အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြံနှင့်သကြားကဏ္ဍအတွက် နိုင်ငံတော်၏ပံ့ပိုးကူညီမှု များစွာလိုအပ်နေ

ကြံနှင့်သကြားကဏ္ဍအတွက် နိုင်ငံတော်၏ပံ့ပိုးကူညီမှု များစွာလိုအပ်နေ

    ကြံနှင့်သကြားကဏ္ဍအတွက် နိုင်ငံတော်၏ပံ့ပိုးကူညီမှု များစွာလိုအပ်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ပြောသည်။

ကြံနဲ့သကြားကဏ္ဍအတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးလိုအပ်နေပါတယ်။ ဥပမာ-ထိုင်းနိုင်ငံမှာဆိုရင် တစ်ရက်ကို တန် (၁၀,၀၀၀) ကြိတ်ဝါးတဲ့စက်တွေက အသေးဆုံးစက်ဖြစ်သွားပြီ။ ကျွန်တော်တို့ဆီမှာ တစ်ရက်ကို တန် (၂,၅၀၀) တို့၊ (၃,၀၀၀)တို့ အဲ့ဒီလောက်ပဲရှိသေးတယ်။ တန် (၅,၀၀၀၊ ၆,၀၀၀၊ ၇,၀၀၀) စက်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းမှာ ပေါ်လာတာ။ တစ်နှစ် နှစ်နှစ်ပဲ ရှိသေးတယ်။

ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဌဦးဝင်းဌေးက ပြောသည်။

    ကြိတ်ဝါးမှု ပမာဏများလေ၊ ကုန်ကျစရိတ် လျော့နည်းလေ၊ Product ထုတ်လုပ်မှုကွင်းဆက်အတွက် အရင်းအနှီးကုန်ကျစရိတ်နည်းသွားလေ ဖြစ်သဖြင့် ကြိတ်ဝါးတန်ပမာဏများများ ကြိတ်ဝါးနိုင်သည့် စက်များကို လိုအပ်ကြောင်း သိရသည်။

ကြိတ်ဝါးပြီး (အရည်ကို ညှစ်ယူပြီး) ထွက်လာတဲ့ ကြံဖတ်တွေရှိတယ်။ ကြံဖတ်တွေကို ဘွိုင်လာကိုမီးထိုးပြီး အဆင့်ဆင့်လုပ်ဆောင်ချက်တွေနဲ့ လျှပ်စစ်ထုတ်ယူလို့ရတယ်။ ပိုလျှံတာကို နိုင်ငံတော်ကို ထုတ်ရောင်းခွင့်ရဖို့ နိုင်ငံတော်က ပေါ်လစီတစ်ခု ချမှတ်ပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ သကြားထုတ်လုပ်တဲ့အခါ ထွက်လာတဲ့တင်လဲရည်က အရက်ချက်တဲ့နေရာမှာ (သူများနိုင်ငံတွေလို) ဓါတ်ဆီနဲ့ 5% ရောစပ်ပြီးတော့ သုံးမယ်ဆိုရင် ဒီဟာကလည်း ဝင်ငွေတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် လျှပ်စစ်ရောင်းချခွင့်ဖြစ်ဖြစ်၊ ကြံဖတ်ကို ဘယ်လောက်နှုန်းနဲ့ ဝယ်ပေးမယ်ဆိုတာမျိုးပဲဖြစ်ဖြစ် ပံ့ပိုးပေးစေချင်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။ 

     ထိုကဲ့သို့ ဝင်ငွေများ ရရှိလာပါက နိုင်ငံအတွင်းရှိ သကြားစက်များလည်ပတ်သည့် ကုန်ကျစရိတ် ကျဆင်းလာမည်ဖြစ်ပြီး သကြားထုတ်လုပ်မှုတိုးမြင့်လာနိုင်ခြင်း၊ ကြံစိုက်တောင်သူများအတွက်လည်း ကြံစျေးနှုန်းများ ကောင်းမွန်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း အဆိုပါအသင်းမှ သိရသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။