အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
“မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်ထားသော လယ်ယာများအတွက် အာမခံထားပေးရန် ဆွေးနွေး”

“မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်ထားသော လယ်ယာများအတွက် အာမခံထားပေးရန် ဆွေးနွေး”

Green Way
Green Way • Greenovator • 17/03/2019

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ Contract Farming စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ထားသော တောင်သူများ၏ စပါးစိုက်ဧကများအတွက် သီးနှံအာမခံထားရှိရန် ဆွေးနွေးမှုပြုလုပ်နေကြောင်း Global World Insurance ကုမ္ပဏီမှ သိရသည်။

မတ်လ ၁၂ ရက်က ကျင်းပခဲ့သည့် "Micro Insurance & Liberalization" နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် "ကျွန်တော်တို့ စမ်းသပ်ကာလ ပထမနှစ်မှာ ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီနှစ်မှာ ဧကထောင်ချီပြီးတော့ ဆောင်ရွက်နိုင်ဖို့ တိုးချဲ့သွားမယ်။ ဆန်စပါးအသင်းချုပ်က ဘယ်လောက်ထိ လုပ်မှာလဲ။ အဲ့ဒီတော့ ဆန်စပါးအသင်းချုပ်က သူတို့မှာ contract farming က ဧကသောင်းချီရှိတယ်။ အဲ့ဒီလိုလုပ်ရင် ကျွန်တော်တို့က လက်ခံမယ်။ ဒါပေမယ့် re-insurance ကို လုပ်မှရမယ်။ ဘာလို့လည်းဆိုတော့ ဒါကပမာဏကြီးတယ်။ ဆန်စပါး အသင်းချုပ်နဲ့ ကျွန်တော်တို့ စကားတရားဝင်ပြောပြီးလို့ လက်ခံရင် re-insurance ကုမ္ပဏီနဲ့ စကားပြောပြီး IBRB မှာ re-insurance လုပ်ခွင့် တင်ပြမယ်"ဟု Global World Insurance ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောသည်။

သီးနှံအာမခံကို စမ်းသပ်လုပ်ကိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အာမခံလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့ (IBRB) သို့ တင်ပြကာ ယင်းစမ်းသပ်လုပ်ကိုင်ခြင်းကို ၂၀၁၈ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး၊ စိုက်ပျိုးသီးနှံများ ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျဆင်းခဲ့လျှင် ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေရန် စမ်းသပ်ဆောင်ရွက်သည့် အာမခံအမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။

အာမခံသက်တမ်းမှာ နွေစပါးနှင့် မိုးစပါး (၂) ကြိမ်လုံးအတွက် ပရီမီယံပေးသွင်းသည့်နေ့မှစ၍ (၁)နှစ်ဖြစ်ပြီး လယ်တစ်ဧကလျှင် စပါးအထွက်နှုန်း တင်း(၅၀) သတ်မှတ်၍ စပါးတစ်ဧကလျှင် တစ်နှစ်ပရီမီယံနှုန်းထား ကျပ် (၅၀၀၀) ပေးသွင်းရမည်ဖြစ်ကာ ထိုကဲ့သို့ သတ်မှတ်ခြင်းကို စိုက်ပျိုးသည့်သီးနှံ ၏ ယခင်နှစ် စပါးဈေးကွက်ပေါက်ဈေး၊ အထွက်နှုန်းတို့ အပေါ်မူတည်၍ တစ်ဧကတန်ဖိုးကို တွက် ချက်သတ်မှတ်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း စမ်းသပ်ဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ မြို့နယ် (၅) မြို့နယ်ရှိ စပါးဧက (၃၀၀) ဝန်းကျင်ကို သီးနှံအာမခံ လက် ခံထားရှိရာတွင် လျော်ကြေးငွေ ပေးအပ်မှုမရှိခဲ့ကြောင်း သိရသည်။

"အခုလို အာမခံလုပ်ပေးတာ ရေနက်ကွင်းက တောင်သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ တောင်သူတွေရဲ့ လောဘကြောင့် ရေနက်ကွင်းမှာ သက်ငယ်စပါးစိုက်မယ်ဆို အဆင်မပြေဘူး။ ရေနက်ကွင်းမှာ စပါးစိုက်ရင် သူနဲ့လိုက်တဲ့ စပါးကိုပဲ စိုက်လို့ရတယ်။ အဲ့ဒါကို တောင်သူတွေက သက်ငယ်စပါးစိုက်ရင် မလိုလားအပ်တဲ့ ပျက်စီးမှုလည်းဖြစ်ရော အာမခံထားထားတယ်။ အာမခံကြေးလျော်ပါဆိုတာ တောင်သူဘက်က မဖြစ်သင့်ဘူး။ အဓိကတော့ အာမခံထားမယ့် တောင်သူရဲ့ ကွင်းအနေအထား စိုက်စပါးအနေအထားကို ကြည့်ရမယ်" ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ တောင်သူ ဦးထွန်းထွန်းဝေက ပြောသည်။

သီးနှံအထွက်နှုန်း တိုင်းတာခြင်းကို ရိတ်သိမ်းချိန်ထွက်ရှိမည့် သီးနှံပမာဏကို တိုင်းတာရာတွင် စံကွက်သတ်မှတ်၍ တိုင်းတာမည်ဖြစ်ပြီး၊ အာမခံထားရှိရာတွင် လူကြောင့်ဖြစ်သော ဆုံးရှုံးပျက်စီးခြင်း၊ တောရိုင်းနှင့် အိမ်မွေးတိရစ္ဆာန်များကြောင့် ဆုံးရှုံးပျက်စီးခြင်း၊ မြေပြိုခြင်းနှင့် မြေငလျင်ကြောင့် ဆုံးရှုံးပျက်စီးခြင်း၊ အကြမ်းဖက်မှုနှင့် စစ်၊ စစ်အသွင်ဆောင်သော အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ရိတ်သိမ်းချိန်လွန်မှုကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးပျက်စီးခြင်း၊ မိုးသီးကြွေကျခြင်း ကြောင့် ဆုံးရှုံးပျက်စီးခြင်း၊ တောမီး/ရှို့မီး/ကူးစက်မီးကြောင့် ဆုံးရှုံးပျက်စီးခြင်းနှင့် စက်တပ်ယာဉ်/စက်မဲ့ယာဉ်များကြောင့် ဆုံးရှုံးပျက်စီးခြင်း အစရှိသည်တို့ ဖြစ်ပွားပါက အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။

အေးအေးမြင့်(ABM)

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။