ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
ကျနော် ဒီဆောင်းပါး (ငါးမွေးမြူရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန် ကြမ်း - ဖွဲနု) ကိုရေးချင်နေတာ ကြာပါပြီ။ မရေးဖြစ်ခဲ့ပါဘူး။ အခုတော့ တောင်ငူကေတုမဒီ ကန် (၁၀၀) ငါးမွေးမြူးရေးကန်က မိတ်ဆွေတစ်ယောက်ရဲ့ သတင်းပေးပို့ချက်အရ ဆောင်းပါးရှင် “သန့်ဇင် NP News” ရဲ့ ၂၀၂၆ခုနှစ် စက်တင်ဘာလ(၉)ရက် ရက်စွဲ ပါ အချက်အလက် အချို့ ကို ဖော်ပြခြင်ပါတယ်။ ဒါက အထူးသဖြင့် ရေချိုငါးမွေးမြူးရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ သူတွေ ကာလရှည်ကြာ ရင်ဆိုင်နေရတဲ့၊ လက်ရှိလဲ ရင်ဆိုင်နေဆဲဖြစ်တဲ့ အခက်အခဲဆုံး နှင့် ဆုံးရှုံးမှု အများဆုံး ပြဿနာ ဖြစ်ပါသည်။
ဆောင်းပါးရှင်က “ငါးအစာကုန်ကြမ်း ဖွဲနုဖတ်အတွင်း ဖွဲကြမ်းများ ရောနှော ရောင်းချလာသဖြင့် တိုင်းဧရာမှ ငါးလုပ်ငန်းရှင်များအခက်တွေ့နေ” ဆိုပြီးခေါင်းစဉ်တပ် ဖော်ပြလာပါတယ်။ ငါးအစာကုန်ကြမ်း အဖြစ်အသုံးပြုသည့် ဖွဲနုဖတ်အတွင်း ဖွဲကြမ်းများ ရောနှောရောင်းချလာသည့်အတွက်ငါးလုပ်ငန်းရှင်များအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဧရာဝတီငါးလုပ်ငန်းရှင် အသိုင်းအဝိုင်းထံဆက်သွယ် မေးမြန်းထားသည့် အချက်အလက်များကို ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
ယင်းဆောင်းပါးကို အချုပ်အားဖြင့်ဆိုရလျှင် ဧရာဝတီတိုင်းဒေသကြီးရှိ ငါးမွေးမြူးရေးလုပ်ငန်းများ၏ အစာဈေးကွက်၌ ဖွဲနုကုန်ကြမ်းများအတွင်း စပါးခွံများ ရောနှောပါ ဝင်လာမှုကြောင့် လုပ်ငန်းထိခိုက်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ နည်းပညာ မြင့်စွာ ဖွဲနုနှင့်ဆင်တူအောင် ကြိတ်ထားသဖြင့် တော်ရုံစစ်ဆေးရုံဖြင့်မသိရဘဲ ကန်ဖော် သည့်အခါ အစာလိုင်းခြေရင်းမှာ အပုံလိုက်ကျန်နေတာ သွားတွေ့မှ သိရခြင်းဖြစ်သည်။ ယင်းအတွက် ယခင်ကထက် ငါးကြီးထွားနှုန်း လျော့ကျကာ လုပ်ငန်းထိခိုက်သည့် အခြေ အနေ ဖြစ်နေပါသည်။ ဥပမာအနေဖြင့် တင်ပြထားမှုအရ ဧက(၃၀)ကန် တစ်ကန်ကို ဖွဲအိတ်(၁၅,၀၀၀) ကျွေးမယ်ဆိုရင် အကယ်၍ အရောပါလာပါက ဖွဲနုကောင်း(၂)အိတ်ကို ဖွဲကြမ်း(၁)အိတ် ရောတဲ့အတွက် ကျွေးတဲ့အစာမှာ အာဟာရမရှိတဲ့ အရောဖြစ်ပြီး ဆိုးကျိုးအနေနဲ့ ကြီးထွားနှုန်း ထိခိုက်ခြင်းဖြစ်သည်။ ပေါင်(၆၀)ဖွဲနု အိတ်တစ်အိတ် လက်ရှိပေါက်ဈေး (၄၀,၀၀၀ကျပ်) အထက်ရှိပြီး၊ အရင်က (၄၈,၀၀၀ကျပ်)မြင့်တက်ခဲ့ကြောင်း၊ (၁)ဧကကိုအစာအတွက် ကျပ် သိန်း (၇၀)ခန့်ရှိပြီး၊ ဧက(၂၀၀)အတွက် ဖွဲနုအိတ်တင် တစ်နေ့ကိုအနည်းဆုံး အိတ်ပေါင်း (၁၆၀)နဲ့ (၁၇၀)ကျွေးနေရသဖြင့်ကန်ဖော်ချိန်ထိ မွေးမြူးကာလတစ်လျှောက် နှစ်ပေါက် ကုန်ကျစရိတ်မှာ တွက်ကြည့်၍ သိရှိနိုင်ပါသည်။
