စျေးကွက်ဝင် တန်ဖိုးကြီး ကျောက်ငါး မွေးမြူနည်း (အပိုင်း-၁)
စျေးကွက်ဝင်ပြီး တန်ဖိုးကြီးမားသော ရေငန်ငါးအမျိုးအစားတစ်မျိုးဖြစ်သည့် ကျောက်ငါး(Grouper)ကို မြန်မာနိုင်ငံတွင် မြိတ်ဒေသ၌ မွေးမြူနေကြသည်။ "ငါးဝက်မ" မျိုးစိတ်ဝင် ကျောက်ငါးကို ရခိုင်တွင် ' ငါးတောက်တူ' ဟုလည်း ခေါ်ဆိုကြပါသည်။ 
အခြားသောနိုင်ငံများတွင်လည်း သဘာဝအတိုင်း ရရှိရန် ရှားပါးလာခြင်းကြောင့် တွင်ကျယ်စွာမွေးမြူနေကြသော ငါးအမျိုးအစားတစ်မျိုး ဖြစ်ပါသည်။
ကျောက်ငါးကို ကကတစ်ငါးကဲ့သို့ပင်-
- (က) ကန်ဖြင့်သော်လည်းကောင်း၊
- (ခ) လှောင်အိမ်မွေးမြူနည်းစနစ်ဖြင့်သော်လည်းကောင်း မွေးမြူနိုင်ပါသည်။
(က) ကျောက်ငါးအား ကန်ဖြင့်မွေးမြူနည်း
ကျောက်ငါးအား ကန်ဖြင့်မွေးမြူရာတွင်..
- ၁။ ရေချိုရေငန်စပ်၊ ရေငန်အလွယ်တကူ ရရှိနိုင်သည့်နေရာ၊
- ၂။ အငန်နှုန်း(၁၀-၃၀) PPT ရရှိနိုင်သည့်နေရာ၊
- ၃။ ကုန်းမြေ မနိမ့်လွန်း၊ မမြင့်လွန်းသောနေရာ၊
- ၄။ မြေအချဥ်ဓာတ်နည်းသည့် နေရာ၊
- ၅။ ရွှံ့စေး(သို့မဟုတ်) ရွှံ့နုန်းမြေနေရာ၊
- ၆။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောနေရာ၊
- ၇။ ရေပြင်ညစ်ညမ်းမှု ကင်းသည့်နေရာ၊
- ၈။ ငါးစာများဝယ်ယူရန် လက်လှမ်းမှီသည့်နေရာ၊
- ၉။ လုံခြုံစိတ်ချရသည့်နေရာ စသည့်နေရာများဖြစ်ရန် သတိပြု ရွေးချယ်ရပါမည်။
ကျောက်ငါးအား ကန်ဖြင့် မွေးမြူရာတွင် ကကတစ်ငါးကဲ့သို့ပင် အများအားဖြင့် တီလားပီးယားငါးနှင့် ရောနှော၍ မွေးမြူလေ့ရှိကြပါသည်။ ကျောက်ငါးမွေးမြူရန် အလျားရှည်၍ အနံတိုသောကန်အား ရေအနက် ၄ ပေ တူးဖော်ရပါမည်။
တစ်ပိုင်တစ်နိုင်ကန်အတွက် -
- ၅၀ ပေ x ၂၅ ပေ x ၄ ပေ
- ၁၀၀ ပေ x ၁၀၀ ပေ x ၄ ပေ ရှိရပါမည်။
စီးပွားဖြစ်အတွက် -
- ၄၀၀ ပေ x ၁၀၀ ပေ x ၄ ပေ ရှိရပါမည်။
ကန်တူးဖော်ခြင်း
- မြေအမျိုးအစားကိုလိုက်၍ ၁ ဧကလျှင် ထုံး(၆၀-၃၀၀)ပိဿာနှုန်း၊ နွားချေး၊ ကြက်ချေးတင်း(၁၅၀)နှုန်း ထည့်သွင်း၍ရေဖြည့်ပေးရပါမည်။
- ၁ ပတ်မှ ၁၀ ရက်အတွင်း သြဇာဓာတ်ပြည့်ဝ၍ ကန်ရေအရောင်စိမ်းလာလျှင် ငါးထည့်သွင်းမွေးမြူနိုင်ပြီ ဖြစ်ပါသည်။
သားပေါက်ထည့်သွင်းခြင်း
- သားပေါက်ထည့်သွင်းမွေးမြူရာတွင် ကျောက်ငါးသားပေါက်များအား မထည့်သွင်းမီ ၁ လကြိုတင်၍ တီလားပီးယားငါးများအား ၁ ဧကလျှင် ငါးအကောင် ၂၀၀၀ မှ ၄၀၀၀ နှုန်းဖြင့် ကြိုတင်ထည့်သွင်းရန် လိုအပ်ပါသည်။ တီလားပီးယားငါးများ ကြိုတင်သားပေါက်နိုင်ကြစေရန် ဖြစ်ပါသည်။
