အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယခုနှစ်မိုးရာသီတွင် သဖန်းဆိပ်ရေလှောင်တမံ၌ ရေဝင်ရောက်မှုလျော့နည်း၍ စိုက်ခင်းများကို အလှည့်ကျရေပေးဝေမည်

ယခုနှစ်မိုးရာသီတွင် သဖန်းဆိပ်ရေလှောင်တမံ၌ ရေဝင်ရောက်မှုလျော့နည်း၍ စိုက်ခင်းများကို အလှည့်ကျရေပေးဝေမည်

Green Way
Green Way • Greenovator • 24/09/2019

ရန်ကုန်၊ စက်တင်ဘာ ၂၃

   ယခုနှစ်မိုးရာသီတွင် သဖန်းဆိပ်ရေလှောင်တမံ၌ ရေဝင်ရောက်မှုနည်းပါးပြီး ယခင်နှစ်ပမာဏများထက် များစွာလျော့နည်းလျက်ရှိသောကြောင့် ပျိုးထောင်၊ မြေပြင်၊ စိုက်ပျိုး၊ အပင်ဖြစ်ရေနှင့် အောင်ရေတို့အတွက် အလှည့်ကျရေပေးဝေသွားမည်ဟု ရွှေဘိုခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။

   စစ်ကိုင်းတိုင်းဒေသကြီးရှိ သဖန်းဆိပ်ရေလှောင်တမံဆည်ရေသောက်စနစ်သည် ရွှေဘိုပေါ်ဆန်းဆန်ကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်တွင် ၄၈၄,၀၆၅ ဧက စိုက်ပျိုးရန်လျာထားကာ စက်တင်ဘာလ ၂၀ ရက်နေ့အထိ ၄၇၁,၇၄၁ ဧက၊ ၉၇ ဒသမ ၄၅ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

   လက်ရှိအချိန်အထိ စနစ်တကျချွေတာစုဆောင်းထားသည့် လက်ကျန်ရေနှင့် ကျန်မိုးနှောင်းကာလတွင် သဖန်းဆိပ်ရေလှောင်တမံအတွင်း ထပ်မံဝင်ရောက်လာသည့်ရေများဖြင့် စိုက်ပျိုးထားသည့်မိုးစပါးများ အောင်မြင်သည်အထိ ဆည်ရေလုံလောက်မျှတစွာ ရရှိစေရန်နှင့် ရွှေဘိုမြို့လူထုအနေဖြင့် သောက်သုံးရေကို လိုအပ်သလိုပေးဝေနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

   ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုလျော့နည်းသည့် အခြေအနေအရ စိုက်ပျိုးရေကိုခြိုးခြံချွေတာပြီး အနည်းဆုံးရေပမာဏဖြင့် ပေးဝေနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ညွှန်ကြားလျက်ရှိကာ ဦးစီးဌာနကထုတ်ပြန်ထားသည့် ရေလှည့်စနစ်များအတိုင်း လိုက်နာအကောင်အထည်ဖော်နိုင်ရန် ဝန်ထမ်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများပူးပေါင်း၍ စိုက်ပျိုးရေမျှတစွာသုံးစွဲရန် ဆောင်ရွက်ပေးဝေလျက်ရှိသည်။

  သဖန်းဆိပ်ရေလှောင်တမံတွင် ရေဝင်ရောက်မှု လျော့နည်းနေသည့်အခြေအနေအရ တောင်သူများအနေဖြင့် ဆည်ရေကို ခြိုးခြုံချွေတာပြီး သုံးစွဲကြရန်၊ ရေသောက်တောင်သူအချင်းချင်း ညီညွတ်မျှတသည့်စိတ်ဓာတ်ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သတ်မှတ်ထားသည့် ရေလှည့်ဇယားများအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေအခက်အခဲများဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများကို ဆက်သွယ်လာပါက ညှိနှိုင်းစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနက သိရသည်။

   ထို့အပြင် မိုးစပါးအောင်ရေပေးဝေပြီးနောက် တမံအတွင်း ရေသိုလှောင်ထားနိုင်မှု အခြေအနေအပေါ် မူတည်၍ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရာသီတွင် တောင်သူတွက်ချေကိုက်ပြီး ရေလိုအပ်ချက်နည်းသည့် သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးနိုင်ရန်အတွက် တောင်သူလယ်သမားများ၊ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့များနှင့် လိုအပ်သလိုစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။ 

အေးအေးမြင့်(ABM)

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။