တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်
၈.၇.၂၀၁၉ မှ ၁၂.၇.၂၀၁၉ထိ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ပုသိမ်ဈေးကွက်မှာ မြောင်းမြစပါးဈေးရော၊ ဆန်ဈေးရောက အနည်းငယ်တက်လာပါတယ်။ ရန်ကုန်က အဝယ်လိုက်တဲ့အပြင်ဒေသတွင်းစားသုံးမှုများတဲ့အတွက်ကြောင့် ဈေးကတစ်ဖြေးဖြေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကဈေးငြိမ်နေရာကနေ ဒီအပတ် မှာဈေးထပ်မံမြင့်တက်လာခဲ့တာပါ။ မြောင်းမြဧည့်မထစပါးကတော့တင်း ၁၀၀ကို ၆၀၇၀၀၀ ပေါက်ဈေးရှိပြီး၊ ၁၇၀၀၀ကျပ် ၊ မြောင်းမြဆန်ကတော့ တစ်အိတ်ကို ၄၄၀၀၀နဲ့၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲပေါ်ဆန်း စပါးကလည်း တင်း၁၀၀ ကို ၈၉၃၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ကျပ်၊ ဒေးဒရဲပေါ်ဆန်းဆန်ကတော့တစ်အိတ်ကို ၄၁၀၀၀ကျပ်နဲ့၁၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းစပါးကတင်း ၁၀၀ကို ၉၀၂၀၀၀ ကျပ်နဲ့၁၈၀၀၀ကျပ်အသီးသီးဈေးတက်လာပါတယ်။ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၆၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းစပါးကတင်း ၁၀၀ ကို ၉၀၂၀၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်း ဆန်ကတစ်အိတ်ကို ၄၄၀၀၀ ကျပ်နဲ့ ပုသိမ် ပေါ်ဆန်း(စပါး)ကလည်း တင်း ၁၀၀ ကို ၉၂၀၀၀၀ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းရှယ်ကတစ်အိတ်ကို၃၆၅၀၀ကနေ၃၈၅၀၀ ပေါက်ဈေးရှိပြီး၊ ၂၅၀၀ကျပ်ဈေးကျဆင်းခဲ့ပါတယ်။ မြောင်းမြပေါ်ဆန်းကတော့ တစ်အိတ်ကို ၄၂၀၀၀ ကနေ၄၄၀၀၀၊ ရက်၉၀ဆန်ကလည်း တစ်အိတ်ကို ၂၁၀၀၀ကနေ၂၆၀၀၀ကျပ် ရှိပြီးဈေးငြိမ် နေပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၂၀၅၀၀ကနေ ၂၀၈၀၀ ပေါက်ဈေးရှိပြီး၂၀၀ကျပ်ဈေး ကျဆင်းခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ ဈေးကျဆင်းခဲ့ပါတယ်။အိန္ဒိယနိုင်ငံဘက် ကတင်သွင်းခွင့်ရတဲ့ကုမ္ပဏီစာရင်းတွေကို ထုတ်ပြန်ပြီးနောက် တင်သွင်းခွင့်လိုင်စင်ကို ဖြည်းဖြည်းချင်းထုတ်ပေးနေတဲ့အနေအထားကြောင့်မြန်မာနိုင်ငံဘက်ကနေ ပဲစင်းငုံနဲ့ မတ်ပဲကို အင်နဲ့အားနှင့် ဝယ်ယူမှုမျိုး မရှိသေးဘူးလို့ကုန်သည်တွေထံကသိရပါတယ်။ ရန်ကုန်ဈေးကွက် မှာ မတ်ပဲကတစ် တန်ကို ၈၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ကျပ်၅၀၀၀၀ ကျော်ထိဈေး ကျဆင်းခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဈေးတွေ ကျဆင်းသွားပေမယ့် နယ်ဈေးကွက်မှာတော့ အနည်းငယ်ဈေးတက်နေတာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကျပ် ၂၄၂၅၀ ပေါက်ဈေးရှိပြီး၊ ၅၀၀ကျပ် နေပြည်တော် ဈေးကွက်မှာ ၂၇၃၃၃ကျပ် ရှိပြီး၊ ၁၃၃၃ကျပ်ဈေးတက်လာတာကို