ငါးမွေးမြူးရာတွင် ရောင်းတန်းဝင်ငါးများရရှိရန် (၆)လမှ လ(၂၀)အထိ အချိန်ပေးကာ မွေးမြူရပြီး ပြည်ပတင်ပို့မှု (Export)အတွက် ဈေးကွက်ဝင် အရွယ် (၃)ပိဿာနှင့် အ ထက်ရရှိအောင် မွေးမြူရန်ကုန်ကျစရိတ် မတည်ငွေမတတ်နိုင်ခြင်း၊ လက်ရှိကာလသွင်း အားစု ဈေးနှုန်းမြင့်တက်ခြင်း၊ လုပ်သားရှားပါးခြင်းနှင့် ဖြည့်စွတ်စာများ အရည်အသွေး မမှန်ကန်ခြင်းတို့သည် ငါးလုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း သိရှိ ရပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ပနှင့် ပြည်တွင်းတင်ပို့ရသော ငါးမွေးကန် ဧက ပေါင်း (၂၂၀,၀၀၀)ကျော်ရှိပြီး၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ငါးမွေးမြူရေးဧရိယာ၏ (၃)ပုံ(၁)ပုံ ခန့် အထိရှိသည့်ဒေသဖြစ်၍ ယင်းဒေသသာမက ငါးမွေးမြူရေးဖြစ်ထွန်းသော ဒေသအား လုံးအတွက် အစာကုန်ကြမ်းဖွဲနု၏ အလွန်ရေးပါသော အခန်းကဏ္ဍအပေါ် အထူးအလေး အနက်ထားဖြေရှင်းဆောင်ရွက်သင့်သဖြင့်ယ္ခုဆောင်းပါးဖြစ်သည့် “ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု” အကြောင်း ရေးတင်ပြခြင်း ဖြစ်ပါသည်။ အပိုင်းလိုက်ခွဲ၍ တင်ပြပေးသွားမည်ဖြစ်ပါသည်။
ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် ရောစပ်အစာများ ထုတ်လုပ်ရာ၌ ဖွဲနု သည် အဓိကအခြေခံ ကုန်ကြမ်းတစ်ခု ဖြစ်ပါသည်။ ဈေးနှုန်းသက်သာပြီး စွမ်းအင်နှင့် ပရို တင်းဓာတ်သင့်တင့်စွာ ပါဝင်ခြင်းကြောင့် ရေချိုငါးမွေးမြူရေး (အထူးသဖြင့် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးတန် နှင့် ငါးခုံးမ) များအတွက် မရှိမဖြစ် သုံးစွဲနေကြရသည်။
၂။ စပါးထွက်ရှိမှုနှင့် ဘေးထွက်ပစ္စည်း ထွက်ရှိမှုအချိုး (Paddy Production & By-product Ratios)
စပါးတင်း ၁၀၀ (တစ်တင်းလျှင် ၄၆ ပေါင်နှုန်းဖြင့် စပါးစုစုပေါင်း ၄,၆၀၀ ပေါင်) ကို ဆန်စက် တွင် ကြိတ်ခွဲပါက စပါးအမျိုးအစား၊ အစိုဓာတ်နှင့် စက်ပစ္စည်းစွမ်းရည်ပေါ်မူ တည်၍ အကြမ်းဖျင်း ရရှိနိုင် သော ဆန်ချော နှင့် ဘေးထွက်ပစ္စည်း (By-products) အချိုး အစားပျမ်းမျှ (%) များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
အမျိုးအစား | ပျမ်းမျှရာခိုင်နှုန်း (%) | စပါးတင်း ၁၀၀ လျှင်ရရှိနိုင် သော အလေးချိန် (ပေါင်) |
ဆန်ချော (Milled Rice / Head Rice) | ၅၀% - ၅၅% | ၂,၃၀၀ - ၂,၅၃၀ ပေါင် |
ဆန်ကွဲ (Broken Rice) | ၁၀% - ၁၅% | ၄၆၀ - ၆၉၀ ပေါင် |
ဖွဲနု (Rice Bran) | ၈% - ၁၀% | ၃၆၈ - ၄၆၀ ပေါင် |
