ချင်း (ဂျင်း) စိုက်ပျိုးခြင်းနည်းလမ်းများ (၂)
ချင်း(ဂျင်း) စိုက်ပျိုးခြင်းနည်းလမ်းများထဲက မြေပြင်ခြင်း၊ စိုက်သင့်သည့် ပင်ကြား တန်းကြား အနေအထားနှင့် မျိုးတက်နှုန်းထား၊ ရေသွင်းပေးရမည့်အချိန်များအကြောင်းနှင့် မြေဆီလွှာကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးခြင်းအကြောင်းများကို အပိုင်း(၁)တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://greenwaymyanmar.com/posts/Ginger_Farming
နောက်ထပ်လိုအပ်ချက်များအကြောင်းကို ယခု အပိုင်း(၂)တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။

(င) မြေဆွခြင်း/ ဘောင်တင်ခြင်း
မိုးရွာခြင်း (သို့) ရေသွင်းခြင်းများကြောင့် ဖြစ်ပေါ်လာသောမြေဆီလွှာမာကြောခြင်းကို ပြုပြင်ရန်အတွက် မြေဆွခြင်းကို မဖြစ်မနေပြုလုပ်ပေးရမည်။
ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ပေါင်းပင်ကြီးထွားမှုကို ထိန်းချုပ်ပေးခြင်း၊ မြေဆီလွှာအစိုဓာတ်ကို ထိန်းထားပေးခြင်း၊ မြေဩဇာများကို မြေဆီလွှာနှင့် နှံ့စပ်စွာရောစပ်စေခြင်း၊ ပင်ပွားအရေအတွက်များခြင်း၊ ဂျင်းတက်များကို ကောင်းစွာကြီးထွားစေနိုင်ခြင်း၊ အမြစ်ကြီးထွားမှုအတွက် လုံလောက်သော လေဝင်လေထွက်ကောင်းခြင်း၊ အမြစ်များကို အင်းဆက်ပိုးမွှားများဖျက်ဆီးခြင်းမှ ကာကွယ်ပေးခြင်း စသော အကျိုးများရရှိမည်။
မြေဆွခြင်းကို ပေါင်းရှင်းခြင်း၊ မြေဖုံးခြင်းတို့ ပြုလုပ်ချိန်တွင် တစ်ခါတည်းပြုလုပ်နိုင်သည်။ မြေသြဇာ ကျွေးပြီးချိန်တိုင်းတွင်လည်း ပြုလုပ်ရမည်။ ပထမအကြိမ် မြေဆွ/ ဘောင်တင်ခြင်းကို စိုက်ပျိုးပြီး ၄၅ မှ ၉၀ ရက် အတွင်းပြုလုပ်ပြီး ဒုတိယအကြိမ် ဘောင်တင်ခြင်းကို စိုက်ပြီး ၁၃၅ ရက်တွင် ပြုလုပ်ရမည်။ နောက်ဆုံးအကြိမ် မြေဆွ/ ဘောင်တင်ချိန်တွင် ဘောင်၏အမြင့်မှာ ၁ ပေခွဲ ဖြစ်ရ မည်။ ဘောင်တင်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများနှင့် ဂျင်းတက်များကို မထိခိုက်စေရန် ဂရုစိုက်ရမည်။
(စ) မြေဖုံးခြင်း
မြေဖုံးခြင်းသည် ပေါင်းပင်ပေါက်ရောက်မှုကို လျော့နည်းစေပြီး မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းပေးသည့်အပြင် မြေဆီလွှာအတွက် အော်ဂဲနစ်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးသည်။ မြေဖုံးခြင်းကို စိုက်ပျိုးပြီး ၄ ပတ်မှ ၆ ပတ်တွင် ပြုလုပ်ပေးရမည်။
စီးပွားဖြစ် ဂျင်းစိုက်ပျိုး ထုတ်လုပ်ရာတွင် ကောက်ရိုး၊ စပါးခွံနှင့် အခြားသောသစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင် ၅ တန်နှုန်းသုံးကာ မြေဖုံးပေးသင့်သည်။
ထို့နောက် ဓာတ်မြေသြဇာကျွေးပြီးချိန်တိုင်း တစ်ဧကလျှင် ၂ တန်နှုန်းဖြင့် ထပ်ကာထပ်ကာ မြေဖုံးပေးရမည်။ မြေဖုံးရာတွင် မိမိအသုံးပြုသည့် ပစ္စည်းရရှိနိုင်မှုပေါ်မူတည်၍ အသုံးပြုမည့်ပမာဏကို ချိန်ဆအသုံးပြုနိုင်သည်။ မြေဖုံးရာတွင် အသုံးပြုသည့်ပစ္စည်းများသည် ပိုးမွှားများ၊ ရောဂါများ၊ ဓာတုပစ္စည်းများနှင့် ပေါင်းပင်များ ကင်းစင်နေရမည်။ ရေဝပ်သောမြေနှင့် ရွှံ့စေးပါဝင်မှုမြင့်မားသောမြေများတွင် မြေဖုံးခြင်းကို ရှောင်ကြဉ်သင့်သည်။
(ဆ) ပေါင်းမြက်နှိမ်နင်းခြင်း
