ရွှေရင်းမာပဲနှင့် ပဲကြီး ဈေးဆက်တိုက်ကျဆင်းလာမှုကြောင့် တွက်ချေမကိုက်ဖြစ်လာ
ယခုနှစ် နွေသီးနှံအဖြစ် ရွှေရင်းမာပဲနှင့် ပဲကြီးဈေး ဆက်တိုက်ကျဆင်းလာမှုကြောင့် တွက်ချေမကိုက်ဖြစ်နေကြောင်း တောင်သူများက ပြောသည်။
ပဲကြီးနှင့် ရွှေရင်းမာပဲကို နိုင်ငံအချို့သို့ တင်ပို့နေသော်လည်း ပဲကြီးလှိုင်လှိုင်ပေါ်ချိန်တွင် ပြည်ပမှ ဝယ်ယူမှုနည်းလာသဖြင့် ဈေးများ ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သလို ယခင်နှစ် ကာလတူဈေးထက် ပဲကြီး တစ်တင်းလျှင် ကျပ်တစ်သောင်းခန့်နှင့် ရွှေရင်းမာပဲ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်ထိ ဈေးကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
အရင်နှစ် ဒီလိုအချိန်မှာ ပဲကြီး တစ်တင်းကို ကျပ် ၃၅၀၀၀ လောက်ရတယ်။ အခုဈေးကွက်မှာ တစ်တင်းကို ကျပ် ၂၅၀၀၀ ပဲရတယ်။ ရွှေရင်းမာပဲဆိုရင်လည်း ဒီနှစ်ဈေး တစ်တင်းကို ကျပ် တစ်သောင်းလေးထောင်ပဲရတော့ ဒီဈေးတွေနဲ့ အဆင်မပြေကြဘူး။ နောက်ပြီး ဒီနှစ် ပဲပေါ်ချိန်နောက်ကျလို့ ဈေးကောင်းလည်း မမှီလိုက်ကြဘူး။ ဒါကြောင့် လာမယ့်နှစ်ဆိုရင်တော့ ပဲအစားထိုးသီးနှံတစ်ခုခု ပြောင်းစိုက်ဖို့ရှိတယ်
ဟု နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပဲစိုက်တောင်သူ ဦးလွင်ဦးက ပြောသည်။
လက်ရှိတွင် တောင်သူအများစုမှာ ပွဲစားကုန်သည်များနှင့် ချိတ်ဆက်၍ တိုက်ရိုက်ရောင်းဝယ်ကြသလို ကြိုတင် စိုက်စရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ် ငါးသောင်းကျော် ထုတ်ပေးကြကြောင်း၊ ထို့နောက် ပဲပေါ်ချိန်တွင် ကြိုတင်ထုတ်ပေးငွေအား ခုနှိမ်ကာ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူကြကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်း ပဲကြီး တစ်တန်လျှင် ကန်ဒေါ်လာ ၇၀၀ မှ ၇၂၀ ကြား။ ရွှေရင်းမာပဲ တစ်တန်လျှင် ကန်ဒေါ်လာ ၄၀၀ ကျော်သာ ဈေးရှိကြောင်း သိရသည်။
ဒီနှစ် ပဲကြီး တစ်ဧက တင်းနှစ်ဆယ် ထွက်တယ်။ ရွှေရင်းမာပဲက တင်းသုံးဆယ်ကျော် ထွက်တယ်။ အရင် နှစ်ကလောက် မရဘူး။ စိုက်ပျိုးချိန် နောက်ကျခဲ့တော့ အထွက်နှုန်း ထိခိုက်တယ်။ ရွှေရင်းမာပဲက တစ်တင်း တစ်သောင်းကျော်ပဲရှိလို့ လာမယ့်နှစ် ပြောင်းသီးနှံကို ပြောင်းစိုက်ဖို့ စိတ်ကူးထားတယ်။ တစ်ဧက စိုက်ပျိုး စရိတ်နဲ့ ရိတ်သိမ်းအလုပ်သမားကက ကျပ် တစ်သိန်းကျော် ကုန်တယ်
ဟု ပဲခူးမြို့မှ ပဲစိုက်တောင်သူ ဦး ကျောက်ခဲက ပြောသည်။
လက်ရှိတွင် ပဲကြီးနှင့် ရွှေရင်းမာပဲကို နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း။ ကယား၊ ကရင် ပြည်နယ်တို့တွင် အများဆုံးစိုက်ကြပြီး ပြည်တွင်းဈေးကွက်တွင် ကုန်သည်များ ဝယ်ယူသိုလှောင်မှု များသော သီးနှံ တစ်ခုလည်း ဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှု အနေဖြင့် တရုတ်၊ ဥရောပနိုင်ငံအချို့၊ အာရှနိုင်ငံများသို့ တင်ပို့နေပြီး နှစ်စဉ် မတ်လနှင့် ဧပြီလတို့တွင် ထွက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရွှေရင်းမာပဲနှင့် ပဲကြီးကို သြဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးလျက်ရှိပြီး သက်တမ်းမှာ (၃) လကျော် ကြာမြင့်ကြောင်း သိရသည်။
သုသု(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026