မတ်ပဲ စျေးဆက်တိုက်မြင့်တက်လာ.. ပဲတီစိမ်းနဲ့ ပဲစင်းငုံကတော့ စျေးငြိမ်နေဆဲ
မတ်ပဲက ခုတစ်ပတ်မှာလည်း ဈေးထပ်မံမြင့်တက်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပွဲတော်ကာလ မတ်ပဲလိုအပ်ချက်ကြောင့် အဝယ်သွက်နေပြီး ပြည်တွင်းမှာလည်းမတ်ပဲ လက်ကျန်နည်းတဲ့အတွက် မတ်ပဲစျေးက ဆက်တိုက်မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။
" မတ်ပဲက အိန္ဒိယ ဘက်က လိုအပ်ချက်ရှိတော့ အဝယ်လိုက်လို့စျေးကောင်းလာတယ်။ အစက FOC ၉၀၀ ကျော်ပဲရှိတာ အခု ၁၀၀၀ ကျော်အထိပေးလာတော့ စျေးကတက်လာတာပေါ့။ လက်ကျန်ကလည်းအရမ်းနည်းသွားပြီ မရှိတော့ဘူး။ ဒီစျေးထက်တော့ ထပ်တက်ဖို့သိပ်မရှိပါဘူး။ အခုကိုက အမြင့်စျေးတန်းဖြစ်နေတာပါ" လို့ ကုန်သည်တစ်ဦးက သုံးသပ်ပြောပါတယ်။
အိန္ဒိယဘက်က မတ်ပဲလိုအပ်ချက်ရှိနေတာကြောင့် လာမယ့် မတ်ပဲအသစ်တွေပေါ်ချိန်ဖြစ်တဲ့ မတ် ၊ ဧပြီ လရောက်ရင်လည်း မတ်ပဲစျေးတန်းက တအားကြီးကျဆင်းနိုင်မယ့်အခြေအနေမရှိဘူးလို့ သိရပါတယ် ။
ဒါပေမယ့် ခုနှစ်မှာ မိုးများသွားခဲ့တဲ့အတွက် စပါးရိတ်ပြီးသော်လည်း လယ်ခင်းထဲမှာ ရေတွေမခမ်းတာကြောင့် မတ်ပဲစိုက်ပျိုးမှုနောက်ကျနိုင်တယ်လို့ သိရပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၀၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ FOB ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၁၀၉၀ မှ ၁၁၀၀ ရှိပြီး တစ်တန်ကို ၃၅ ဒေါ်လာ မြင့်တက်လာပါတယ်။ SQ ကလည်း တစ်တန်ကို သိန်း ၃၂၀၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၉၄၀၀၀ ဈေးမြင့်တက်လာပါတယ်။
မတ်ပဲ (RAW) ကတော့ တစ်ပိဿာ ကို ၄၈၃၀ မှ ၄၈၇၀ ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးမြင့်တက်လာပြီး နယ်ဈေးကွက်တွေမှာလည်း မတ်ပဲက တစ်တင်းကို ၉၄၈၀၀ အထိ ရှိလာပါတယ်။
ပဲစင်းငုံနီ - ရန်ကုန်ဈေးကွက်မှာတော့ အောက်တိုဘာလက ဖြစ်ပေါ်ခဲ့တဲ့အမြင့်စျေးတန်းမှာပဲ ဈေးငြိမ်နေဆဲဖြစ်ပါတယ်။ ပြည်တွင်းမှာ လက်ကျန်မရှိသလောက်နည်းနေတာကြောင့် အရောင်းအဝယ် အေးနေပေမယ့် ပစ္စည်းလက်ကျန်မရှိတဲ့အတွက် စျေးတန်းက ကျမသွားဘဲ အမြင့်စျေးမှာပဲ ငြိမ်နေတာဖြစ်တယ်လို့သိရပါတယ်။
ပဲစင်းငုံနီ အသစ်တွေကလည်း မကြာခင်ရိတ်သိမ်းကြတော့မှာဖြစ်ပြီး ပဲအသစ်တွေပေါ်ရင်လည်း စျေးတန်းက ကျဆင်းနိုင်မယ့်အခြေအနေမရှိဘူးလို့ သိရပါတယ် ။
"ခုတောင် တစ်သိန်းကျော်တယ်လေ၊ ပဲစင်းငုံနီကို ဟိုဘက်ကလည်း ထပ်မဝယ်တော့ဘူး။ ဒီမှာလည်း ပဲမရှိမှန်းသိတယ်။ ဒါကြောင့်ထပ်မတက်တာ။ ဒီစျေးထပ် တက်ဖို့က ခက်မယ်။ ပဲစင်းငုံကတော့ ရှေ့တစ်လလောက်ထွက်မယ်။ ထွက်လာလည်း စျေးကတန်းမကျလောက်သေးဘူး။ ဟိုဘက်မှာက လိုအပ်ချက်ကရှိနေသေးတော့လေ။ ဧပြီ၊ မေလလောက်မှ စျေးတန်းကကျနိုင်မယ်" လို့ ကုန်သည်တစ်ဦးက သုံးသပ်ပြောပါတယ်။
ခုတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီ(RC) တစ်တန်ကို သိန်း ၄၀၇၅၀၀၀ ပေါက်ဈေးရှိပြီး FOB ပေါက်ဈေးကလည်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၃၅၀ မှ ၁၃၇၀ ရှိနေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ရက်က ပဲစင်းငုံနီ အသစ်ကို ၃၄၀၀၀၀ အထိ ဈေးဖွင့်ထားပေမယ့် နိုဝင်ဘာလ အစမှာတော့ စျေးဖွင့်ထားခြင်းမရှိပါဘူး။

ပြည်တွင်း စားတော်ပဲက စျေးငြိမ်နေပြီး ပြည်ပအဝင် ကနေဒါ စားတော်ပဲကတော့ စျေးထပ်တက်လာပါတယ်။ ဈေးကွက်အတွင်း ပြည်ပအဝင် ကနေဒါ စားတော်ပဲက များပေမယ့် ပြည်တွင်းစားတော်ပဲကတော့ လက်ကျန်မရှိတဲ့အပြင် အရောင်းအဝယ်လည်း မရှိတာကြောင့် ဈေးကျဆင်းနေတာ ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် ကနေဒါပဲက အဝယ်သွက်နေပြီး ဈေးကောင်းရရှိနေတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးဈေးကွက်မှာ ကနေဒါ စားတော်ပဲတွေကတော့ တစ်အိတ်ကို ၂၄၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ ပြည်တွင်း စားတော်ပဲကတော့တစ်အိတ်ကို ၃၂၀၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပြီး စျေးငြိမ်နေပါတယ်။
နှမ်းမျိုးစုံကလည်း အရင်က နှမ်းကို တရုတ်ဘက်က အက်ဆစ်အောင်တဲ့နှမ်းကိုသာ ရွေးပြီးဝယ်ယူတာကြောင့် အက်ဆစ်အောင်မိုးနှမ်းက စျေးကောင်းရပြီး ကျန်တဲ့အက်ဆစ်မအောင်တဲ့နှမ်းက စျေးနှိမ်ဝယ်ယူခံရလို့ စျေးကျခဲ့ပါတယ်။လက်ရှိမှာတော့ တရုတ်ကို နှမ်းတင်ပို့နိုင်ခြင်းမရှိလို့ စျေးတန်းက ကျနိုင်တယ်လို့ သိရပါတယ်။
ခုတစ်ပတ် မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၃၃၀၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဝန်းကျင်ဈေးတက်သွားပြီး နှမ်းဖြူ(ရိုးရိုး) ကတော့ တစ်အိတ်ကို ၃၄၅၀၀၀ မှ ၃၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၃၅၀၀၀ ကျပ် တက်လာပါတယ်။ နှမ်းဖြူ(ဂျပန်)ကတော့ တစ်အိတ်ကို ၃၇၀၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။
နှမ်းညိုကတော့ဈေးကွက်ထဲ အဝင်များပြီး တစ်အိတ်ကို ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်းကလည်း တရုတ်နဲ့ ဥရောပနိုင်ငံတွေကိုအဓိကတင်ပို့ရပြီး အဝယ်သွက်ရင် စျေးကောင်းရကာ အဝယ်အေးရင် စျေးတန်းကအေးသွားတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။
လက်ရှိမှာ ပဲတီစိမ်းကလည်း တရုတ်ဘက်ကို နယ်စပ်ဂိတ်ပေါက်ကနေ တင်ပို့နိုင်ခြင်းမရှိဘဲ ဥရောပနိုင်ငံတွေကိုသာတင်ပို့နိုင် လို့ စျေးတန်းက အရင်တပတ်က စျေးမှာပဲ ဆက်ရှိနေပါတယ်။
ရန်ကုန် စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါ ၃၆၃၀ ကျပ်၊ ပဲတီစိမ်းပဲခူးရွှေဝါက ၃၄၆၅ ကျပ်နဲ့ ပဲတီစိမ်းဝါးခယ်မက တစ်ပိဿာ ၃၃၀၀ ကျပ်ပေါက်စျေးရှိနေပါတယ်။ မန္တလေးစျေးကွက်မှာလည်း ပဲတီစိမ်းအညာ ၁၆၅၀၀၀ ကျပ်နဲ့ ပဲတီစိမ်းရွှေဝါက ၁၄၅၀၀၀ မှ ၁၅၀၀၀၀ ကျပ်ရှိနေပါတယ်။
ချစ်ခွန်းချို( AMIA)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026