အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

AMIA
AMIA • Greenovator • 31/01/2020

ဆန်၊ စပါး

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချောသစ်ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ အဝင်တွေလည်း များလာပြီဖြစ်တဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပြီးအရောင်းအဝယ်ကတော့ အေးနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းသစ်ရှယ်က တစ်အိတ်ကို ၃၀၀၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေး၊ မြောင်းမြပေါ်ဆန်းသစ်ရှယ်က တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဆန်ကြမ်းဈေးတွေကတော့ အနည်းငယ်တက်လာပါတယ်။ ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ ဧည့်မထဆန်က တစ်အိတ်ကို ၂၀၀၀၀ ကနေ ၂၁၀၀၀ ကျပ်ရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ချောထက် ဆန်ကြမ်းကို အဝယ်လိုက်နေတယ်လို့လည်း သိရပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ဒီတစ်ပတ်က ပုံမှန်ဝယ်ယူမှုတွေ ရှိနေပါတယ်။

နတ်တလင်း ဈေးကွက်မှာတော့ တောင်ပြန်စပါးဈေးက တင်း ၁၀၀ ကို ၆၅၀၀၀၀ ပေါက်ဈေးရှိပြီး  ၁ သိန်းကျော်လောက် ဈေးကျဆင်းသွားပါတယ်။ တောင်ပြန်စပါးမျိုး မရှိတော့တဲ့အတွက် အရောင်းအဝယ် လည်း မရှိတော့ဘူးလို့သိရပါတယ်။

မတ်ပဲ

ပြီးခဲ့တဲ့ အပတ်က ဈေးတက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ပြန်ပြီးကျဆင်းသွားခဲ့ပါတယ်။ ပဲဝယ်ယူခွင့် ပါမစ် ချလိုက်တဲ့အချိန် ဈေးကတက်သွားနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် တောင်သူတွေက ထပ်ပြီးဈေးအတက်ကို  စောင့်နေတဲ့အတွက် ထုတ်မရောင်းပဲဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ 

အိန္ဒိယကလည်း လက်ကျန် ဈေးကွက်ထဲက ပဲတွေ မဟုတ်ပဲ ပဲအသစ်တွေသာ ဝယ်ယူမှာဖြစ်တဲ့ အတွက်ကြောင့် လတ်တလော အခြေအနေက ဈေးက လက်ကျန်ပဲတွေသာ အရောင်းအဝယ် ဖြစ်နေကြတာပါ။ မတ်လ အကုန်ထိ တင်သွင်းခွင့်ရရှိမှာဖြစ်တာအတွက်ကြောင့် လာမယ့် ဖေဖော်ဝါရီလ မှာတော့ ဈေးက ပြန်ပြီး တက်နိုင်တယ်လို့ ကုန်သည် အများစုက မျှော်မှန်းထားပါတယ်။

မတ်ပဲက ဒီတစ်ပတ်မှာ တစ်တန်ကို ၁၀၆၈၀၀၀ အထိ ဈေးက ကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်သိန်းလောက်ထိ ကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၂၇၅၀ ပေါက်ဈေးရှိပြီး ၁၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄၁၅၀ ပေါက်ဈေးရှိပြီး ၈၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၃၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီဈေးကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးက ကျဆင်းသွားပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန် ရှိနေပေမယ့် အဝင်များတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေတာလို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၁၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ၊မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၆၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၉၀၀ ပေါက်ဈေးရှိပြီး ၁၁၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ကုလားပဲ

ကုလားပဲဈေးကတော့ ပြန်ပြီး ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက အေးနေတာဖြစ်ပါတယ်။ အခြား ပဲတွေကလည်း ဈေးကွက်အတွင်း အများအပြား ဝင်ရောက်လာတဲ့အတွက် အရောင်းအဝယ်အေးပြီး ဈေးကျဆင်းသွားတာပါ။

မုံရွာဈေးကွက်မှာ ကုလားပဲ လုံးဝါ(ကြီး၊ သေး)က တစ်တင်းကို ၂၅၃၀၀ ကနေ ၂၇၃၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ၊ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၆၇၀၀ ကနေ ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက ၂၇၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဝါကြီးက ၂၇၆၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

ပခုက္ကူုကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၆၈၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ် ဈေးကျဆင်းသွားပြီး ကုလားပဲလုံးဝါကြီးက တစ်တင်းက ၂၆၈၀၀ ပေါက်ဈေးရှိပြီး ၁၃၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

ပဲလွန်းဖြူ

ပဲလွန်းဖြူကလည်း ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ ဆက်တိုက်ဝင်ရောက်လာ တဲ့အတွက်ကြောင့်  ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၄၅၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ၇၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။

(၂၇.၁.၂၀၂၀ မှ ၃၁.၁.၂၀၂၀ )ထိ

ဝတ်ရည်မွန်(AMIA)

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။