အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရောင်းအားအဆမတန် ကျဆင်းနေခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးရှိ ပန်းစိုက်ပျိုးရေးခြံများ အခက်ကြုံနေ

ရောင်းအားအဆမတန် ကျဆင်းနေခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးရှိ ပန်းစိုက်ပျိုးရေးခြံများ အခက်ကြုံနေ

    နေ့စဉ်ရောင်းအား အဆမတန်ကျဆင်းနေခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးရှိ ပန်းစိုက်ပျိုးရေးခြံများ အခက်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

တစ်မြန်နှစ်နွေရာသီမှာ တောင်ငူမြို့တစ်မြို့တည်းအတွက် နေ့စဉ် စံပယ်အဖူးရေ လေးသိန်းခွဲကနေ ငါးသိန်းလောက်ရှိတယ်။ အဲ့ဒီလိုအပ်တဲ့ပမာဏအထဲမှာ အဘခြံတစ်ခုတည်းကနေ နေ့စဉ် စံပယ်ပန်းအဖူးရေ နှစ်သိန်း ရောင်းအားရှိခဲ့တယ်။ မနှစ်က နွေရာသီကစပြီးတော့ နေ့စဉ် ပန်းအဖူးရေ လေးသောင်းလောက်ပဲ ရောင်းအားရှိတော့တယ်။ အခုဆိုရင်တော့ ပန်းအဖူးရေ နှစ်သောင်းဝန်းကျင်သာ ရောင်းရပါတော့တယ်။ ဈေးတွေက ပိတ်ထားတာအပြင် အသွားအလာတွေ နည်းပါးသွားတာကြောင့်ပါ။

ဟု ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ ဘော်နင်းကျေးရွာမှ ဦးခင်မောင်မြင့်က ပြောသည်။ 

    လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအပြင် နိုင်ငံရေးအခြေအနေအပြောင်းအလဲများသည်လည်း ပန်းဈေးကွက်အပေါ်  များစွာအကျိုးသက်ရောက်မှု ရှိနေကြောင်း သိရသည်။

ပန်းဆိုတာက မသုံးမဖြစ်ရောင်းကုန်လည်းမဟုတ်ဘူးလေ။ ကားတွေမှာ ချိတ်ဆွဲမယ်၊ ဘုရားပွဲတွေမှာကပ်လှူမယ် ဒီလောက်ပဲရှိတာဆိုတော့လေ။ အခုချိန်မှာ လူတွေ အဓိက စိတ်ဝင်စားနေတာ လိုအပ်နေတာက ရိက္ခာ၊ ကုန်ခြောက်နဲ့ အစားအစာတွေပဲဆိုတော့ ဒါတွေဦးစားပေးဝယ်နေကြတာဆိုတော့လေ။ ခြံထဲက ပန်းရုံတွေကို လုပ်သားစရိတ်ကာမိအောင်ပဲ ထိန်းပြီးလုပ်ကိုင်နေရတယ်။

ဟု ဦးခင်မောင်မြင့်က ပြောသည်။

    မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသည့် စံပယ်မျိုး (၆) မျိုးအနက်၊ တစ်နှစ်ပတ်လည်လုံးပန်းပွင့်သည့် ရေမွှေးစံပယ်အပြင် ဆောင်းစံပယ်နှင့် နှစ်ထပ်စံပယ်တို့ကို စီးပွားဖြစ်စိုက်ပျိုးလေ့ရှိကြသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။