ရာသီဥတုပြောင်းလဲလာမှုနှင့် ရေချိုရှားပါးလာမှုပြဿနာ (၁)
"ရာသီဥတုပြောင်းလဲမှုနှင့်ရေအရင်းအမြစ်ပြဿနာများကြောင့် ဂေဟစနစ်ပျက်ယွင်းမှုကို ပြန်လည်ပြင်ဆင်နိုင်ရန်ကြိုးပမ်းခြင်း"
(UN Decade on Ecosystem Restoration - "ဂေဟစနစ်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုလသမဂ္ဂဆယ်စုနှစ်" အထိမ်းအမှတ်ဆောင်းပါး)

နိဒါန်း
ရာသီဥတုပြောင်းလဲမှုပြင်းထန်လာလေ လူသားများအတွက် သောက်ရေသုံးရေရှားပါလာမှုပြဿနာတွေကြီးလာလေလေ ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံထဲမှာ အလွန်ဆိုးရွားတဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားကြရဆုံးဒေသက နိုင်ငံအကျယ်အဝန်းနဲ့နှိုင်းယှဉ်လိုက်ရင်တော့ အချိုးအစားအတော်နည်းတယ်လို့ ပြောလို့ ရပါသေးတယ်။
မြစ်တွေ၊ ချောင်းတွေ ပေါများတဲ့အပြင် ကမ္ဘာ့ရေချိုအရင်းအမြစ်ကြီးတစ်ခုဖြစ်တဲ့ နိုင်ငံမြောက်ပိုင်းက ရေခဲ တောင်ကြီးတွေက နှစ်စဉ်ရရှိနေတဲ့ ရေချိုစီးဆင်းမှုဟာ နိုင်ငံအတွင်းရှိ မြစ်ကြီးများနဲ့ ချောင်းများမှတဆင့်စီးဆင်းနေတဲ့ သဘာဝမြေမျက်နှာသွင်ပြင်များကြောင့် နိုင်ငံအတွင်း နေထိုင်ကြတဲ့လူဦးရေသန်းပေါင်းများစွာအတွက် သောက်သုံးရေ-ရေချိုပြတ်လပ်မှုက အရမ်းကြီးဆိုးရွားတဲ့ အနေအထားကိုတော့ မရောက်နိုင်သေးပါဘူး။
သို့ပေမဲ့ - ရာသီဥတုပြောင်းလဲမှုဆက်လက်ဖြစ်ပေါ်နေပြီး ကမ္ဘာကြီးပူနွေးလာတာကို ကျနော်တို့တွေဝိုင်းဝန်းထိန်းသိမ်းမှုမလုပ်ကြရင် ဒို့နိုင်ငံနဲ့ မဆိုင်ပါဘူးဆိုပြီးလစ်လျူရှုထားကြရင်တော့ ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်ကြောင့် ရေရှားပါးတဲ့ပြဿနာရှိသောနိုင်ငံတွေစာရင်းထဲမှာ တဖြည်းဖြည်းပါလာမှာပါပဲ။
တက်လာသမျှအစိုးရကိုချည်း အားကိုးနေရမှာမဟုတ်ကြောင်း၊ ပြည်သူတွေက မိမိကိုယ်ကိုအားကိုးပြီးအဖြေရှာဖြေရှင်းနိုင်မဲ့နည်းလမ်းတွေကို တွေးတောကြံဆအကောင်အထည်ဖေါ်ရမှာဖြစ်ကြောင်း၊ ပြည်သူလူထုနဲ့အနာဂတ်မျိုးဆက်သစ်များကို အသိပေး/ပညာပေးရမှာဖြစ်ပါတယ်။
REIMAGINE
RECREATION
RESTORE
#GENERATIONRESTORATION
===========================
ဂေဟစနစ်ပျက်ယွင်းမှုကို ပြန်လည်ပြင်ဆင်ထိန်းသိမ်းနိုင်အောင် သိထားရမဲ့အချက်များ
(၁)
ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်ရတဲ့ သဘာဝဘေးတွေမှာ ရေနဲ့သက်ဆိုင်တဲ့ သဘာဝဘေးတွေဖြစ်လာတယ်၊ မိုးခေါင်တာ၊ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲသွားတာစသည်ဖြင့်ဖြစ်လာတာတွေကြောင့် ကမ္ဘာကြီးရဲ့ ရေလည်ပတ်မှုစနစ် ယိုယွင်းလာပါတယ်။
ရေကိုချွေတာသုံးစွဲသင့်ကြောင်းနဲ့ ရေချွေတာသုံးစွဲပုံနည်းလမ်းတွေကို ပြည်သူအားလုံးအတွက် ကျနော်တို့ မျှဝေပေးဖို့ လိုပါမယ်။
ဥပမာတစ်ခုအနေနဲ့ - အာရှနိုင်ငံထဲက ကျောင်းတစ်ကျောင်းမှာ အားလပ်ချိန်ကျောင်းသားတွေ ဆော့ကစားကြ၊ နေ့လည်စာစားကြလုပ်ပြီးချိန် မျက်နှာသစ်ကြ၊ ခြေလက်ဆေးကြောကြတဲ့ ကျောင်းကစားကွင်းထဲမှာထားတဲ့ ဘေစင်အောက်က ထွက်လာတဲ့ အသုံးပြုပြီးရေကို ရေမြောင်းတွေတူးပြီး သစ်ပင်တွေရှိရာကိုပို့ပေးခြင်းဖြင့် အသုံးပြုပြီးစွန့်ပစ်ရေကို အလဟဿမဖြစ်အောင် ပြန်လည်အသုံးချခြင်း(Water Recycling)လုပ်ပေးထားတာမျိုး တွေ့ရပါတယ်။
ဒီစနစ်ကို ကျောင်းသားတွေထဲက အကြံပြုတာဖြစ်ပြီး ကျောင်းသားလေတွေကိုယ်တိုင်အကောင်အထည်ဖေါ်ဆောင်ရွက်ကြတာဖြစ်ကြောင်း သိရပါတယ်။
(၂)
ကမ္ဘာတစ်ဝန်းရှိ လူဦးရေနှစ်ဘီလီယံခန့်ဟာ ဘေးကင်းသောသောက်သုံးရေ(Safe Drinking Water)ကို လက်လှမ်းမမီနိုင်ကြဘူးလို့ သိရပါတယ်။ ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေတိုးပွားမှုတို့ကြောင့် ပိုတိုးလာမယ်လို့ မျှော်လင့်ရတာကြောင့် ဘေးကင်းတဲ့သောက်သုံးရေအတွက် အနီးအနားက ပြည်သူတွေကို ကျနော်တို့ ဘယ်လို ကူညီပေးနိုင်ကြမလဲ၊ လူသားဆန်တဲ့လူတိုင်းအတွက် လုပ်ပေးကြရမဲ့အလုပ်တစ်ခုပါ။
မိုးရာသီကာလအတွင်း ရေချိုစုဆောင်းတာတွေ တိုးမြှင့်ဆောင်ရွက်ကြဖို့အတွက် အသိပညာပေးတာအပြင် ရေချိုစုဆောင်းရေးကန်တွေ တည်ဆောက်တာတွေ၊ နေပူပြင်းလာချိန် ရေချိုမဆုံးရှုံးအောင် ဖုံးအုပ်ကာကွယ်တာတွေ၊ မြေအောက်ရေကန်တွေ လုပ်ပေးတာတွေ လုပ်ကြရပါမယ်။
(၃)
ကမ္ဘာမြေပေါ်မှာ ပင်လယ်-သမုဒ္ဒရာတွေက မြေပြင်အကျယ်အဝန်းထက် ပိုမိုကျယ်ပြန့်တာပါ။ ဒါပေမဲ့ တကယ်အသုံးပြုလို့ရနိုင်တဲ့ရေချိုကတော့ ကမ္ဘာမြေပေါ်မှာ မြင်တွေ့နေကြရတဲ့ ရေပမာဏရဲ့ ၀.၅ ရာခိုင်နှုန်းသာရှိပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြေဆီလွှာအစိုဓါတ်၊ နှင်းနဲ့ ရေခဲပြင်များအပါအဝင် ကုန်းမြေပေါ်ကရေသိုလှောင်နိုင်မှုပမာဏဟာ တစ်နှစ်လျှင် ၁ စင်တီမီတာနှုန်းကျဆင်းလာတဲ့အတွက် ဆယ်စုနှစ် ၁ နှစ် ၂ နှစ်အတွင်း ရေချိုရှားပါးလာမဲ့ ဆိုးကျိုးသက်ရောက်မှုကလဲ အလွန်ကြီးမားကြောင်း သိထားကြဖို့ လိုပါမယ်။
