၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ၉ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းကျော်တင်ပို့ထား
ဆန်တင်ပို့ရောင်းချသည့် နိုင်ငံများမှ သိုလှောင်ဆန်များထုတ်ရောင်းရန် စီစဉ်နေချိန် မြန်မာနိုင်ငံက ယခုဘဏ္ဍာနှစ် ၉ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၁ သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ သတင်းရရှိသည်။
ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၅၀,၀၀၀ ကျော်ပိုများပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့သည်။ ထို့အပြင် ၀င်ငွေရရှိမှုသည်လည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာသန်း ၄၀ နီးပါးတိုးလာသည်ဟု သိရသည်။
ပြီးခဲ့သည်ဘဏ္ဍာနှစ် (၂၀၂၄-၂၅) ဧပြီမှ ဒီဇင်ဘာလအထိ ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မှုမှ ဒေါ်လာ ၆၃၆ သန်းရရှိပြီး ယခုဘဏ္ဍာနှစ်တွင်ဒေါ် လာ ၆၇၅ သန်း ရရှိထားသည်။

မြန်မာနိုင်ငံ၏ ပွင့်လင်းရာသီဖြစ်သော အောင်တိုဘာမှ ဒီဇင်ဘာလအတွင်းတစ်လ ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းခွဲကျော်မှ ၃ သိန်းကျော်အထိတင်ပို့နိုင်ခဲ့သည်။
ပွင့်လင်းရာသီတွင် နိုင်ငံတကာဈေးကွက်၌ မြန်မာ့ဆန် FOB (free on board) ဈေးသည် ဆန်ဖြူ ၅ မှတ် (အကျိုးအကြေ ၅ ရာခိုင်နှုန်း)ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၇ အထိဈေး ရရှိလာခဲ့သည်။
အဆိုပါဈေးနှုန်းသည် မြန်မာနိုင်ငံ၏ မိုးစပါးပေါ်ချိန် အောက်တိုဘာလနှင့် နှိုင်းယှဉ်လျှင် ဆန်တစ်တန်၏ တန်ဖိုး ၃ ရာခိုင်နှုန်း၀န်းကျင်မြင့်တက်ခဲ့သည်။ အောက်တိုဘာတွင် မြန်မာဆန်ဖြူ ၅ မှတ် တစ်တန်ဒေါ်လာ ၃၂၆ ၀န်းကျင် ဈေးဖွင့်ခဲ့သည်။
"ပြည်ပတင်ပို့တာတွေရှိပေမဲ့ ပြည်တွင်းဈေးကတော့သိပ်မပေါဘူး၊ exportဆန်ဈေးက ငြိမ်နေတယ် "ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိပြည်ပတင်ပို့နေသည့် ဆန်ကြမ်း ၁၀ မှတ် (အကျိုးအကြေ ၁၀%) က ပြည်တွင်းဈေးကွက်တွင် တစ်အိတ်လျှင် ကျပ်၅၂,၀၀၀ မှ ၅၃,၀၀၀အကြား၊ ၂၅ မှတ် (၂၅%) တစ်အိတ်လျှင် ကျပ် ၄၉,၅၀၀ မှ ၅၀,၅၀၀ ကျပ်ဈေးဖွင့်သည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....