ထောပတ်သီးပင် စနစ်တကျ အပင်ပြုစုခြင်းနှင့် မြေဩဇာကျွေးခြင်း
အပင်များပြုစုခြင်း

- စီးပွားဖြစ်စိုက်ပျိုးရာတွင် ၄ - ၅ မီတာအမြင့်အထိသာရှိစေရန် ပုံမှန်ကိုင်းဖြတ်ပြုပြင်ပေးရသည်။ သို့မှသာ ဆေးဖျန်းခြင်းနှင့် ဆွတ်ခူးခြင်းတို့ကို လွယ်ကူစေသည်။ ထို့အပြင် အစေ့မှစိုက်ပျိုးသောထောပတ်ပင်များကို မပြုစုဘဲ သဘာဝအလျောက်ထားမည်ဆိုပါက အပင်များသည် ၁၀ မှ ၁၅ မီတာအထိ မြင့်အောင်ကြီးထွားသောကြောင့် ဖြစ်သည်။
- ထောပတ်သီးပင်များ စိုက်ပျိုးပြီးနောက် ပထမဆုံးအကြိမ် တစ်မီတာကျော်မြင့်လာပါက အပင်အမြင့် တစ်မီတာသာထားပြီး ခေါင်ညွန့်ကိုဖြတ်ပေးပါ။ ထွက်လာသောဘေးတက်များကို ၃ - ၄ တက်သာထား၍ သေးသောကိုင်းနှင့် အတွင်းဘက်လှည့်သော ကိုင်းများကို ဖြတ်ပေးပါ။ ၎င်းတို့သည် နောက်ပိုင်းတွင် 'အကိုင်းမ'ကြီးများ ဖြစ်လာမည်။
- ထောပတ်ပင်သည် အလွန်အကြီးမြန်ပြီး တစ်နှစ်တွင် တစ်မီတာမျှပင် မြင့်တက်နိုင်သည်။ အချို့စိုက်ပျိုးသူများသည် ပန်းမပွင့်မီ ၂ လခန့်တွင် အထက်သို့တက်သော အကိုင်းများအပြင် အတွင်းဘက်လှည့်သော အကိုင်းများနှင့် ဘေးသို့သိပ်ထွက်လာသောအကိုင်းများကိုပါ ဖြတ်ကြသည်။ ထိုကဲ့သို့ဖြတ်ပေးခြင်းဖြင့် အပင်သည် နေရောင်များစွာရသဖြင့် အသီးပိုမိုသီးသည်။
- အရွယ်ရောက်သော ထောပတ်ပင်များသည် တစ်ပင်တွင် အသီး ၁၅၀ မှ ၂၀၀ အထိသာ တင်သောကြောင့် ဤကဲ့သို့ စိပ်စိပ်စိုက်ခြင်းဖြင့် ကောင်းစွာပြုစုပြီး ဆွတ်ခူးနိုင်သောကြောင့် အရည်အသွေးကောင်းမွန်သော အသီးများကို အထွက်နှုန်းများစွာ ရရှိနိုင်သည်။
- ထောပတ်ပင်သည် သီးကင်းဝင်ချိန်နှင့် အသီးကြီးထွားချိန်တွင် ရေလိုအပ်ဆုံးအချိန်ဖြစ်သည်။ သီးကင်းဝင်ချိန်သည် ခြောက်သွေ့သောရာသီဖြစ်၍ ရေရရှိနိုင်လျှင် (၁)ပတ် တစ်ကြိမ်သွင်းပေးရမည်။ အသီးကြီးထွားချိန်သည် မိုးရာသီဖြစ်၍ ရေသွင်းရန်မလိုအပ်ပါ။ အပင်များ၏မြေတွင်းအစိုဓာတ်ထိန်းနိုင်ရန် ကောက်ရိုး၊ မြက်ခြောက် စသည်တို့ဖြင့် ဖုံးအုပ်ပေးပါ။
သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကျွေးခြင်း
