မြန်မာ့ရော်ဘာဈေး ပြန်လည်ဦးမော့လာမည်ဟု ထုတ်လုပ်သူအသင်း ဥက္ကဌပြော
လတ်တလောတွင် ကမ္ဘာ့ရေနံဈေးနှုန်းတက်လာမှုကြောင့် မြန်မာ့ရော်ဘာဈေး ပြန်တက်လာမည်ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးအောင်မြင့်ထူးက ပြောသည်။
“ရေနံနဲ့ ရော်ဘာက ယှဉ်တွဲနေတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းကို အခြေခံထားတာဆိုတော့ အများကြီးလည်း မှန်းလို့မရဘူးပေါ့လေ။ ရေနံဈေးက တောက်လျှောက်တက်နေတာ။ အခြေအနေပြန်ကောင်းလာမှာပါ။ တက် မယ်လို့လည်း ယူဆပါတယ်”ဟု ဦးအောင်မြင့်ထူးက စက်တင်ဘာ ၂၄ ရက်(ယမန်နေ့)တွင် ပြောသည်။
လက်ရှိ အရည်အသွေးမြင့် Rss3 ရော်ဘာအမျိုးအစားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၂၅ဝ နှင့် ၁,၃ဝဝ ဝန်ကျင်း ဈေးပေါက်ပြီး ဈေးနှုန်းအတက်အကျဆိုသည်ထက် အပင်မျိုးကောင်းရန်နှင့် ထုတ်လုပ်မှုတိုးတက် အောင်လုပ်ရန် အဓိကကျပြီး ထုတ်လုပ်မှုကောင်းလျှင် အရှုံးမပေါ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာပြည်ထုတ်ရော်ဘာအချောပြား တစ်ပေါင်လျှင် ကျပ် ၉ဝဝ ဝန်းကျင်ဈေးနှုန်းရှိပြီး ရော်ဘာကုမ္ပဏီဘက်မှ ဝယ်လက်မကုန်သေးသဖြင့် အထူပြားအတွက် ဈေးနှုန်းဖွင့်ဝယ်ခြင်း မရှိသေးသောကြောင့် တစ်ပေါင်လျှင် ၆၅ဝ ကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိနေသည်ဟု မွန်ပြည်နယ်၊ မုဒုံမြို့မှ ရော်ဘာအဝယ်ဒိုင် ဒေါ်မအေးကြည်က ပြော သည်။
ယခင်နှစ်က ရော်ဘာအချောပြားတစ်ပေါင်လျှင် ၈၅ဝ ကျပ်အထိသာ ဈေးနှုန်းရရှိခဲ့ပြီး အရည်အသွေးမြင့် ထုတ်လုပ်ရောင်းချသော်လည်း အထူပြားဈေးနှုန်းထက် အနည်းငယ်သာ ပိုရရှိသည့်အပေါ် တောင်သူအများစု ရော်ဘာအချောပြား ထုတ်လုပ်မှု နည်းသွားသည်ဟု ရော်ဘာတောင်သူများက ဆိုသည်။
“ မနှစ်က ရော်ဘာအချောပြား တစ်ပေါင် ၈ဝဝ ကျပ်၊ အဲ့လောက်ပဲ ရလိုက်တယ်။ အချောပြားထုတ်လည်း ကုမ္ပဏီတွေက အထူပြားဈေးနဲ့ ၁ဝဝ ကျပ် လောက်သာ ဈေးပေးတယ်။ အချောပြားထုတ်ဖို့ အဆောက်အအုံ၊ နေရာ၊ သုံးရမဲ့ပစ္စည်းကအစ ကုန်ကျစရိတ်ကာမိအောင် ဈေးမရတော့ အများစု အထူပြားပဲ ထုတ်လုပ်ကြတယ်။ အရည်အသွေးကောင်းဖို့နဲ့ မျိုးကောင်းစနစ်စိုက်ဖို့ တာဝန်ရှိသူတွေက အော်နေတာပဲ၊ အပင်မျိုးမှန်ရဖို့နဲ့ အောက်ခြေမှာ ဈေးနှုန်းကစားတာတွေ စိစစ်မှုနည်းတယ်”ဟု ရော်ဘာလုပ်ငန်းရှင် ဦးစောနိုင်က ပြောသည်။
၂ဝ၁၂ ခုနှစ်က ရော်ဘာတစ်ပေါင်လျှင် ကျပ် ၁,၅ဝဝ ကျော်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပြီးနောက် ၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၅ ခုနှစ်များတွင် ကျပ် ၅ဝဝ အထိ ကျဆင်းလာခဲ့ပြီး ယခုနှစ် ရော်ဘာအစေးဖွင့်ရာသီ (ရော်ဘာခြစ်ရာသီ) ကာလတွင် တစ်ပေါင်လျှင် ၉ဝဝ ကျပ်အထိ ဈေးနှုန်းပြန်တက်လာသည်ဟု ရော်ဘာအဝယ်ဒိုင်များထံမှ သိရ သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧကပေါင်း ၁၆ သိန်းခန့်ရှိပြီး တစ်နှစ်လျှင် ရော်ဘာထုတ်လုပ်မှု တန်ချိန် နှစ်သိန်းဝန်းကျင်ထွက်ရှိကာ ၉ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး ပြည်တွင်းသုံးစွဲမှုမှာ ၈ ရာခိုင်နှုန်း သာရှိသည်ဟု ရော်ဘာထုတ်လုပ်သူ လုပ်ငန်းရှင်များ၏ မှတ်တမ်းအရ သိရသည်။
KIC
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026