- ထို့နောက် ၂ လက်မခွဲအရွယ်ထက် ကြီးမားသော ကျောက်ငါးသားပေါက်များအား ၁ ဧကလျှင် သားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ထည့်သွင်းပေးရမည်ဖြစ်ပါသည်။
- ၁ လ ကြိုတင်ထည့်သွင်းပေးထားသော တီလားပီးယားငါးများ၏ သားပေါက်များသည် ကျောက်ငါးသားပေါက်များအတွက် အစာအဖြစ် ထောက်ပံ့ပေးမည်ဖြစ်သည်။
- သားပေါက်များထည့်သွင်းရာတွင် အပူချိန်နှင့် အခြားသော ရေအရည်အသွေးများအတွက် ကျင့်သားရစေခြင်း (acclimatization)အား အခြားငါးများကဲ့သို့ပင် ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
အစာကျွေးခြင်း
- ကျောက်ငါးသားပေါက်များသည် တီလားပီးယားငါးသားပေါက်များအား အစာအဖြစ်ရရှိနေသော်လည်း ဖြည့်စွက်စာအနေဖြင့် ခုတ်ထစ်ထားသော ငါးအသားများအား ကျောက်ငါးသားပေါက်များ၏ အလေးချိန်စုစုပေါင်း၏ ၅ ရာခိုင်နှုန်း နှုန်းဖြင့် နေ့စဥ်ကျွေးမွေးပေးရမည် ဖြစ်ပါသည်။
- အစာကျွေးရာတွင် မနက် ၁ ကြိမ်နှင့် ညနေပိုင်းတွင် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ကျွေးမွေးပေးရန် လိုအပ်ပါသည်။
- ငါးကြီးထွားမှုအား ၁ လလျှင် ၁ ကြိမ် အနည်းဆုံး တိုင်းတာပေးရမည်ဖြစ်ပါသည်။
ရေလဲလှယ်ခြင်း
ကန်ရေ၏ထက်ဝက်ဖြစ်သော ရေ ၅၀ ရာခိုင်နှုန်းအား ၁ ပတ်လျှင် ၂ ကြိမ်လဲလှယ်ပေးရန် လိုအပ်သည့်အပြင် မွေးမြူရေးကန်၏ အရည်အသွေးများအား ပုံမှန်စစ်ဆေးနေရန် လိုအပ်ပါသည်။
ရှိသင့်သော ကန်ရေ၏ အရည်အသွေးများမှာ -
- ရေအနက် - ၂ ပေ မှ ၄ ပေ
- ရေ၏အပူချိန် - ၂၄°C မှ ၃၁°C
- အငန်နှုန်း - ၂၁ ppt မှ ၄၁ ppt
- ပျော်ဝင်အောက်စီဂျင် - ၄.၉ ppm - ၉.၃ ppm တို့ဖြစ်ပါသည်။
ကြီးထွားနှုန်း

ကျောက်ငါးကို ကန်ဖြင့် အထက်ပါနည်းစနစ်အတိုင်း မွေးမြူပါက ၅ လမှ ၇ လ အကြာတွင် စျေးကွက်ဝင်အရွယ်အစားဖြစ်သော ငါးတစ်ကောင်ချင်းအလေးချိန် ၂၅ ကျပ်သား မှ ၅၀ ကျပ်သားအရွယ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။
Ref: ငါးလုပ်ငန်းသင်တန်းကျောင်းမှ ပို့ချသော ငါးမွေးမြူရေး နည်းစနစ်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငါးမွေးမြူနည်း
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကဟုတ်ကဲ့မဂ်လာပါဆရာ
သီဟသွင်
လွန်ခဲ့သော ၃ နှစ် ကအလှမွေးငါးအဖြစ်မွေးလို့ရလားဗျ
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကဟုတ်ကဲ့ပါ
pyae
လွန်ခဲ့သော ၄ နှစ် ကဆက်လက်ဖော်ပြပေးပါ
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026