ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ဆန်ချောဈေးရော ဆန်ကြမ်းဈေးရော အားလုံးနီးပါးငြိမ်နေခဲ့ပါတယ်။ပေါ်ဆန်းဆန်နဲ့ ဧည့်မထ၂၅ မှတ်တန် ဆန်သာ အနည်းငယ်ပြောင်းလဲမှုရှိခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အနည်းငယ်ပြောင် လဲပေမယ့်လည်း ပုသိမ်ဈေးကွက်မှာတော့ နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ထမင်းကောင်းရင် ဈေးကောင်းရနေတဲ့ အခြေအနေလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းဆန်က တစ်အိတ်ကို ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပြီး တစ်အိတ်ကို ၃၃၅၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထ ၂၅မှတ်တန်အသစ်ကတော့ တစ်အိတ်ကို ၄၀၀ ကျပ် လောက်ဈေးတက်လာပြီး ၁၉၀၀၀ ကနေ ၁၉၄၀၀ ရှိပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ရုတ်တရက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တရားရုံးက မတ်ပဲနဲ့ပဲစင်းငုံနီက ပြည်ပကဝယ်ယူခွင့်ပါမစ်ကို ပိတ်လိုက်တယ်ဆိုတဲ့သတင်းတွေကြောင့် အခုလိုရုတ်တရက်ဈေးက ထိုးကျဆင်းသွားပါတယ်။ ထို့ပြင်အထက်ပါသတင်းကြောင့် ဈေးတွေကျဆင်းမယ်ဆိုတဲ့သတင်းတွေကလည်း တက်ချိန်မှာ အလုအယက်ထိုးရောင်းတာတွေကြောင့် ဈေးက အတော်ကို ကျဆင်းသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက အထက်ပါအကြောင်းအရာ နဲ့ပတ်သတ်ပြီးတရားဝင် ထုတ်ပြန်ကြေညာမှုတော့ မလုပ်သေးပေမယ့် တရားရုံးရဲ့ ထုတ်ပြန်ချက်ကိုတော့ ကြေညာထားပြီးဖြစ်တာကိုလည်းတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တောင်သူတွေက ပြည်ပကနေ မဝယ်ယူရေး ဆန္ဒပြတောင်းဆိုမှုတွေကြောင့် အထက်ပါဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။
မတ်ပဲကတော့ လက်ရှိအခြေအနေက ကျဆင်းနေပေမယ့် နောက်ဖြစ်မယ့် အခြေအနေကတော့ မခန့်မှန်းနိုင်အောင်တောင်ဖြစ်နေပါတယ်။ တစ်ပတ်အတွင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်တန်ကို တစ်သိန်းလောက်ကျဆင်းသွားခဲ့ပြီး တစ်တန်ကို ၆ သိန်းကျော်နဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။
နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၇၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ အိန္ဒိယတရားရုံးရဲ့ကြေညာချက်မှာ ပဲစင်းငုံနီလည်း ပါဝင်တာဖြစ်တဲ့အတွက် ပဲစင်းငုံနီလည်း ဈေးကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ပဲစင်းငုံနီကတော့ ဈေးကျဆင်းတယ်ဆိုပေမယ့် မတ်ပဲလောက်အဆိုးရွားဆုံး ကျဆင်းတာမဟုတ်တဲ့အတွက် အနည်းငယ်ခံသာ သေးတဲ့ အခြေအနေလည်းဖြစ်ပါတယ်။
ထို့ပြင် အိန္ဒိယရဲ့ ရာသီဥတုအခြေအနေက မကောင်းတဲ့အတွက် ပဲစင်းငုံနီလိုအပ်ချက်က ရှိမယ်ဆိုတဲ့ သုံးသပ်ချက်တွေကြောင့်လည်း အိန္ဒိယကဘယ်လောက်ပဲ ကုန်ဝယ်ယူခွင့်ပိတ်ပိတ် ခဏခဏပြောင်းလဲနေတဲ့ မူဝါဒအသစ်တွေကြောင့် အခြေအနေက မျှော်လင့်သလို မကောင်းပေမယ့်လည်းမဆိုးရွားနိုင်ဘူးလို့ သုံးသပ်ရပါတယ်။
ပဲစင်းငုံနီကို အိန္ဒိယအပြင် အခြားနိုင်ငံတွေကလည်း အဝယ်တွေရှိတဲ့အတွက် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ငွေကျပ် ၄ သောင်းကျော်လောက်သာ ကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲနဲ့ယှဉ်ရင် ဈေးအတော်ရနေပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၆၀၀၀ ကျပ် နဲ့ ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၄၀၀ နဲ့ ၁၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ နဲ့ တစ်တင်းကို ၁၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
အခြားပဲတွေဈေးကျဆင်းနေပေမယ့် ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပဲအသစ်တွေကလည်း အဝင်များလာပေမယ့် အဓိကဝယ်လက်ဖြစ်တဲ့ တရုတ်က နှစ်ကူးနီးချိန် အများအပြားဝယ်ယူနေတဲ့ အတွက်ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ထိုပြင် အရည်အသွေးကောင်းတဲ့ ပဲတွေက ဈေးပိုရနေပါတယ်။
မြင်းခြံမှာ ပဲတီစိမ်းက တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀ ကျပ် ဈေးတက်လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာ လည်းတစ်တင်းကို ၃၃၃၀၀ ကျပ်ပေါက်ဈေးရှိပြီး ၆၀၀ ကျော်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၈၀၀ ကျပ်ရှိပြီး ၇၅၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ လည်းတစ်တင်းကို ၃၄၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတာ့ တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး တစ်တင်းကို ၂၉၀၀၀ ကနေ ၃၂၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့တဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ပြန်ကျဆင်းသွားပါတယ်။ ကုလားပဲကလည်း အိန္ဒိယတင်ပို့မှုရှိနေတာဖြစ်တဲ့အတွက် သက်ရောက်မှုကတော့ အနည်းငယ်ရှိပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၁၅၀၀ ကနေ ၂၃၀၀၀ ရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၃၅၀၀ ကျပ်ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၂၈၀၀ ရှိပြီး တစ်တင်းကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၁၁၉၅၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက ၂၃၂၅၀ ကျပ်ရှိပြီး တစ်တင်းကို ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူကြိးကတော့ တစ်တင်းကို ၂၃၅၀၀ ကျပ်ရှိပြီးတစ်တင်းကို ၇၀၀ ကျပ် ဈေးတက်လာပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါက တစ်တင်းကို ၂၆၀၀၀ ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၂၄၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန် (AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026