တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်
ဒီအပတ်တော့ မြန်မာ့ရော်ဘာသတင်းတပုဒ်ကို ကိုပြောပြချင်တယ်။ သတင်းခေါင်းစဉ်က "ရော်ဘာအိတ်စပို့ တက်လာပေမယ့် အထွက်က အားရစရာမရှိသေး" တဲ့ ။ ဒီဘဏ္ဍာရေးနှစ်မှာ မြန်မာအနေနဲ့ ရော်ဘာတန်ချိန် ၁၅၀၀၀၀ တင်ပို့ဘို့ရှိနေတယ်တဲ့။ မနှစ်က တင်ပို့လိုက်တာက တန် ၁၄၀၀၀၀ ဆိုတော့ များလာတာအသေအချာပေါ့။ ဒါပေမယ့် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အင်္ဂလိပ်လိုတော့ Myanmar Rubber Planters and Producers Association အတိုကောက် MRPPA ရဲ့ အတွင်းရေးမှူး ဦးခိုင်မြင့် ပြောတာက မြန်မာ့ရော်ဘာထုတ်လုပ်မှုဟာ ဖြစ်သင့်တာထက်နည်းနေတယ်တဲ့။
ဦးခိုင်မြင့်ပြောတာက စိုက်ဧကနဲ့ပဲတွက်တွက်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပဲ နှိုင်းယှဉ်ယှဉ် မြန်မာ့ရော်ဘာအထွက်က နည်းနေတယ်တဲ့။ ရော်ဘာအထွက်ကို တစ်နှစ်ကို တစ်ဧကမှာ ဘယ်နှပေါင်ထွက်တယ်လို့ပြောရင် မြန်မာနိုင်ငံကပျမ်းမျှ ပေါင် ၇၀၀ ခန့်သာထွက်တယ်။ ၇၀၀ ပေါင်/ဧက/နှစ်ပေါ့။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ပေါင် ၁၆၀၀ နဲ့ အိန္ဒိယမှာ ပေါင် ၁၈၀၀ ထွက်တယ်။ သူတို့ရဲ့ ပျမ်းမျှအထွက် ပေါင် ၁၀၀၀ နဲ့ယှဉ်ကြည့်လိုက်ရင် အတော်နည်းနေတာတွေ့ရတယ်။
" ဆိုတော့ မြန်မာ့ ရော်ဘာအထွက်နှုန်းအဆင့်ဟာ အခြားရော်ဘာထွက် တိုင်းပြည်တွေရဲ့ တစ်ဝက်မျှသာရှိနေတယ်။ ဒါကဘာကိုပြလဲဆိုတော့ မြန်မာတွေက မျိုးအမှားကို သုံးနေကြလို့ပဲ" လို့ ဦးခိုင်မြင့်က ပြောပါတယ်။ မြန်မာတွေသုံးနေတဲ့မျိုးက အထွက်နည်းတဲ့ မျိုးဖြစ်နေလို့ပဲ။ တစ်ဧကကို တစ်နှစ် ပေါင် ၅၀၀ ကနေ ပေါင် ၁၀၀၀ အထိထွက်တဲ့မျိုးကိုသာ သုံးနေကြတော့ ပျမ်းမျှအထွက်က ပေါင် ၇၀၀ လို့ဆိုတာပါပဲ။ ခုလောလောဆယ် ရော်ဘာစိုက်ဧက ၇၅၀၀၀၀ ရှိတယ်ဆိုတော့ မြန်မာ့ရော်ဘာအထွက်ကို မှန်းကြည့်လို့ရပါတယ်။
ရော်ဘာက နှစ်ရှည်ပင်။ ခြစ်ရဘို့ ၇ နှစ်စောင့်ရတယ်။ မျိုးညံ့ကိုသုံးမိရင် ရင်းရတဲ့ အချိန်၊ ငွေအား၊ လူအားစတာတွေတွက်လိုက်ရင် အတော်နစ်နာတယ်။ ညံ့မညံ့ဆိုတာ ထွက်လာမှသိရင်လည်း။ ရုတ်တရက် အစားထိုးပြန်စိုက်ဘို့ဆိုတာကလည်း မလွယ်တော့ဘူး။ စိုက်မယ်ကြံရင် မျိုးသေချာရွေးကြပါလို့။
ကမ္ဘာ့ရော်ဘာဈေးကိုကြည့်ရင် တိုကျိုရဲ့ စံထားတဲ့ ကန်ထရိုက်ရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်တက်လာပါတယ်။ ၄ ရက်ဆက်တိုက်ကျခဲ့ကာ ပြီးခဲ့တဲ့နေ့က ၂၂ လအတွင်းအနိမ့်ဆုံးဈေးကိုရောက်ခဲ့ရာမှ ပြန်တက်လာတာပါ။ ရှန်ဟိုင်းရော်ဘာဈေးပြန်ရလာတာနဲ့ ကုန်သည်တွေက ဈေးအကျမှာ လိုက်ဝယ်ကြလို့ပါပဲ။ အဝယ်လိုက်တော့ ဈေးပါလိုက်လာပါတယ်။
