အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြည်ပတင်သွင်းမှုများကြောင့် အာလူးဈေးကွက် နစ်နာဆုံးရှုံးမှု ကြုံတွေ့နေရ

ပြည်ပတင်သွင်းမှုများကြောင့် အာလူးဈေးကွက် နစ်နာဆုံးရှုံးမှု ကြုံတွေ့နေရ

    ပြည်ပနိုင်ငံတချို့မှ အာလူးများကို မြန်မာနိုင်ငံအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် တင်သွင်းနေခြင်းကြောင့် အာလူးဈေးကွက် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ဆင်ဖြူကျွန်းဒေသမှ အာလူးစိုက်ပျိုးသူများက ပြောသည်။

အာလူးထွက်ပြီဆိုရင် ကုန်ချိန် (တန်ချိန်) အများကြီးပေါ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆင်ဖြူကျွန်းဘက်က အာလူးပေါ်ချိန်ဆိုရင် ရှမ်းပြည်နယ်ဘက်က တောင်သူတွေကလည်း ရန်ကုန်ကို အာလူးတင်ပို့မှု ထိန်းချပေးကြတယ်။ ကျွန်တော်တို့ဘက်ကို ကြည့်ပေးတဲ့သဘောပေါ့နော်။ ကုန်သည်တွေ စီးပွားရေးသမားတွေကျတော့ အဲ့ဒီလိုမဟုတ်ဘူး။ ဆင်ဖြူကျွန်းဒေသက အာလူးပေါ်နေလည်း ပြည်ပက အာလူးတွေကို တင်သွင်းကြတာပဲ။ ပြည်တွင်းကထွက်တဲ့အာလူးနဲ့တင် ဖူလုံနေရက်နဲ့ သွင်းတာဆိုတော့ တောင်သူတွေအနေနဲ့ နစ်နာမှုတော့ရှိတာပေါ့။

ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှ အာလူးစီးပွားဖြစ်စိုက်ပျိုးသူ ကိုကျော်ဇင်ထွန်းက ပြောသည်။

    မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုးရေးကို မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးလုပ်ကိုင်နေကြပြီး ပြည်တွင်းစားသုံးမှုနှင့် စိုက်ပျိုးထုတ်လုပ်မှု မျှတဖူလုံသော်လည်း ကုန်သည်ပွဲစားများမှ အကြောင်းအမျိုးမျိုးပြကာ အာလူးတင်သွင်းနေဆဲပင် ဖြစ်သည်။

အရင်ကတည်းကလည်း တင်သွင်းမှုတွေ နှစ်စဥ်လုပ်ခဲ့ကြတယ်။ အခုလိုကာလမှာတောင် နည်းအမျိုးမျိုးနဲ့ကို သွင်းနေတုန်းပဲ။ သွင်းအားစုတွေ၊ ဆီဈေးတွေ ကြီးမြင့်နေတဲ့အချိန်မှာတောင် အာလူးတွေက ဘင်္ဂလားဒေ့ရှ်ကဝင်တယ်။ အိန္ဒိယကဝင်တယ်။ အခုနောက်ပိုင်း တရုတ်ကလည်း ဝင်လာတယ်။ ကျွန်တော်တို့ ဆင်ဖြူကျွန်းဒေသကတောင်သူတွေလည်း နစ်နာသလို ရှမ်းပြည်က အာလူးစိုက်တောင်သူတွေလည်း နစ်နာတာပေါ့။ မူဝါဒအရတော့ အာလူးမျိုးလို့ ပြောနေပေမယ့် စားတဲ့ဈေးကွက်ကိုလည်း သွားနေမှာပါပဲ။

ဟု ၎င်းက ဆက်လက်ပြောသည်။ 

    ကုန်သည်ပွဲစားအများစုမှာ ပြည်တွင်းစိုက်ပျိုးမှုအတွက် "အာလူးမျိုး"လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်ပနိုင်ငံများမှ အာလူးတင်သွင်းခြင်းဖြစ်ပြီး၊ မျိုးစိုက်ပျိုးရန်ဟုတ်မဟုတ်နှင့် ပြည်တွင်းစားသုံးမှုဈေးကွက်သို့ ဦးတည်နေခြင်း ဟုတ်မဟုတ်ကိုမူ သက်ဆိုင်ရာဌာနအသီးသီးတို့မှ စနစ်တကျ စစ်ဆေးမှုများ ပြုလုပ်ပေးစေလိုကြောင်း တောင်သူများက ပြောသည်။

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

ပြောမယ်ဆိုရင်တော့အကြောင်းတရားတွေအများကြီးပါ ကျနော်အာလူးဝယ်ရောင်းစိုက်ပျိုးခဲ့တာအနှစ်လေးဆယ် ကျော်ပါပီ၊အရွယ်အရစာအရှည်ကြီးမရေးနိုင်မရေးခြင်လို့ စိတ်ဝင်စားရင်ကျနော့်ဖုံး၀၉၄၃၀၀၉၁၀၇ကိုဆက်မေးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။