(၄)
ကမ္ဘာကြီးပူနွေးလာမှု(Global Warming)ကို 2°C အထိ မြင့်တက်နေရာကနေ 1.5°C အထိကျဆင်းလာအောင် ထိန်းသိမ်းပေးထားနိုင်ရင် နောင်လာမဲ့ဆယ်စုနှစ်၊ ရာစုနှစ်တွေမှာ ရေရှားပါးမှုဒဏ်ကို ခံစားကြရမဲ့ ကမ္ဘာ့လူဦးရေအချိုးအစားခန့်မှန်းခြေ ထက်ဝက်ခန့်လျော့ကျသွားနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ကျနော်တို့ကရော? ကမ္ဘာကြီးပူနွေးလာတာကို ထိန်းသိမ်းနိုင်အောင် ကျနော်တို့ရဲ့ပြည်သူတွေကိုအသိပေးတာ၊ ပညာပေးတာတွေ ဘယ်လိုလုပ်ကြမလဲ?
နောက်လာမဲ့အချက်တွေမှာပါလာပါမယ်။
(၅)
ကျနော်တို့နေ့စဉ်အသုံးပြုနေကြတဲ့ ရေချိုထဲက ၇၀% ခန့်ကို စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အသုံးပြုနေကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေဆိုတာ လူသားတွေအတွက်လိုအပ်တဲ့ သီးနှံရိက္ခာအစားအစာ ထုတ်လုပ်ပေးနေတဲ့ လုပ်ငန်းတွေဖြစ်ပါ။ စိုက်ပျိုးရေးလုပ်ငန်းတွေက လူတစ်ဦးရဲ့ တစ်နေ့စာစားနပ်ရိက္ခာ ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ရေပမာဏက ပျမ်းမျှအားဖြင့် ၂၀၀၀ လီတာ မှ ၅၀၀၀ လီတာကြားထိ ရှိပါတယ်။
နောက်တစ်နည်းမြင်သာအောင်ပြောရရင် လူတစ်ဦးရဲ့တစ်ရက်တာစားနပ်ရိက္ခာဖူလုံဖို့ စိုက်ပျိုးရေးလုပ်ငန်းတွေက သီးနှံရိက္ခာထုတ်လုပ်မယ်ဆိုရင် လိုအပ်တဲ့ ရေပမာဏဟာ - ၁ လီတာ ဝင်ဆန့်တဲ့ရေသန့်ဘူးပေါင်း ၂၀၀၀ မှ ၅၀၀၀ ကြားမှာရှိနေတယ်လို့ ပြောရမှာပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဂေဟစနစ်
Sai zin lin
လွန်ခဲ့သော ၃ နှစ် ကကာဗွန်လျော့ချဖို့ ထက် သစ်တောတွေထိန်းသိမ်းရမယ် သစ်ပင်တွေစိုက်ရမယ် ဓာတု ဆေးဝါးတေွစွန့်ပစ် ပစ္စည်းတွေကို လျော့ချသုံးပြီး မြေပေါ်ရေအောက်သက်ရှိတွေကို ထိန်းသိမ်းရမယ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအစား ရေအားလေအား ဆိုလာဒါတွေကို သုံးဆွဲမယ်ဆိုရင် အတန်အသင့် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်ခင်ဗျာ
komyint soe
လွန်ခဲ့သော ၃ နှစ် ကရာသီဥတု ပြောင်းလဲမူ ရော့နည်းအောင် မည်သို့ဆောင်ရွက်သင့်ပါသနည်း
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026