တွေ့ရပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ အဟောင်းတွေက မရှိသလောက်ဖြစ်နေတဲ့အတွက် ရန်ကုန်ဈေးကွက်မှာတော့ ရက်ခြားသာ အရောင်းအဝယ်ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ဒီတစ်ပတ်မှာ တစ်တန်ကို ၉၅၅၀၀၀ အထိ ဈေးတက်သွားခဲ့ပြီး တစ်ပတ်အတွင်း၃၀၀၀၀ကျပ် ဈေးတက်လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို၃၂၅၀၀ကျပ်နဲ့၂၀၀ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတစ်ပိသာကို ၃၂၈၀၀ကျပ်နဲ့၄၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကြူကုတ် ဈေးနှုန်းတွေကတော့ ဒီတစ်ပတ်မှာတက်လာခဲ့ပါတယ်။ူပြည်ပ က ဝင်လာတဲ့ ကြက်သွန်တွေကို ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်ကနေ အဓိက တင်သွင်းနေတဲ့ ကြူကုတ်က ရုတ်တရက်ဈေးတက်လာတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူကြူကုတ်က တစ်ပိသာကို ၂၉၀၀ ကနေ ၃၇၀၀ကျပ်ဈေးပေါက်ပြီး၊ ၃၅၀ကျပ်ဈေးတက် လာပါတယ်။ ကြက်သွန်ဖြူ(အောင်ပန်း)ကတော့ တစ်ပိသာကို ၂၀၀၀ကနေ၃၀၀၀ ကြားပေါက်ဈေးရှိပြီးဈေးငြိမ်နေပါတယ်။ မြင်းခြံဈေးကွက်မှာ ကြက်သွန်ဖြူ (ရှမ်း)ကတစ်ပိဿာကို ကျပ် ၂၄၀၀ ဈးရှိပြီး ၁၅၀ကျပ်၊ မော်လမြိုင်ဈေးကွက်မှာကြက်သွန်ဖြူ (ရှမ်း) ကတစ်ပိသာကို ကျပ် ၂၅၀၀ ဈေးရှိပြီး၊ ၂၅၀ကျပ်၊ကြက်သွန်ဖြူ (ကြူကုတ်)က တစ်ပိသာကို ကျပ် ၃၆၀၀ ဈေးရှိပြီး၊ ၁၃၀ကျပ်နဲ့ အသီးသီးဈေးတက်လာပါတယ်။
နှမ်း
ယခုတစ်ပတ်မှာတော့ နှမ်းက လက်ကျန်လျှော့နည်းလာတဲ့အတွက်ကြောင့် ဈေးတက်လာပါတယ်။ တရုတ်တွေကလည်း အဝယ်များလာတဲ့အတွက် ဈေးကတက်လာနေတာလည်းဖြစ် ပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းဖြူက ၄၅ပိဿာဝင်တစ်အိတ်ကို၁၆၅၀၀၀ကနေ ၁၇၀၀၀၀ ပေါက် ဈေးရှိပြီး ၂၀၀၀ကျပ်၊ နှမ်းညှိက ၁၄၈၀၀၀ကနေ၁၅၃၀၀၀ ကျပ်ဈေးရှိပြီး ၃၀၀၀ကျပ်၊ ပန်းနှမ်းက ၇၁၀၀၀ ကနေ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာတော့နှမ်းညိုက တစ်ပိသာကို ၃၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။ နှမ်းဖြူကတော့တစ်ပိသာကို ကျပ် ၃၄၅၀ ဈေးပေါက်ပြီး၊ ၅၀ကျပ် ဈေးကျနေပါတယ်။ မုံရွာဈေးကွက်မှာတော့ နှမ်းညှိကတစ်တင်းကို ကျပ်၅၁၀၀၀ ဈေးရှိပြီး၊ ၃၅၀၀ကျပ်၊ နှမ်းနက်ကလဲ တစ်တင်းကို ကျပ် ၇၈၅၀၀ ကျပ်ဈေးရှိပြီး၊ ၂၀၀၀ကျပ်၊ ပန်းနှမ်းက တစ်တင်းကိုကျပ် ၂၁၀၀၀ ဈေးရှိပြီး၊ ၁၀၀၀ကျပ် ဈေးအသီးသီးတက်လာခဲ့ပါတယ်။ နှမ်းဖြူနဲ့နှမ်းဝါကတော့ မုံရွာကုန်စည်ဒိုင်မှာဈေးကျဆင်းလာခဲ့ပါတယ်။ နှမ်းဖြူက တစ်တင်းကို ၅၂၅၀၀ကျပ်နဲ့ ၂၉၂၅၀ ကျပ်၊နှမ်းဝါက တစ်တင်းကို ၄၉၀၀၀ ကျပ်နဲ့ ၂၀၀၀ကျပ်အသီးသီး ဈေးကျဆင်းခဲ့တာပါ။
စိုးချစ်ချစ်ပိုင်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....