ငါးခုံးမကြီး အသားတိုးမွေးမြူခြင်း
ငါးခုံးမကြီးငါးမှာ ကြီးထွားနှုန်းကောင်းခြင်း၊ ရာသီဥတုမရွေးခြင်း၊ အကြမ်းခံနိုင်၍ အစာမရွေးဘဲ သားဖောက်ရလွယ်ကူခြင်း၊ စီးပွားဖြစ်သော်လည်းကာင်း၊ တစ်ပိုင်တစ်နိုင်သော်လည်းကောင်း၊ ဒေသမရွေးမွေးမြူနိုင်သော ငါးမျိုးဖြစ်သည့်အပြင် စပါး-ငါးမွေးမြူနည်းစနစ်ဖြင့်လည်းကောင်း၊ အခြားငါးများဖြင့် ရောနှောမွေးမြူခြင်းနည်းစနစ်ဖြင့်လည်းကောင်း မွေးမြူရန်သင့်တော်သော ငါးမျိုးဖြစ်ပါသည်။
ငါးခုံးမကြီးသည် ရေပေါက်ပင်များဖြစ်သည့် ဘဲစားမှော်၊ ပကန် စသည်တို့အား စားသည့်အလေ့ရှိသောကြောင့် သဘာဝရေမှော်များတွင် အလွန်အကျွံပေါက်နေသော ရေပေါက်ပင်များကို ထိန်းချုပ်နိုင်ရန်အတွက်လည်း ထည့်သွင်းမွေးမြူနိုင်ပါသည်။ ငါးခုံးမကြီးငါးမျိုးအား စားသုံးရန်အပြင် အလှမွေးငါးအနေဖြင့်လည်း မွေးမြူနိုင်ပါသည်။
ငါးခုံးမကြီးအားမွေးမြူရန် အကောင်းဆုံးပတ်ဝန်းကျင်မှာ ရေအပူချိန် ၂၅ ဒီဂရီဆဲလ်စီးရပ်စ် မှ ၃၀ ဒီဂရီဆဲလ်စီးရပ်စ်၊ ရေချဥ်ဖန်နှုန်း pH-၇ မှ ၈ အထိ၊ အောက်ဆီဂျင်ပျော်ဝင်မှု 2 mg / 1 နှင့် အထက်ဖြစ်ပါသည်။ မြေကန်ဖြင့်မွေးမြူပါက သက်တမ်းပထမနှစ်တွင် ၀.၅ ကီလိုဂရမ်အထိ ကြီးထွားနိုင်ပြီး ဒုတိယနှစ်သက်တမ်းတွင် ကြီးထွားနှုန်းနှေးပါသည်။
ငါးခုံးမကြီး အသားတိုးမွေးမြူရာတွင် အရေးပါသောမြေနေရာနှင့် မြေအမျိုးအစား ရွေးချယ်ခြင်းအကြောင်း
၁။ လမ်းပန်းဆက်သွယ်ရေးကောင်း၍ စျေးကွက်နှင့်နီးသည့်နေရာ။
၂။ ရွံ့စေးမြေရှိသောနေရော။
၃။ ရေကို အလွယ်တကူရရှိနိုင်သည့်နေရာ။
၄။ ထုံးဓာတ်များသောရေသည် ပြုပြင်ရန်လိုအပ်သဖြင့် ကုန်ကျစရိတ်များသောကြောင့် မရွေးချယ်သင့်ပေ။
ကန်တူးဖော်ခြင်း
၁။ အလျှားရှည်ပြီး အနံတိုသောကန်များအား လေတိုက်နှုန်းအတိုင်း အလျားထား၍ တူးဖော်ရမည်။
၂။ မြေသားအနက် (၄) ပေ တူးရမည်။ ရေအနက် (၄)ပေ ရှိရမည်။
၃။ ကန်ဘောင်မြဲစေရန် မြက်အပြည့် ကပ်ပေးရမည်။
ကန်အရွယ်အစား
