တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၁ - ၅.၉. ၂၀၂၅)
မတ်ပဲ
စျေးဆက်တိုက်ကျခဲ့တဲ့ မတ်ပဲက ယခုတစ်ပတ်မှာ စျေးပြန်တက်လာပြီး တစ်တန်ကို ၂၉ သိန်းကျော်အထိ ဖြစ်လာပါတယ်။ ရွှေစျေးဒေါ်လာစျေး ပြန်ပြီးမြင့်တက်လာမှုနဲ့အတူ FOB စျေးလည်းမြင့်လာတဲ့အတွက် မတ်ပဲစျေးပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၇၀၅ မှ ၇၁၅ ပြန် ရှိလာပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို ၉၄၅၀၀ ကျပ်ရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့ မှာ ၂၈၉၀၀၀၀၊ အင်္ဂါနေ့မှာ ၂၈၉၂၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၀၃၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၉၁၅၀၀၀၊ သောကြာနေ့မှာတော့ ၂၉၆၀၀၀၀ စျေးတန်းရှိပါတယ်။
အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာမှ သောကြာနေ့အတွင်း ၂၈၈၀၀၀၀ မှ ၂၈၉၂၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၆၀၀၀၀ ကျပ်လောက် စျေးပြန်တက်လာပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ အခုတစ်ပတ်မှာ စျေးတန်းထပ်ကျကျသွားပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၂၀၀၀၀ ကျော်လောက် ထပ်မံစျေးကျဆင်းလာတာဖြစ်ပါတယ်။ ပဲစဥ်းငုံကတော့ ပြည်ပအဝယ်နည်းပြီး စျေးက FOB စျေးလည်းထပ်ကျလာပြီး ယခုတစ်ပတ်မှာ ၆၂၀ မှ ၆၃၀ ကျပ်အထိ ကျသွားပါတယ်။
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၅၃၇၀၀၀၊ အင်္ဂါနေ့မှာ ၂၅၂၂၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၅၀၅၀၀၀ကျပ်၊ ကြာသပတေးမှာ ၂၅၁၀၀၀၀၊ သောကြာနေ့မှာ ၂၅၃၁၀၀၀ စျေးတန်းရှိပါတယ်။
အရင်တစ်ပတ်တုန်းက တနင်္လာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၅၂၀၀၀၀ မှ ၂၅၆၄၀၀၀ ကျပ်ရှိခဲ့ပါတယ်။

ကုလားပဲ
ပြည်တွင်းစားသုံးမှုပဲဖြစ်တဲ့ ကုလားပဲက ယခုတစ်ပတ်မှာ စျေးပြန်တက်လာပါတယ်။ ဝယ်လိုအားရှိလာပြီး စားသုံးမှုရှိခြင်း ၊ ပဲခွဲစက်တွေက အဝယ်ရှိခြင်းကြောင့် စျေးပြန်တက်လာတာဖြစ်ပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်ကို ၂၅၅၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၂၄၅၀၀၀ မှ ၂၄၇၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၄၄၀၀၀ ကျပ်ရှိခဲ့ပြီး ကုလားပဲထိုင်ဝမ်က ၂၃၈၀၀၀ မှ ၂၄၀၀၀၀ ကျပ်ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် ပဲအမျိုးအစားအလိုက် တစ်အိတ်ကို ၂၀၀၀ မှ ၅၀၀၀ ကျပ်စျေးပြန်တက်လာ ပါတယ်။
ပြောင်း
ပြောင်းဆံကတော့ ယခုတစ်ပတ်မှာ စျေးအကျပြလာပါတယ်။ ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တာကြောင့် မြန်မာ့ပြောင်းစျေးလည်း ကျဆင်းသွားတာဖြစ်ပါတယ်။ စျေးတန်းကျပေမယ့် ပြောင်းအခြောက်အသန့်တွေက အရောင်းအဝယ် ပုံမှန်ရှိနေတယ်လို့သိရပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း) ကတော့ ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ်၊ ပြောင်း ( CP) က ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ်သာရှိ ပါတယ်။ တစ်အိတ်ကို ၄၀၀၀ မှ ၅၀၀၀ကျပ် ကျလာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာလည်း ပြောင်းတစ်ပိဿာကို ၁၆၀၀ ကျပ်မှ ၁၆၂၀ ကျပ် စျေးတန်းသာရှိပါတယ်။
ပဲတီစိမ်း
ပို့ကုန်ပဲ ဖြစ်တဲ့ပဲတီစိမ်းကလည်း အခုတစ်ပတ်မှာစျေးပြန်ပြီးအတက်ပြလာတာတွေ့ရပါတယ်။ ပဲတီစိမ်းမျိုးပဲ ရောင်းဝယ်ချိန်ဖြစ်သလို ဒေါ်လာစျေးနှုန်းနဲ့ ရွှေစျေးပြန်တက်လာတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိစျေးကွက်ထဲကို ခရမ်းရွှေဝါပဲတီစိမ်းတွေဝင်ရောက်မရှိဘဲ တခြားပဲတီစိမ်းအမျိုးအစားတွေသာဝင်ရောက်မှုရှိနေပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်း ၅၆.၂၅ ပိဿာကို ၂၈၀၀၀၀ မှ ၃၂၀၀၀၀ ကျပ်သာရှိပါတယ်။ အရင်တစ်ပတ်ကထက် ၁၀၀၀၀ ကျပ်ပြန်တက်လာပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇော်မျိုး
လွန်ခဲ့သော ၁ နှစ် ကစပါးဈေးကွက်တင်ပေးပါအုံး
ကျား
လွန်ခဲ့သော ၁ နှစ် ကစပါးစျေးကွက်တင်ပေးပါအုန်း
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....