ယခုနှစ် ဆောင်းအာလူးပေါ်ချိန် အထွက်နှုန်းတိုးလာသော်လည်း ဈေးနှုန်းကျဆင်းနေ
ယခုနှစ်တွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ဆောင်းအာလူး ထွက်ပေါ်ချိန်တွင် အထွက်နှုန်း တိုး လာသော်လည်း ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း အာလူးစိုက်တောင်သူများက ပြောကြားသည်။
“ အာလူး အမျိုးအစားအလိုက် တစ်ဧက ကုန်ကျစရိတ် ကွာခြားတယ်။ ထွက်ရှိလာတဲ့ အာလူးတွေကို ပွဲရုံသွင်း ဈေးက တစ်ပိဿာကို ကျပ် ၃,၀၀ ကနေ အများဆုံး ကျပ် ၆,၀၀ အထိရတယ်။ အရည်အသွေးကောင်း မျိုးစိုက်ခဲ့လို့ အထွက်နှုန်းက အရင်နှစ်ကထက် တစ်ဧကကို ပိဿာချိန် ၄၅လောက် ပိုထွက်လာတယ် ” ဟု မန္တ လေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှ အာလူးစိုက်တောင်သူ ဦးအောင်ဆွေဦးက ပြောသည်။
ဆောင်းအာလူးကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ကြပြီး အာလူး အမျိုးအစားအလိုက် ပွင့်ဖြူမျိုး၊ ဘောလုံးမျိုး၊ အခြားဒေသမျိုး တစ်ဧကလျှင် အလုံးကြီး ပိဿာချိန် ၁,၀၀၀ ခန့်၊ အလုံးလတ် ပိဿာချိန် ၃,၂၀၀ ခန့်၊ အလုံးသေး ပိဿာချိန် ၈၀၀ ခန့် ထွက်ရှိသည်။
တရုတ်အာလူးမျိုး စိုက်ပျိုးပါက တစ်ဧကလျှင် အလုံးကြီးပိဿာချိန် ၆,၀၀၀ ခန့်၊ အလုံးလတ် ပိဿာချိန် ၁,၄၀၀ ခန့်၊ အလုံးသေး ပိဿာချိန် ၆၀၀ ခန့် စုစုပေါင်း ပိဿာချိန် ၈,၀၀၀ ခန့် ထွက်ရှိပြီး နယ်သာလန်အာလူးမျိုး စိုက်ပျိုးပါက တစ်ဧကလျှင် အလုံးကြီး ပိဿာချိန် ၇,၂၀၀ ခန့်၊ အလုံးလတ် ပိဿာချိန် ၈၅၀ ခန့်၊ အလုံးသေး ပိဿာချိန် ၄၅၀ ခန့် ထွက်ရှိကြောင်း သိရသည်။
“ ရန်ကုန်ကို အာလူး တစ်ပိဿာ သယ်ယူပို့ဆောင်ခ ကျပ် ၄၀ ပေးရတယ်။ တစ်ခြားကုန်ကျ စရိတ်တွေလည်း ရှိတော့ တောင်သူတွေကို ဈေးကောင်း မပေးနိုင်တာလည်း ပါတယ်။ အာလူးက သိုလှောင်တဲ့အခါမှာ အလျော့ တွက်လည်း များတယ်။ အခုနောက်ပိုင်း ပွဲရုံတွေက အစိုဓာတ်ပါရင် ပါသလို ဈေးနှိမ်တယ်။ အစိုဓာတ်နည်း ရင်တော့ တစ်ပိဿာကို ကျပ် ၉၀ လောက် ဈေးပိုပေးတယ် ” ဟု စစ်ကိုင်းမြို့ရှိ အာလူးစိုက်တောင်သူ ကိုမျိုး ထက်က ပြောသည်။
အာလူးသီးနှံမှာ တူးဖော်စဉ်ကပင် အစိုဓာတ်ပါ လာခြင်း၊ ဘက်တီးရီးယား၊ မှိုရောဂါနှင့် ဗိုင်းစ်ရပ် ကပ်ပါးပိုးများ ပါဝင်လာနိုင်ခြင်းတို့ကြောင့် သိုလှောင်စဉ် ကာလမှာ ဥထိုးဖလံပိုးများ ကျရောက်တတ်ပြီး သိုလှောင်မှု မပြုလုပ်မီကပင် ပိုးသတ်ဆေးဖျန်းကာ ကာကွယ် မှုများ ပြုလုပ်ရခြင်းကြောင့် အလျှော့ထွက်များလာကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံထွက် အာလူးများကို အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငများသို့ ကုန်ကြမ်း၊ ကုန်ချော အ နေဖြင့် အနည်းငယ်တင်ပို့မှုများ ရှိနေသော်လည်း အဆိုပါနိုင်ငံတို့၏ နည်းပညာနှင့် ဈေးကွက်ကြီးမားမှုကြောင့် အခြားနိုင်ငံ ဈေးကွက်များသို့ ထိုးဖောက်ရန် ခက်ခဲနေကြောင်း မန္တလေးမြို့ရှိ စိုးပွဲရုံပိုင်ရှင် ဦးကျော်ကျော်စိုးက ပြောသည်။
