ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁.၁၀.၂၀၁၈ မှ ၅.၁၀.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
ဒီတစ်ပတ်မှာတာ့ မတ်ပဲက ဈေးတက်နေခဲ့ပါတယ်။ မတ်ပဲဝင်ရောက်မှု သိပ်မရှိတော့ပဲ ပြည်ပတင်ပို့မှုကတော့ ရှိနေဆဲ ဖြစ်တဲ့အတွက်ကြောင့် ပုံမှန်ဝယ်လက်ရှိနေတဲ့အတွက် ဈေးကတက်နေခဲ့တာလည်း ဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်းဈေးက တက်နေခဲ့ပြီး ရန်ကုန်ဈေးကွက်မှာလည်း ဈေးတက်နေခဲ့ပါတယ်။ လက်ကျန်ပဲတွေက လက်တလောမှာ အရောင်းအဝယ်ကောင်းနေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ငွေကျပ် ၅၂၅၀၀၀ အထိ ဈေးတက်ခဲ့ပြီးတော့ တစ်ပတ်အတွင်း ၃၀၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၁၆၅၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၈၀၀၀ နဲ့ တစ်တင်းကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပတ်လုံး ဈေးမဖွင့်ခဲ့ပါဘူး။ နယ်ကုန်စည်ဒိုင်အချို့မှာလည်း ဈေးမဖွင့်ခဲ့ပဲ ဈေးကလည်းကျဆင်းနေခဲ့ပါတယ်။ ပဲအဝင်နည်းလာသလိုပဲ အရောင်းအဝယ်ကလည်း မရှိသလောက် နည်းလာပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၁၃၈၅၀ နဲ့တစ်တင်းကို ၃၅၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတာ့ တစ်တင်းကို ၁၃၄၀၀ နဲ့ တစ်တင်းကို ၇၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး ပြည် ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၃၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ပဝယ်ယူမှုကတော့ ပုံမှန်ရှိနေပေမယ့်အဝင်များ တဲ့အတွက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ငွေလဲလှယ်နှုန်းဈေးတွေ တက်ခဲ့တဲ့အတွက် ပဲဈေးတွေလည်း မြင့်တက်ခဲ့ပေမယ့် စက်တင်ဘာလ နောက်ဆုံးအပတ်ကနေစပြီး တဖြေးဖြေး ငွေဈေးတွေ ကျဆင်းလာတဲ့အတွက် ပဲဈေးတွေကလည်း ကျဆင်းလာခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း(အကြိး၊သေး)က တစ်တင်းကို ၂၄၇၅၀ ကနေ ၂၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲတီစိမ်း(ကြီး)က တစ်တင်းကို ၂၉၃၀၀ ရှိပြီး တစ်တင်းကို ၇၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း (အသေး)က တစ်တင်းကို ၂၅၈၀၀ ရှိပြီး တစ်တင်းကို ၁၄၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ရှိပြီး တစ်တင်းကို ၁၆၀၀ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းခဲ့တဲ့ ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်တက်ပါတယ်။ ဈေးတက်တယ် ဆိုပေမယ့် အရောင်းအဝယ်ပါးတဲ့နေ့က ဈေးကျဆင်းပြီး အရောင်းအဝယ်ကောင်းတဲ့နေ့က ဈေးပိုရတာဖြစ်တဲ့အတွက် ဈေးတက်တယ်လို့တော့ ပြောလို့မရပါဘူး။ လက်ရှိမှာလည်း ပဲဝင်ရောက်မှုကလည်း နည်းလာတာဖြစ်တဲ့အတွက် ကြောင့် ပဲအဝင်ရှိသလောက် အရောင်းအဝယ်ကလည်း ရှိနေဆဲပါပဲ။
မုံရွာကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)က တစ်တင်းကို ၂၃၀၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်၊ ကုလားပဲလုံးဝါ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၄၉၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၂၀၀ ကျပ် ဈေးတက်ခဲ့ပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူ(ကြီး)တစ်တင်းကို ၂၄၀၀၀ ရှိပြီး ၇၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူ(ကြီး)က တစ်တင်းကို ၂၄၂၅၀ ရှိပြီးတစ်တင်းကို ၁၂၅၀ ကျပ်၊ ကုလားပဲလုံးဝါ(ကြီး)ကတော့ တစ်တင်းကို ၂၅၈၀၀ ရှိပြီး တစ်တင်းကို ၁၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ(ကြီး)က တစ်တင်းကို ၂၇၅၀၀ ရှိပြီးတစ်တင်းကို ၁၀၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၇၀၀ နဲ့ ၁၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
အိသန္တာအောင် (AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026