စပါးခွံ (Rice Husk / Hull) | ၂၀% - ၂၂% | ၉၂၀ - ၁,၀၁၂ ပေါင် |
အစိုဓာတ်ဆုံးရှုံးမှု/အလေအလွင့် (Moisture Loss / Wastage) | ၃% - ၅% | ၁၃၈ - ၂၃၀ ပေါင် |
(မှတ်ချက် - ပါဝင်မှု ရာခိုင်နှုန်းများသည် အနီးစပ်ဆုံး ပျမ်းမျှ ပမာဏများ ဖြစ်ကြသည်)
သတိပြုရန်အချက်များ
(၁) ဆန်ထွက်နှုန်း (Total Rice Yield): ဆန်ချောနှင့်ဆန်ကွဲ ပေါင်းစပ်ထွက်ရှိမှုမှာ စပါး စုစုပေါင်း အလေးချိန်၏ ၆၀% မှ ၆၅% ဝန်းကျင် ရှိပါသည်။
(၂) အစိုဓာတ် ဆုံးရှုံးမှု (Moisture Loss): ကြိတ်ခွဲစဉ် ထွက်ပေါ်လာသော အပူချိန်နှင့် လေ ဒဏ်ကြောင့် အစိုဓာတ် အငွေ့ပျံသွားခြင်းဖြစ်ပြီး စပါး၏ မူလအစိုဓာတ် (Moisture Content) ပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။
(၃) စက်အမျိုးအစား: ခေတ်မီဆန်စက် (Modern Rice Mill) များတွင် အလေအလွင့်နည်း ပြီး ဆန်ချောထွက်နှုန်း ပိုမိုမြင့်မားသော်လည်း ရိုးရာစက်ငယ်များတွင် ဆန်ကွဲနှင့် ဖွဲကြမ်း ပိုမိုထွက်ရှိနိုင်ပါသည်။ (ဖွဲကြမ်း ဆိုသည်မှာ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိသော ဘေးထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး စပါးခွံအစအနများ၊ စပါးခွံအမှုန့်နှင့် ဖွဲနုအနည်းငယ် ရောနှောနေသော ဖွဲကြမ်း (Coarse Rice Bran) ဖြစ်ပါသည်။
အဓိကအားဖြင့် ရိုးရာဆန်စက်ငယ်များတွင် စပါးခွံနှင့် ဖွဲနုကို သီးသန့်မခွဲခြားနိုင်ဘဲ ပွတ်တိုက်ကြိတ်ခွဲရာမှ ထွက်ရှိလာခြင်းဖြစ်သည်။ ဖွဲနုသန့်သန့် (ဖွဲနု) ထက်အာဟာရ ဓာတ် လျော့နည်းပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားသဖြင့် တိရစ္ဆာန်အစာ အနိမ့်စား သို့မဟုတ် လောင်စာအဖြစ် အသုံးပြုကြပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငါးအစာစပ်နည်း
Thae Nandar Aung
လွန်ခဲ့သော ၁ နာရီ ကတချို့တွေ မွေးမြူရေးအစာတွေထဲ အမဲသားထုခြောက်အမှုံတွေထည့်တယ်ကြားဖူးတယ် ဟုတ်ပါသလား
ဆက်စပ်မေးခွန်းများ
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • ဖြေကြားချက် 1 ခု
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • ဖြေကြားချက် 3 ခု
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • ဖြေကြားချက် 1 ခု
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • ဖြေကြားချက် 1 ခု
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
07/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
အားလုံး
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....