တစ်ပိုင်တစ်နိုင်- ၅၀ ပေ x ၂၅ ပေ (၀.ဝ၃)ဧက
၁၀၀ ပေ x ၁၀၀ ပေ (ဝ.၂၅)ဧက
အလတ်စားအတွက်- ၂၀၀ ပေ x ၁၀၀ ပေ(၀.၅) ဧက
စီးပွားဖြစ်အတွက် - ၄၀၀ ပေ x ၁၀၀ ပေ (၁.ဝ) ဧက တို့ဖြစ်ကြသည်။
၁၀ ဧကနှင့်အထက်ကန်ကြီးများတွင် အခြားငါးမျိုးများနှင့် ရောနှောမွေးမြူပါက ကြီးထွားနှုန်းပိုမို ကောင်းမွန်စေပါသည်။
၁။ ငါးမွေးကန်အတွင်း ရေမဖြည့်မီ မြေအမျိုးအစားကိုလိုက်၍ တစ်ဧကလျှင် ထုံးပိဿာ(၆၀- ၃၀၀)နှုန်း၊ နွားချေး၊ ကြက်ချေး တင်း(၁၅၀)နှုန်း ထည့်ပေးရသည်။
၂။ ရေဖြည့်ပြီး တစ်ပါတ်မှ (၁၀) ရက်ခန့်အကြာတွင် သြဇာဓါတ်ပြည့်ဝ၍ ကန်ရေအရောင်စိမ်းလာလျှင် ငါးစတင်မွေးနိုင်ပြီဖြစ်ပါသည်။
ငါးထည့်သွင်းမွေးနှုန်း
တစ်ဧက ကန်အတွက် ငါးဖျန်းအရွယ် (၃” - ၈”) အား ရောနှောမွေးမြူခြင်းစနစ်ဖြင့် မွေးမြူပါက စုစုပေါင်း ငါးထည့်သွင်းနှုန်း၏ ၂၃% အထိ ငါးခုံးမကြီးအား အခြားငါးများနှင့် ရောနှောမွေးမြူနိုင်ပြီး ငါးခုံးမကြီးတစ်မျိုးတည်းမွေးမြူပါက တစ်ဧကလျှင် ငါးဖျန်းကောင်ရေ(၅၀၀၀) ထည့်သွင်းမွေးမြူနိုင်ပါသည်။ (၆) လကြာမွေးမြူပါက တစ်ဧကလျှင် ပိဿာ(၅၀၀) နီးပါး ထွက်ရှိနိုင်ပါသည်။
အစာကျွေးနှုန်း
၁။ ဖွဲနု၊ ပဲဖတ်၊ အစာတောင့် စသည့်ဖြည့်စွက်စာများကို ငါးအလေးချိန်၏ ၅% မှ ၂ % ထိ တွက်ချက်၍ ကျွေးမွေးရသည်။
၂။ ဖွဲနု (၄) ပိဿာကျွေးလျှင် ငါးတစ်ပိဿာ အသားတိုးနိုင်၍ ဖွဲနု၊ ပဲဖတ်၊ ငါးပေါင်းမှုန့်အရော (၃း၁း၁) ၊ ၃ပိဿာ ကျွေးလျှင် ငါးတစ်ပိဿာ၊ အစာတောင့် (အသားဓာတ် ၂၈ %) ၂ ပိဿာကျွေးလျှင် ငါးတစ်ပိဿာ အသားတိုးနိုင်ပါသည်။
၃။ တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ကျွေးလျှင် လုံလောက်ပါသည်။
၄။ ကန်တွင်း ရေသြဇာပြုပြင်ထိန်းသိမ်းခြင်းဖြင့် အစာကုန်ကျမှုသက်သာ၍ ထုတ်လုပ်မှုစရိတ်လျော့နည်းစေပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
Ref; ငါးလုပ်ငန်းဦးစီးဌာန ။
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026