“ WTO အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်း ပိတ်ပင်ထားတဲ့ စာရင်းမှာ အာလူးသီးနှံ ပါဝင်မှုမရှိတာ ကြောင့် အာလူးဟာ ကန့်သတ်ထားခြင်း မရှိဘဲ လွတ်လပ်စွာ တင်ပို့၊ တင်သွင်းနိုင်တဲ့ ကုန်စည်တစ်ခု ဖြစ်ပါ တယ်။ ဒါကြောင့် ဈေးကွက်အနေအထားအပေါ် မူတည်ပြီး လွတ်လပ်စွာ ကုန်သွယ်ခွင့်ရှိတဲ့ စားဖိုဆောင်သီးနှံ တစ်မျိုးလည်းဖြစ်တော့ ပြည်ပကို တိုးတက်ပို့နိုင်ဖို့ ပံ့ပိုးအားလိုအပ်တယ်။ ဒီလိုဈေးကွက် ကြီးမားလှတဲ့ အာလူး ကို မြန်မာနိုင်ငံမှာလည်း ကျယ်ပြန့်စွာ စိုက်ပျိုးနေကြပေမယ့် တောင်သူများအဖို့ စိုက်ပျိုးစရိတ် ကြီးမားပြီး ဆုံးရှုံး နေတာကို လေ့လာတွေ့ရှိ နေရပါတယ်။ တောင်သူတွေရဲ့ ဆုံးရှုံးမှုဟာ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုဖြစ်တာကြောင့် နိုင်ငံအတွက်လည်း နစ်နာပါတယ်။ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး စိုက်ပျိုးလိုက်ပေမယ့် နည်းစနစ်၊ မျိုး၊ ရာသီဥတုနဲ့ ပိုးမွှားတို့ကြောင့် ဆုံးရှုံးရပါက ပိုပြီးတော့ နစ်နာပါတယ်။ စိုက်သာစိုက်ရ အရည်အသွေး မမီရင်လည်း ဆုံးရှုံးမှုက ကြီးလွန်းလှပါတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
အာလူးစိုက်ပျိုးရာတွင် အမျိုးအစားအလိုက် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ပွင့်ဖြူမျိုး တစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ ခန့်၊ တရုတ်မျိုး တစ်ဧကလျှင် ကျပ် ၁၆၀,၀၀၀ ခန့်၊ နယ်သာလန်မျိုး တစ်ဧကလျှင် ၁၈၀,၀၀၀ ခန့် ကုန်ကျပြီး ထွက်ရှိလာသည့် အာလူးများကို ရန်ကုန်ဈေးကွက်နှင့် အောက်မြန်မာနိုင်ငံ ဒေသများသို့ ဆက် လက်ဖြန့်ချိပြီး၊ မန္တလေး၊ မုံရွာဈေးကွက်မှ အထက်မြန်မာပြည် ဈေးကွက်များသို့ ဆက်လက်ဖြန့်ဖြူးကြကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာလူးကို နွေ၊ မိုး၊ ဆောင်း သုံးရာသီးလုံးတွင် စိုက်ပျိုးမှုရှိပြီး နှစ်စဉ် အထွက်နှုန်း ပျမ်း မျှတန်ချိန် ၅၆၃,၂၀၆ ခန့်ရှိပြီး၊ ပြည်တွင်း သုံးစွဲမှုအနေဖြင့် တန်ချိန် ၃၅၄,၂၈၁ ခန့်သာရှိသဖြင့် နှစ်စဉ် ပျမ်းမျှ တန်ချိန် ၂၀၈,၉၂၅ ခန့် ပိုလျှံမှု ရှိနိုင်ကြောင်း စိုက်ပျိုးရေးဌာန၏ စာရင်းများအရ သိရသည်။
ဇာလင်းသူ(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....