ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၆.၈.၂၀၁၈ မှ ၁၀.၈.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့ပေမယ့် ဒီတစ်ပတ်တော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးကကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်က ရက်ခြားသာရှိနေပြီး ပဲခွဲစက်များကသာ ပုံမှန်ဝယ်ယူနေခြင်းကြောင့် ဈေးကအများကြီး ကျဆင်းသွားတာမျိုးမရှိကြောင်း ပဲကုန်သည်တွေကပြောပါတယ်။ ပြည်ပဝယ်ယူမှုကတော့ ပုံမှန်တင်ပို့မှုတွေရှိနေပေမယ့် မြန်မာ့ငွေဈေးတက်နေခြင်းကြောင့်သာ ဈေးကအများကြီးကျဆင်းသွားခဲ့တာမျိုးမရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က ၂၀၁၇၊၂၀၁၈ နှစ်ခုလုံး က တစ်ပတ်အတွင်း တစ်တန်ကို ၄၃၀၀၀၀ ကျော်အတွင်း အတက်အကျရှိခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၂၅၀ ရှိပြီး ၂၅၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၂၀၀ ကျပ်ရှိပြီး ၄၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပြီးတော့ နေပြည်တော်မှာတော့ တစ်တင်းကို ၁၃၃၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ လက်ရှိမှာတော့ မတ်ပဲက ဈေးနှုန်းမြင့်တက်နိုင်သေးတဲ့အခြေအနေမရှိသေးကြောင်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ပဲစင်းငုံနီ
ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှု မရှိတဲ့အပြင် ပြည်ပဝယ်ယူမှုကလည်း နည်းတဲ့အတွက် နယ်ကုန်စည်ဒိုင်တွေမှာပါ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း ဈေးအနည်းငယ်အပြောင်းအလဲ ရှိပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ဈေးက ကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၄၈၀၀၀၀ နဲ့ အတက်အကျရှိခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၁၅၀ နဲ့ တစ်တင်းကို ၇၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ နဲ့ ၅၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာလည်း ပဲစင်းငုံနီအသစ်က တစ်တင်းကို ၁၀၅၀၀ နဲ့ ၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၉၅၀ နဲ့ တစ်တင်းကို ၂၅၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးငြိမ်နေပါတယ်။ တရုတ်ဝယ်လက်ကပုံမှန်ရှိနေတဲ့အတွက် ဈေးကလက်ရှိဈေးနဲ့ပဲ ဈေးငြိမ်နေတာလည်း ဖြစ်ပါတယ်။ အချို့နယ်ကုန်စည်ဒိုင်မှာတော့ လက်ရှိမိုးကြောင့် ပျက်စီးမှုရှိခဲ့တဲ့ ပဲတွေကြောင့် ဈေးကောင်းမရပဲ ဈေးကျဆင်းနေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းခရမ်းရွှေဝါက တစ်ပိဿာကို ၂၂၅၀ နဲ့ဈေးအမြင့်ဆုံးရရှိနေပြီး ပဲခူးရွှေဝါ၊ ရိုးရိုးတို့ကတော့ တစ်ပိဿာကို အနိမ့်ဆုံးဈေး ၁၃၃၀ ကနေ ၂၀၀၀ အထိ ဈေးရရှိနေပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ပဲတီစိမ်း (အကြီး၊အသေး)က တစ်ပိဿာကို ၁၃၅၀ ကနေ ၁၄၅၀ အထိ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၁၂၂၀ နဲ့ တစ်ပိဿာကို ၁၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း (အသေး)က တစ်ပိဿာကို ၁၂၅၀ နဲ့တစ်ပိဿာကို ၆၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁၅၅၀ နဲ့ တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲတီစိမ်းကတော့ ပုံမှန်ဝယ်လက်ရှိတဲ့အတွက်လတ်တလောမှာ ဈေးနှုန်းအပြောင်းအလဲ သိပ်မရှိနိုင်သေးပဲ အရည်အသွေးညံ့ရင်တော့ ဈေးအနိမ့်ဆုံးရနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ပြီးခဲ့တဲ့ အပတ်ကလို ဈေးကဆက်တိုက် တက်တာမဟုတ်ပဲ တစ်ပတ်အတွင်း ဈေးအတက်အကျ ရှိခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်များလည်းပုံမှန်ဝယ်ယူလာပေမယ့် ရက်ခြားဝယ်ယူမှုတွေ ရှိခဲ့တဲ့အတွက် နယ်ကုန်စည်ဒိုင်အချို့မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ ထို့ပြင် ကုလားပဲ v2 အမျိုးအစားထက် ကုလားပဲလုံးကြီးဖြစ်တဲ့ v7 နဲ့ 929 တို့က ဈေးပိုမိုရရှိခဲ့ပြီး ဈေးကွက်အတွင်းအရောင်းအဝယ်ပိုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး) တို့က တစ်တင်းကို ၂၁၆၀၀ ကနေ ၂၃၆၀၀ ရှိပြီး တစ်တင်းကို ၅၀၀ နီးပါး၊ ဈေးကျဆင်းသွားခဲ့ပြီး ကုလားပဲလုံးဖြူ(ကြီး၊သေး)တို့ကတော့ တစ်တင်းကို ၂၃၆၀၀ ကနေ ၂၄၅၀၀ ရှိပြီး တစ်တင်းကို ၂၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တော့ ကုလားပဲလုံး ဝါ(ကြီး)က တစ်တင်းကို ၂၄၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၁၅၀ ကျော်ဈေးတက်လာခဲ့ပြီး ကုလားပဲလုံးဖြ (ကြီး)ကလည်း တစ်တင်းကို ၂၃၄၆၅ ကျပ်ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၁၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ(ကြီး)က တစ်တင်းကို ၂၄၆၆၀ ရှိပြီး တစ်တင်းကို ၂၀၀ ကျော်ဈေးတက်လာပြီး ကုလားပဲလုံးဖြူ(ကြီး)ကတော့ တစ်အိတ်ကို ၂၃၇၀၀ ရှိကာ တစ်အိတ်ကို ၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန် (AMIA)
khun tun
လွန်ခဲ့သော ၃ လ က2026စျေးနှုန်း သိချင်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026