မာစိုက်ခင်းကနေ သစ်လုံးကြီးအရွယ်အထိ မကြီးထွားသေးခင် စောင့်ဆိုင်းနေချိန်မှာ ငရုတ်ကောင်းပင်ကနေတဆင့် ဝင်ငွေရနိုင်ပြီ၊ သစ်မာစိုက်ခင်းက ခုတ်ရောင်းလို့ရတဲ့ အချိန်မှာတော့ ငရုတ်ကောင်းပင်ကလည်း သူ့သက်တမ်းအလိုက် ရသင့်ရထိုက်တဲ့ ဝင်ငွေတွေ ရှာပေးပြီးဖြစ်နေပြီ။ တွဲဖက်စိုက်ပျိုးမယ်ဆိုရင် အင်မတန် အကျိုးထူးမယ်လို့မြင်ပါတယ်။"

ဟု KKO-Pepper ငရုတ်ကောင်းစိုက်ပျိုးထုတ်လုပ်ရေးမှ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

ပြည်ပမှ ငရုတ်ကောင်း Import တင်သွင်းနေမှုများကို လျော့နည်းစေရန် ပြည်တွင်း၌ ငရုတ်ကောင်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း သိရသည်။

"ငရုတ်ကောင်းလိုအပ်ချက်ကို ပြည့်မီဖို့နဲ့ ပြည်ပ သွင်းနေတာတွေ နည်းသွားစေဖို့ ဘယ်လိုလုပ်သင့်လဲဆိုတော့ တောင်သူတွေအနေနဲ့ ငရုတ်ကောင်းစိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးသင့်တယ်လို့ မြင်ပါတယ်။ ပြည်တွင်းမှာသာ အလုံအလောက် ထွက်နေတယ်ဆိုရင် အပြင်က ဝင်နေတာတွေ လျော့နည်းသွားမယ်လို့ မြင်တယ်။ ငရုတ်ကောင်းပင်က ရေကြိုက်တယ်၊ သို့သော် အပင်ခြေမှာ ရေဝပ်သွားတာတော့ မကြိုက်ဘူး။ ဒါလေးကိုတော့ သတိပြုစိုက်ပျိုးတတ်ဖို့ လိုအပ်ပါတယ်။"

ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။

ငရုတ်ကောင်းပင်သည် ပူပြင်းခြောက်သွေ့ပြီး ရေရရှိရန် ခက်ခဲသည့် ဒေသတစ်ချို့မှလွဲ၍ ကျန်ဒေသများတွင် မည်သည်ဒေသတွင်မဆို စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် နှစ်ရှည်သီးနှံပင်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Si Thu

Si Thu

လွန်ခဲ့သော ၄ နှစ် က

hi

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။