ဆိတ်ပုလိပ်ရောဂါ ( Goat Plague)
- Morbilli ဟု ခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး သိုးနှင့် ဆိတ်များတွင် ရောဂါဖြစ်ပွားမှုများပြီး သေနှုန်းမြင့်သော ရောဂါတစ်ခုဖြစ်ပါသည်။
- ဤရောဂါပိုးသည် သိုးနှင့်ဆိတ်များတွင် အဓိကဖြစ်ပွားပြီး သွားဖုံးများရောင်ခြင်း၊ ပါးစပ်တွင် အနာများဖြစ်ခြင်း၊ နှာခေါင်းနှင့် ပါးစပ်များမှ ပြည်ကဲ့သို့ အကျိအချွဲများ ထွက်နေခြင်းနှင့် ဝမ်းလျောခြင်းများ စသည့်လက္ခဏာများ ဖြစ်ပေါ်သေဆုံးနိုင်ပါသည်။
ရောဂါကူးဆက်ပြန့်ပွားပုံ
- သိုး/ဆိတ်မွေးမြူရေးတွင် စီးပွားရေးထိခိုက်မှုအများဆုံး ရောဂါတစ်ခုဖြစ်သည်။
- ရောဂါပိုးသည် ရောဂါဖြစ်နေသော တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ လေထဲမှတစ်ဆင့် ကူးစက် ပြန့်ပွားနိုင်သည်။
- သိုး/ဆိတ်တွင် အဓိကဖြစ်ပြီး အခြားသောတိရစ္ဆာန်များဖြစ်သည့် ကုလားအုတ်နှင့် ကျွဲများတွင်လည်း ရောဂါဖြစ်ပွားနိုင်သည်။
- ရောဂါပိုးသည် နှာခေါင်းနှင့် ပါးစပ်မှကျသော အကျိအချွဲများ၊ မျက်ရည်နှင့် ရောဂါဖြစ်နေသော သိုး/ဆိတ်မှ အဓိကကူးစက်နိုင်သည်။
- ရောဂါဖြစ်ပွားနှုန်းနှင့် သေနှုန်းသည် ၈၀ – ၁၀၀ အထိ ဖြစ်ပွားနိုင်သည်။
- အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အများဆုံးဖြစ်ပွားသည်။
- ရောဂါကင်းရှင်းသည့်နိုင်ငံများတွင်တောင် ပြန်လည်ကူးစက်နိုင်သည်။
- ရောဂါပိုးပျိုးချိန်သည် ၂ – ၁၀ ရက်ခန့်ကြာပြီး ၃ – ၆ ရက်အတွင်း ရောဂါလက္ခဏာပြနိုင်သည်။
ရောဂါလက္ခဏာများ
- ရောဂါပြင်းထန်လျှင် အဖျားတက်လာပြီး ရုတ်တရက်သေဆုံးနိုင်ပါသည်။
- အဖျားတက်ခြင်း၊ သိသိသာသာထိုင်းမှိုင်းလာခြင်း အစားအသောက်ပျက်ခြင်း၊ နှာခေါင်းနှင့်ပါးစပ်များတွင် အကျိအချွဲများကျခြင်း၊ သွားရည်များပို၍ ကျလာခြင်း။
- မျက်လုံးများတစ်ဝိုက်တွင် မျက်ဝတ်များ (အချပ်အခဲ) ဖြင့် ပိတ်/ ပြည့်နေခြင်း။
- အကျိအချွဲများဖြင့် နှာခေါင်းများပိတ်နေခြင်း၊ အသက်ရှုကြပ်ခြင်း၊ နှုတ်ခမ်းနှင့် သွားဖုံးများတွင် အနာများဖြစ်လာခြင်း၊
- ချောင်းဆိုးခြင်းနှင့် အဆုတ်ရောင်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်း၊
- ကိုယ်ဝန်ဆောင်ဆိတ်မများတွင် သားလျောခြင်း
- နောက်ဆက်တွဲရောဂါဖြစ်သည့် Pasteurella Bacteria ရောဂါပိုးကြောင့် သေဆုံးသည်အထိ ဖြစ်လာနိုင်ပါသည်။
စီးပွားရေးဆုံးရှုံးမှု
- ကူးစက်မြန် ဖြစ်ပွားနှုန်းများ သေနှုန်းမြင့်သောကြောင့်ထုတ်လုပ်မှုများစွာ ကျဆင်းစေနိုင်သည်။
- ကိုယ်အလေးချိန်လျော့ကျခြင်း၊ မျိုးအောင်နှုန်းကျခြင်း၊ နို့ထွက်နှုန်းကျခြင်းများကြောင့် သိုး/ဆိတ်မွေးမြူရေးကို ထိခိုက်စေနိုင်သည်။
- သိုး/ဆိတ် မွေးမြူခြင်းသည် (ဆင်းရဲသား) ကျေးလက်ပြည်သူများ၏ အဓိကဝင်ငွေဖြစ်သောကြောင့် စီးပွားရေးကို ထိခိုက်စေနိုင်ပါသည်။
ကုသခြင်း
- ထိရောက်သော ကုသဆေးမရှိပါ။ အထောက်အကူပြုဆေးများ (ပဋိဇီဝဆေး၊ အဖျားကျဆေး၊ ရောဂါလက္ခဏာ သက်သာစေသောဆေးများ) ပေးနိုင်ပါသည်။
ပြည်သူ့ကျန်းမာရေး
- လူသို့ ကူးစက်တတ်သောရောဂါမဟုတ်ပါ။
ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း
- ရောဂါဖြစ်နေသော သိုး/ဆိတ်များအား သီးခြားထားရှိပါ။
- ခြံများကို မွေးမြူရေးလုပ်ငန်းသုံးပိုးသတ်ဆေး ဖျန်းပေးပါ။
- မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို မြှင့်တင်ပါ။
- ရောဂါဖြင့်သေဆုံးသော တိရစ္ဆာန်နှင့် အညစ်အကြေးများ စားကြွင်းစားကျန်များ၊ အသုံးအဆောင်ပစ္စည်းများကို မြေမြှုပ် မီးရှို့၍ ဖျက်ဆီးပါ။ ပြန်လည်အသုံးပြု၍ရသော အသုံးအဆောင်ပစ္စည်းများကို ပိုးသတ်သန့်စင်ပြီးမှသာ ထပ်မံအသုံးပြုပါ။
- ခြံအလုပ်သမားအနေဖြင့် ခြံထဲဝင်တိုင်း တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ပါ။
- တိရစ္ဆာန်၊ လူ၊ ယာဉ် ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ပါ။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
Content provider
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့
tinwinesein • ဖြေကြားချက် 2 ခု
ဆေးကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ ကျိုက်လတ် မအူပင်နဲ့နီးပါတယ်
အောင် ကောင်းပြည့် • ဖြေကြားချက် 1 ခု
နို့စားနွားမ မာကိုဝန်နဲ့ကျောက်ပေါက်အနာတွေဖြင့်နေလို့ဆေးထိုးလို့ရလားခင်ဗျာ
ဇော်ရဲသက် • ဖြေကြားချက် 0 ခု
အဖြူကျားဝက်လေးကအသားတွေတော်တော် ပူနေတယ် အသက်ရှူလဲပျင်းနေတယ် ဘာဖြစ်တာလဲ ဘယ်လိုကုရမလဲ ဗျ ဆရာတို့ လမ်းညွှန်ပါအုံး
sansansoe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
အားလုံး