ဝက်ခြံနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး
မွေးမြူရေးခြံ၊ အတွင်း အပြင် ပတ်ဝန်းကျင် အသုံးအဆောင်ပစ္စည်းများ၊ အစာခွက်၊ ရေခွက်များ၊ အမြဲသန့်ရှင်းမှု ရှိရမည်။ ဝက်ခြံထိန်းသိမ်းစောင့်ရှောက်သူများလည်း သန့်ရှင်းမှုရှိရန်လိုအပ်သည်။ ဝက်ခြံသည် သန့်ရှင်းခြောက်သွေ့၍ အရိပ်အာဝါသရှိအောင် ဆောင်ရွက်ပေးရမည်။ ခြံတွင်း ယင်နှင့် အနံ့အသက်များ လျော့နည်းစေရန် EM ဖျော်ရည် ပုံမှန်သုံးစွဲပေးရမည်။ ဝက်ငယ်များ မွေးပြီးရက်တွင် အနွေးဓာတ်ပေးခြင်း၊ မီးထွန်းပေးခြင်းများ ပြုလုပ်ပေးရမည်။ ဝက်ခြံတွင် ထိခိုက်ဒဏ်ရာရစေမည့်ပစ္စည်းများ မထားရ။ ရေစီးရေလာ၊ အညစ်အကြေးများ အလွယ်တကူစီးဆင်းနိုင်ရန် ခြံပတ်ဝန်းကျင်တွင် ရေနုတ်မြောင်းများ ထားရှိရမည်။ အစာ၊ ရေနှင့် အားဖြည့်ဆေးဝါးများ၊ ဝက်များကို ကျွေးသောအစာတွင် ဒေသထွက်ပစ္စည်းများဖြင့် အာဟာရဓာတ်ပြည့်စုံစေရန် စီစဉ်ဆောင်ရွက်ရမည်။
ဝက်စာအဖြစ် မီးဖိုချောင်ထွက်ပစ္စည်းများ (ထမင်းဆိုင်များမှ စွန့်ပစ္စည်း) ကျွေးမွေးပါက ကျိုချက်ကျွေးမွေးရမည်။ အစာကို အပိုအလိုမရှိ သင့်တင့်မျှတစွာ ကျွေးမွေးသင့်သည်။ သေးငယ်ကြုံလှီသော ဝက်ငယ်များကို သီးခြားအစီအစဉ်ဖြင့် ကျွေးရမည်။ အစာခွက်ကို အစာကျွေးတိုင်း သန့်ရှင်းပေးရမည်။ နို့စို့ဝက်ငယ်များကို သီးခြားစီ အစာခွဲကျွေးပါ။ ဝက်များအတွက် အဓိကကျသောအစာ အရင်ကျွေးပါ။ ပြီးမှ အစာစိမ်းကျွေးပါ။
အစာတွင် ချို့တဲ့အာဟာရဓာတ်များအတွက် အစားထိုး ဖြည့်စွက်ဆေးဝါးကျွေးရမည်။ သောက်သုံးရေသည် သန့်ရှင်းပြီး လိုအပ်လျှင် သောက်သုံးနိုင်ရန် အချိန်တိုင်း ရရှိစေရမည်။ မွေးမြူထားသော ဝက်ကောင်ရေကိုမူတည်ပြီး ရေသိုလှောင်ကန်များ၊ အသုံးပြုပစ္စည်းများ လုံလောက်မှု ရှိရမည်။ အခြောက်ကျွေးစနစ်ကို ကျင့်သုံးပါက သောက်ရေပိုမိုတိုက်ကျွေးရမည်။ ရေကို အစာခွက်ဖြင့် မထည့်ပါနှင့်။ သီးခြားရေခွက်ထားရှိရမည်။ ပလတ်စတစ်ပိုက်ခေါင်းနှင့် တပ်ဆင်ထားလျှင် ပိုကောင်းမွန်စေပါသည်။ ရေခွက်အသုံးပြုပါက ရေထည့်တိုင်း သန့်ရှင်းပေးရမည်။ ရေခွက်များအသုံးပြုပါက ဝက်များဆင်းမအိပ်ရန် စီစဉ်ထားရမည်။ ဝက်များရေသောက်နှုန်းမှာ ပျမ်းမျှ ဝက်ငယ် တစ်နေ့ နှစ်လီတာ၊ ဝက်ကြီး တစ်နေ့ ၂ ဒသမ ၅ လီတာ၊ ကိုယ်ဝန်ရှိသော ဝက်မ တစ်နေ့ သုံးလီတာ၊ ဝက်မနှင့်ဝက်လေးမိသားစု တစ်နေ့ ၁၆ လီတာမှ ၂၀ လီတာ၊ ဝက်များ၏ တစ်နေ့ရေသောက်နှုန်းသည် ၎င်းတို့ ပုံမှန်စားနေကြ အစာခြောက်၏ လေးဆဖြစ်သည်။
ဒို့ကျေးရွာဂျာနယ်မှ ကူးယူဖော်ပြပါသည်။
Content provider
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဆက်စပ်မေးခွန်းများ
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
Marip • ဖြေကြားချက် 0 ခု
ဘဲခြံ ဗွက်ထနေလို့ အဲ့ဒါ စက်ဖွဲပြာ ခင်းလို့ရလား
Nay Lin • ဖြေကြားချက် 1 ခု
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • ဖြေကြားချက် 1 ခု
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • ဖြေကြားချက် 2 ခု
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • ဖြေကြားချက် 23 ခု
နောက်ဆုံး ဆောင်းပါးများ
More from မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....