- ထောပတ်ပင်များကို သဘာဝနည်းဖြင့် စိုက်ပျိုးမည်ဆိုပါက တိရစ္ဆာန်ချေးများ၊ မြေဆွေးများ၊ တီကျစ်စာမြေဆွေးများကို တစ်နှစ်လျှင် သုံးကြိမ်ကျွေးရမည်။ တစ်ကြိမ်လျှင် အပင်တစ်ပင်အား ၁ တင်းမှ ၂ တင်း ကျွေးနိုင်သည်။
- အပင်ကြီးလာသည့်အလျောက် မြေဆွေးများကိုတိုး၍ ကျွေးသွားရမည်ဖြစ်သည်။ အနည်းလိုအာဟာရများဖြစ်သော မန်ဂနိ၊ သွပ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ ကန့် စသည်တို့ကို ရွက်ဖျန်းမြေဩဇာအဖြစ်ကျွေးပြီး မီးစုန်းဓာတ်နှင့် နိုက်ထရိုဂျင်ဓာတ်အတွက် အရိုးမှုန့်ကို မြေတွင်းထည့်ပေးရမည်ဖြစ်သည်။
- အကယ်၍ ဓာတ်မြေဩဇာကို အသုံးပြုမည်ဆိုပါကလည်း သဘာဝမြေဆွေးများဖြင့်ရော၍ ကျွေးပေးနိုင်သည်။
- စစိုက်ချိန်၌ မြေဆွေး ၁၀ - ၁၅ ကီလိုဂရမ်နှင့် ၁၆:၁၆:၁၆ ကွန်ပေါင်းမြေဩဇာ ၁၀၀ ဂရမ်ကို စိုက်ကျင်းထဲသို့ ထည့်ပြီးစိုက်ပါ။
- ထို့နောက် ၎င်းကွန်ပေါင်းဓာတ်မြေဩဇာ ၁၀၀ ဂရမ်ကို ၄ လလျှင်တစ်ကြိမ် အပင်ခြေနှင့် တစ်ပေခွာပြီး ကျင်းတူး၍ ကျွေးပါ။
- အပင်များကြီးလာသောအခါ ဓာတ်မြေဩဇာများကို ၂၀၀ ဂရမ် အထိတိုးပြီး ရွက်အုပ်အကွာတွင်ကျွေးပေးပါ။
- အသီးကောင်းကောင်းသီးသောအခါတွင် ၂:၁:၄ နှုန်း (နိုက်ထရိုဂျင်: ဖော့စဖရပ်: ပိုတက်ဆီယမ်) ဓာတ်မြေဩဇာကို တစ်ပင်လျှင် ၂ ကီလိုဂရမ်နှုန်း တစ်နှစ်လျှင် ၃ ကြိမ်ကျွေးပေးပါ။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ‘ထောပတ်သီးပင်စိုက်ပျိုးခြင်းဆိုင်ရာ နည်းလမ်းကောင်းများ’ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါ သည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Oo Nyan
လွန်ခဲ့သော ၁ နှစ် ကOo Nyan
Myo Thet Wai
လွန်ခဲ့သော ၂ နှစ် ကမိုးရာသီ စိုက်ကျင်းထဲ စိုက်ပျိုးပြီးနောက်ပိုင်း ရေလိုအပ်လား ဘယ်အရွယ်လောက်ထိရေသွင်းပေးဖို့ လိုအပ်လဲ ရှင်းပြပေးပါအုံး
ko toe lay
လွန်ခဲ့သော ၃ နှစ် ကပျိုးပင်ထွက်ပြီး စိုက်ပျိုးချိန် အကောင်း ဆုံး ဘယ်ချိန်လဲ
Shing
လွန်ခဲ့သော ၃ နှစ် ကနေရောင်ခြည်ပမာဏများတာနဲ့ အသီးများများ သိီးတာက ဘယ်လိုများ ဆက်စပ်တာလဲဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....