“၁.၅ သန်းသော ဦးဆောင်လှုပ်ရှားသူများသည် အပင်ဦးရေ ၆၆ သန်းကို ၁၂ နာရီအတွင်းစိုက်ပျိုးကာ ဂရင်းနစ်စံချိန်တင်ခဲ့”
အိန္ဒိယပြည်အလယ်ပိုင်း၊ မဒရာပရာဒစ် ပြည်နယ်၊ နာရ်မာဒါ(Narmada) မြစ်ကြောင်းတစ်လျောက်တွင် လူ ပေါင်း ၁.၅ သန်းဖြင့် အပင်ဦးရေ ၆၆ သန်းကို ၁၂ နာရီအတွင်း စိုက်ပျိုးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ဂရင်းနစ် စံချိန်တင်ခဲ့ပါတယ်။
Uttar Pradesh ရဲ့ ရှေးယခင် မှတ်တမ်းတွေအရ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ လူဦးရေ ၈ သိန်းက အပင် သန်း၅၀ ကို စိုက်ပျိုးခဲ့ပြီး အကောင်းဆုံး စာရင်းဝင်ထားခဲ့ဖူးတဲ့ မှတ်တမ်းတွေလည်းရှိပါတယ်။
မဒရာ ပရာဒစ် ပြည်နယ် ဝန်ကြီးချုပ်ဖြစ်သူ ရှိဗ်ရချ်ဆင်းဂ်ချိုဟန်( Shivraj Singh Chouhan), က “ဒီနေ့ မဒရာ ပရာဒစ် (Madhya Pradesh) ပြည်သူတွေဟာ ပျိုးပင်ပေါင်း(၆.၆၈) ကုဋေကို အောင်မြင်စွာ စိုက်ပျိုး ခဲ့ကြလို့ ကျွန်တော် တော်တော့်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” လို့ သူ့ရဲ့ လူ့မှုကွန်ယက်ပေါ်က ကိုယ်ပိုင်စာ မျက်နှာ(Twitter)မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ယခုလို အပင်တွေအများကြီးစိုက်တဲ့ ပွဲတွေလုပ်ရခြင်းရဲ့ရည်ရွယ်ချက်က “အိန္ဒိယပြည် တစ်ဖန်ပြန်လည် စိမ်းလန်းရမည်”ဆိုတဲ့အစီအစဉ်နဲ့ တစ်မျိုးသားလုံး သတိထားမိလာစေရန် ဖြစ်ပါတယ်။ ပဲရစ်မှာလုပ်တဲ့ ရာသီဥတုဆိုင်ရာညီလာခံမှာ အိန္ဒိယရဲ့သစ်တောဧရိယာသည်၂၀၃၀ ခုနှစ်ရောက်တဲ့အခါ ၂၃၅ သန်း ဧကထိ တိုးလာရမည် လို့ ကတိပေးခဲ့ပါတယ် ။ဒီအတွက်လည်း အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ ထည့်ဝင်ထားရတာဖြစ်ပါတယ်။
Chouhan က “ဒီနေ့ သစ်ပင်စိုက်သွားတဲ့သူတွေအပေါ်မှာ ကျွန်တော်တော့ ကျေးဇူးကြွေး အများကြီးတင်သွား ပြီ” “ကျွန်တော်တို့တွေဟာ သဘာဝတရားကြီးကို ကယ်တင်ဖို့အတွက် သိသိသာသာကို အကူညီပေးရမှာပါ။ ပဏာမအနေနဲ့ နှစ်ရှည်ပင်တွေစိုက်ပျိုးခြင်းဖြင့် ကျွန်တော်တို့အားလုံး ရာသီဥတုပြောင်းလဲခြင်းမှာ တတ်အားသ၍ ပါဝင်ကြပြီး သဘာဝပတ်ဝန်းကျင်ကြီးကို ကာကွယ်သွားရမှာဖြစ်ပါတယ်။”လို့ India.com ကိုပြောခဲ့ပါ တယ်။
သိမ့်ဇာ
Ref; https://www.ecowatch.com/india-trees-world-record-2452569239.html
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from သိမ့်ဇာ
အားလုံး