ဈေးကွက်မှာ ရောင်းတာက မတရားများနေပြီးဆိုတော့ ပြန်ဝယ်ကြတာပေါ့လေ။၊ ရှန်ဟိုင်းဈေးပြန်ရလာတာလည်း ဈေးတက်ဘို့ အထောက်အပံ့ဖြစ်တယ်။
အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အရိပ်ထိုးတဲ့ TOCOM ရော်ဘာဈေးဟာ အင်္ဂါနေ့မှာ ၂၀၁၆ ခု အောက်တိုဘာ ၅ ရက်ကစတွက်ရင် အနိမ့်ဆုံးဈေးကိုရောက်သွားတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးကတောက်ကဆတ်ဖြစ်မှု မြင့်တက်လာတော့ စိုးရိမ်ပြီး ဈေးကိုဆွဲချသွားတာပါ။
TOCOM ရဲ့ ဒီဇင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ ၂.၁ ယန်း သို့မဟုတ် ၁.၃% တက်ကာ ၁၆၈.၄ ယန်း($၁.၅၂)/ ကီလိုဂရမ်နဲ့ ဈေးပိတ်သွားတယ်။
လာအိုရေကြီးတဲ့သတင်းကလည်း မဲခေါင်ဒေသတွင်း ရော်ဘာအထွက်လျော့မှာ စိုးရိမ်စရာဖြစ်နေပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံအစွန်အဖျားမှာ ဆည်ကျိုးပြီးနောက် လူ ၁၉ ဦး သေဆုံးပြီး ၃၀၀၀ ကျော်ကို ကယ်ဆယ်ဘို့လိုအပ်နေတယ်လို့ လာအိုသတင်းဌာနတွေက ဗုဒ္ဓဟူးနေ့တုန်းက ပြောထားတယ်။
ကြာသပတေးနေ့မှာ တိုကျိုရဲ့စံထားရော်ဘာဟာ ဈေးကျသွားတယ်။ ကမ္ဘာ့အကြီးဆုံးဝယ်လက်ဖြစ်တဲ့ တရုတ်ရဲ့ ဝယ်လိုအား နည်းသွားမှာကို စိုးရိမ်လို့ပါ။ ဒါကလည်း ကုန်သွယ်ရေးအခြေအနေတင်းမာမှုက မြင့်တက်လာတာကိုး။ ဘေကျင်းက အမေရိကန်သံရုံးရှေ့မှာ ပေါက်ကွဲမှုတခုဖြစ်ခြင်းက နိုင်ငံရေးအခြေအနေတည်ငြိမ်မှုကို ခြိမ်းခြောက်လာပြီလေ။
" ရင်းနှီးမြှုပ်နှံသူတွေက တရုတ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေနှစ်ခုလုံးအပေါ် စိုးရိမ်ပူပန်မှုတွေဖြစ်လာတယ်။ ယူအက်စ်နဲ့ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲက ဆက်ဖြစ်နေတယ်မဟုတ်လား။" လို့ သူက ပြောပါတယ်။
မိုးသည်းထန်မှုကြောင့် ယူနန်ပြည်နယ်ရဲ့ ရော်ဘာအထွက်ကို ထိခိုက်မှုအချို့ ရှိတယ်လို့လည်းကြားတယ်။ ထိခိုက်လို့ရော်ဘာအထွက်နည်းရင် ထုံးစံအတိုင်း ဈေးပိုပေးဝယ်ရမှာဖြစ်ပေမယ့် ခုအချိန်က တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် စိုးရိမ်နေတော့ ဈေးကတော့ ဖိအားရှိနေဆဲပါ။ ဒီနေ့သောကြာ ဈေးပိတ်ချိန်မှာတော့ ရှန်ဟိုင်းက အကျနဲ့ ပိတ်ကာ (၁၀ ယွမ်) တိုကျိုက အနည်းငယ်အတက်နဲ့(ဝ.၉ ယန်း) ပိတ်ပါတယ်ခင်ဗျ။
ညီသွေး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Nyi Thway
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....