တစ်ပတ်အတွင်း ပဲမျိုးစုံ ဈေးကွက်သုံးသပ်ချက် (၉ - ၁၃.၁၀.၂၀၂၃)
ဒီတစ်ပတ်အတွင်း ပဲအများစုက ဈေးငြိမ်နေပါတယ်။
မတ်ပဲ
မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးစံချိန်တင် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနိင်ငံတွင်း မတ်ပဲ အသစ်တွေ ထွက်ရှိပေမယ့် ပွဲတော်အကြိုဝယ်ယူတာတွေကြောင့် ပြည်တွင်း မတ်ပဲ အပြင် မြန်မာပြည်တွင်း မတ်ပဲတွေ အဝယ်လိုက်ပြီး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတွင်း ထွက်ရှိတဲ့ မတ်ပဲက အရည်အသွေးပိုင်းအားနည်းတာ ဖြစ်တဲ့အပြင် အထွက်နှုန်း လျော့နည်းတာ ဖြစ်လို့ မြန်မာပြည်တွင်း မတ်ပဲကတော့ ရေရှည်မှာ ဆက်ပြီးဈေးကောင်းနိုင်တဲ့ အခြေအနေရှိတယ်လို့ အိန္ဒိယနိုင်ငံ သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၁၆၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၃၃၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၀၀၀၀ မှ ၂၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဈေးမြင့် တက်လာသည်။
နယ်ဈေးကွက်တွေမှာတော့ မတ်ပဲက တစ်အိတ်ကို ၈၅၀၀၀ မှ ၈၆၀၀၀ အကြားအရောင်း အဝယ်ရှိနေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းတွေ မမြင့်တက်လာပေမယ့် FOB ဈေးနှုန်းမှာတော့ ဈေးမြင့်တက်လာပါတယ်။ လက်ကျန်ကုန်တွေ တင်ပို့နေတာဖြစ်ပြီး ပြည်တွင်းမှာတော့ အရောင်းအဝယ်မရှိဘူး လို့ ကုန်သည်အချို့က ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၄၀၇၅၀၀၀ ဖြင့် နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်မှာတော့တစ်အိတ်ကို ၃၉၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်မရှိဘူးလို့ သိရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ အနည်းငယ်ဈေးပြန်အေးသွားပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်ဝယ်လက်ရှိပေမယ့် ဒီတစ်ပတ်အဝယ်နည်းသွားလို့ ဈေး အေး ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၃၀ မှ ၃၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၃၄၆၅၊ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတော့ တစ်ပိဿာကို ၃၆၃၀ ရှိပြီး ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နယ်ဈေးကွက်တွေမှာတော့ တစ်တင်းကို ၅၅၀၀၀ မှ ၅၉၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

ကုလားပဲ
ကုလားပဲဈေးကတော့ တစ်ပတ်အတွင်း အနည်းငယ်သာ အတက်အကျ အပြောင်းအလဲ ရှိပါတယ်။ ဈေးကွက်အတွင်း ပုံမှန် ဝယ်လက်တွေ သာ အရောင်းအဝယ်ရှိပြီး ဈေးအေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက် မှာ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ် ကို ၂၅၇၀၀၀ မှ ၂၅၈၀၀၀ ၊ကုလား (၉၂၉)က တစ်အိတ်ကို ၂၆၄၀၀၀ မှ ၂၆၅၀၀၀၊ကုလားပဲ V2 က တစ်အိတ်ကို ၂၆၈၀၀၀၊ကုလားပဲ V7 ကတော့ တစ်အိတ်ကိ ၂၇၇၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ မှ ၅၀၀၀ ကြား ဈေးမြင့်တက်လာသည်။
ပဲကြီး
ဈေးကွက်အတွင်း ပဲကြီးတွေ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း လက်ကျန်နည်းနေပေမယ့် ဝယ်လက်ရှိနေတာ ဖြစ်လို့ ဈေးကောင်းပေးဝယ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ ရွှေကျွန်း)က တစ်ပိဿာ ကို ၅၂၁၅ မှ ၅၅၈၀ ရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၃၀၀၀၀ ကြား ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ မှ ၂၀၀၀၀ ကြား ဈေးမြင့်တက်လာသည်။
ပဲယင်း၊ ပဲကြား
ဈေးကွက်အတွင်း ပဲယင်းဈေးတွေက ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင်သွက်နေတဲ့အတွက် ဈေးတွေ ကျဆင်းလာတာ ဖြစ်တယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲယင်း(ကြီးနဲ့သေး)က တစ်အိတ်ကို ၁၆၀၀၀၀ မှ ၁၆၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။
ပဲကြားကလည်း ဈေးကွက်ထဲ အမြင့်ဈေးနဲ့ ဝင်လာပေမယ့် လက်ရှိ အထွက်များအဝင်များနေ တဲ့အတွက် ဈေးက တစ်ဖြည်းဖြည်း ပြန်ကျဆင်းလာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့်အတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026