ဈေးကွက်အားသာချက်တွက်ဆ၍ ပြည်ပစပျစ်မျိုးတချို့ကို စမ်းသပ်စိုက်ပျိုးလာကြ
စပျစ်စိုက်ပျိုးသူများအနေဖြင့် ရေရှည်ဈေးကွက်အားသာချက်များကို တွက်ဆ၍ ပြည်ပ စပျစ်မျိုးတချို့ကို စမ်းသပ်စိုက်ပျိုးလာကြကြောင်း သိရသည်။
လက်ရှိအခြေအနေမှာ စပျစ်သီးဈေးကွက်က တည်ငြိမ်နေတယ်။ ပုံမှန်လေးတော့ တက်နေတယ်။ လောလောဆယ် အသီးထွက်တာနည်းနေသေးတာကြောင့် ဈေးကွက်ကလည်း နည်းနည်းအေးနေသေးတာပါ။ သို့သော် စပျစ်မျိုးတွေ ရောင်းချနေတဲ့အပိုင်းက ပိုပြီးအဆင်ပြေနေတယ်။ စိုက်ပျိုးတဲ့သူတွေက နိုင်ငံခြားမျိုးတချို့ကိုပါ စမ်းသပ်စိုက်ပျိုးလာကြပြီ။ တောင်သူငယ်တွေလည်း အခုနောက်ပိုင်းမှာ နိုင်ငံခြားမျိုးတွေကို တစ်စစနဲ့ စိုက်လာကြတာတွေ့ရတယ်။
ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ အလယ်ကုန်းအုပ်စု၊ ဆေးပုလဲကုန်းကျေးရွာရှိ “ပုလဲ စပျစ်စိုက်ပျိုးရေး”မှ ကိုလှိုင်ထွန်းက ပြောသည်။
ပြည်တွင်း၌ လက်ရှိစိုက်ပျိုးနေသည့် စပျစ်မျိုးများအနက် Italy No-3, Black Queen, Cardinal စသည့် စပျစ်မျိုးများမှာ ဝိုင်ထုတ်လုပ်ရန်သင့်တော်သည့် စပျစ်အမျိုးအစားများဖြစ်ပြီး၊ Red Globe နှင့် သီးချွန်းမျိုးသည် Table အုပ်စု (စားစပျစ်မျိုး)များ ဖြစ်သည်။
ဘာဖြစ်လို့ နိုင်ငံခြားမျိုးတွေကိုစိုက်လာကြလဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ စပျစ်မျိုးတွေက ဝိုင်ထုတ်လုပ်တဲ့ စပျစ်မျိုးတွေများနေတယ်။ အဲ့ဒီတော့ စားစပျစ်သီးတွေ ပြည်ပက ဝင်လာတဲ့အခါ ပြည်တွင်းကစပျစ်သီးနဲ့နှိုင်းယှဉ်ရင် အရည်အသွေးကွာခြားနေတယ်။ အရည်အသွေးကွာခြားတဲ့အတွက် ဈေးကွက်ဝေစုရရှိတာမှာလည်း ကွာသွားတယ်။ ဒီလိုမျိုး ပြည်ပစပျစ်သီးတွေ အဝင်ခံမယ့်အစား ပြည်ပကစပျစ်မျိုးကို ဒီမှာလည်းစိုက်ကြည့်မယ်ဆိုပြီး တောင်သူတွေက စမ်းသပ် စိုက်ပျိုးလာကြတာပါ။
ဟု ကိုလှိုင်ထွန်းက ဆက်လက်ပြောသည်။
စမ်းသပ်ကာလအနေဖြင့် စတင်စိုက်ပျိုးနေသည့် ပြည်ပစပျစ်မျိုးများမှာ လသားပျိုးပင် (ပြည်တွင်း၌ ပြန်လည်ပျိုးထောင်ရောင်းချသည့် ပျိုးပင်) နှင့် နှစ်သားပျိုးပင် (ပြည်ပမှ တိုက်ရိုက်တင်သွင်းထားသည့် ပျိုးပင်) ဟူ၍ (၂) မျိုးရှိပြီး၊ ပျမ်းမျှအားဖြင့် အပင်သေးတစ်ပင်လျှင် ငွေ (၂,၀၀၀) ကျပ် ဝန်းကျင်ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကစိုက်ပျိုးနည်းလမ်းလေသိရင်ပြောပြပေးပါ
Ko Wai Lin Htun
လွန်ခဲ့သော ၅ နှစ် ကဧရာဝတီတိုင်းဒေသကြီးမှာစိုက်လို့အဆင်ပြေပါ့မလားခင်ဗျာပြောပေးပါဦး။
ဦးဇင်မင်းထွန်း
လွန်ခဲ့သော ၅ နှစ် ကလိုချင်တာ
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022