ဂျင်းပင်သည် ကနဦးကြီးထွားနှုန်း နှေးကွေးသောကြောင့် ပေါင်းပင်များ လျင်မြန်စွာကြီးထွားမှုကို ဖြစ်စေနိုင်သည်။ ပေါင်းမြက်နှိမ်နင်းရာတွင် လူလုပ်အားဖြင့်သော်လည်းကောင်း၊ စက်ကိရိယာငယ်များ သုံး၍သော်လည်းကောင်း နှိမ်နင်းနိုင်သည်။
- ပေါင်းပင်ကြီးထွားမှုပေါ် မူတည်၍ ပေါင်းရှင်းခြင်းကို ၂ ကြိမ် မှ ၃ ကြိမ် ပြုလုပ်သင့်သည်။
- မြေဖုံးခြင်းသည် ပေါင်းပင်ကြီးထွားမှုကို ဟန့်တားပေးနိုင်သည့်အပြင် သီးနှံဖြစ်ထွန်းမှု၊ ကြီးထွားမှုနှင့် အထွက်နှုန်းတို့ကို တိုးစေ သည်။
- အနက်ရောင်ပလတ်စတစ်များဖုံးအုပ်ခြင်းသည်လည်း ပေါင်းပင်များကို နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။
- စိုက်ပျိုးပြီး ၄၅ ရက် (၁ လခွဲ) အကြာတွင် ပထမအကြိမ်ပေါင်းရှင်းပြီး ဒုတိယအကြိမ်ပေါင်းရှင်းခြင်းကို စိုက်ပျိုး ပြီး ၁၂၀-၁၃၅ ရက် (၄ လ မှ ၄ လခွဲ) အကြာတွင် ပြုလုပ်ရမည်။
- ဓာတုပေါင်းသတ်ဆေးများ အသုံးပြု၍ နှိမ်နင်းနိုင်သော်လည်း လူ နှင့် မြေ၊ ရေ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်စေနိုင်သဖြင့် အထူးသတိပြုသင့်ပါသည်။
- အသုံးများသော ဓာတုပေါင်းသတ်ဆေးများမှာ အာထရာဇင်း (Atrazine)၊ ဂလိုင်ဖိုဆိတ် (Glyphosate) တို့ ဖြစ်သည်။
- ပေါင်းသတ်ဆေးဖျန်းပြီးပါက မြေကြီးကို သစ်စိမ်းမြေဩဇာ (သို့) ကောက်ရိုးတို့ဖြင့် ဖုံးအုပ်ထားရမည်။
(ဇ) သီးညှပ်စိုက်ပျိုးခြင်းနှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်း
ဂျင်းကို သီးညှပ်စိုက်ပျိုးခြင်း (သို့) သစ်တောပင်နှင့် ရောနှောစိုက်ပျိုးခြင်းဖြင့် အရည်အသွေးနှင့် အထွက်နှုန်းကို တိုးစေသည့်အပြင် အရိပ်ရသီးနှံမှ အပိုဝင်ငွေကိုလည်းရရှိစေကာ၊ ဂျင်းမျိုးတက်နှုန်းထားကိုလည်း လျှော့ချနိုင်ပါမည်။
ဂျင်းစိုက်ခင်းတွင် ပဲစင်းငုံသီးညှပ်စိုက်ခြင်းသည် ဂျင်းပင်အတွက် အရိပ်ရစေရုံသာမက ပဲမျိုးနွယ်ဝင်ဖြစ်သောကြောင့် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကိုပါ ရရှိစေနိုင်သည်။ အရိပ် ၃၀ % ရရှိ စေရန် ဂျင်း ၄ တန်းလျှင် ပဲစင်းငုံ ၁ တန်းဖြင့် သီးညှပ်စိုက်ပျိုးနိုင်သည်။ အခြားအရိပ်ရစေနိုင်သော ပြောင်း၊ သရက်၊ ထောပတ်၊ ငှက်ပျော၊ သင်္ဘော၊ အုန်း၊ ကော်ဖီ စသည့် နှစ်ရှည်ပင်များနှင့် သီးနှံပင်များကိုလည်း တွဲဖက်စိုက်ပျိုးနိုင်သည်။ တောင်တန်းဒေသများတွင် သစ်တောနှင့် ရောနှောစိုက်ပျိုးခြင်းစနစ်သည် ဂျင်းအတွက် အထူးသင့်တော်ပြီးအရိပ်ရရှိစေသည့်အပြင် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေသည်။
ထို့အပြင် ဂျင်းသည် မြေကြီးအတွင်းမှ အစာအာဟာရများကို အလွန်အကျွံစားသုံးသည့်အတွက် ဂျင်းတစ်မျိုးတည်းကို မြေကွက်တစ်ကွက်ပေါ်တွင် နှစ်စဉ်ဆက်တိုက် မစိုက်ပျိုးသင့်ပါ။ ထိုသို့ပြုလုပ်ပါက မြေဆီသြဇာခမ်းခြောက်ခြင်းများဖြစ်နိုင်ပြီး ဂျင်းတွင်ကျရောက်တတ်သောရောဂါများလည်း နှစ်စဉ်အလွယ်တကူကျရောက်နိုင်လာမည် ဖြစ်သည်။
အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ခရမ်းနှင့် ဂေါ်ဖီထုပ် စသည့်သီးနှံများသည် ဘက်တီးရီးယားရောဂါ အလွန်ကူးစက်လွယ်သောကြောင့် ထိုသီးနှံများနှင့် သီးညှပ်မစိုက်ပျိုးသင့်ပါ။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဟာအောင်
လွန်ခဲ့သော ၂ နှစ် ကတစ်ပိသာ ဘယ်ဈေးရှိလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026