ဆေးဖက်ဝင် ဆီးဖြူပင်စိုက်ပျိုးခြင်း
ဆီးဖြူသီးပင်သည် သဲမြေမှအပ မြေ အမျိုးအစားအားလုံးနီးပါးတွင် စိုက်ပျိုးဖြစ် ထွန်းနိုင်ပါသည်။ ခြောက်သွေ့ သောဒေသများမှာပင် ရှင်သန်ဖြစ်ထွန်းနိုင်ပြီး မြေချဉ်ငံဓာတ်(စံ) ၉.၅ ရှိသည့်မြေငံများမှာပင် စိုက်ပျိုးနိုင်ပါသည်။ ပန်းပွင့်ချိန်တွင် ပူနွေးခြောက်သွေ့သည့်ရာသီဥတုကို ကြိုက် နှစ်သက်၍ ပူပြင်းတဲ့ နွေရာသီမှာ သီးကင်း ဝင်ပြီးစ အသီးများသည် ရက် ၁၀၀ ခန့် ကြီးထွားမှုမရှိဘဲ ငြိမ်သက်နေတတ်ပါသည်။ (အသီးကြီးထွားမှု ရပ်တန့် နေတတ်ပါသည်)။ အသီးများသည် အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ် အတွင်းမှာ ကောင်းစွာကြီးထွားဖွံ့ဖြိုးကြ ပါသည်။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလများမှာ မိုးရွာပါက အညွန့် သစ်များထွက်စေနိုင်ပြီး ဇွန်လတွင် ရွာသောမိုးသည် အစေ့အိမ်ကြီးထွားမှုကို အားပေးပါသည်။
မြန်မာနိုင်ငံတွင် ဆီးဖြူသီးပင်ကို အစေ့မှသာ မျိုးပွားစိုက်ပျိုးနေကြပါသည်။ ဆီးဖြူသီးမျိုးစေ့သည် ငုပ်ချိန် (နားချိန်) ရှိပါသည်။ အသီးမှထုတ်ယူပြီး ချက်ချင်း အပင်မပေါက်ပါ။ မျိုးစေ့များကို အချိန်ကြာကြာ သိမ်းထား၍ရ သည်။ မျိုးပွားရန် အချိန်အဖြစ် ဖေဖော်ဝါရီလတွင်တစ်ကြိမ်နဲ့ ဇွန်မှဩဂုတ်လအတွင်း တစ်ကြိမ် စိုက်ပျိုးရန် သင့် တော်ပါသည်။
ပျိုးပင်များကို အတန်းကြား၊ အပင် ခြား ၂၀ မှ ၂၅ ပေ ထားစိုက်လေ့ရှိပါသည်။ အပင်ငယ်စဉ် ရေသွင်း၊ ရေ လောင်းပေးသင့်ပြီး သဘာဝဓာတ်မြေဩဇာများကိုလည်း ကျွေးပေးရမည်။ အပင်သက် ခြောက်နှစ်သားရောက် သော် အသီးစတင်သီးနိုင်သည်။ အဖူးမြှုပ်မျိုးပွားထားသော အပင်များမှာ အစေ့စိုက်အပင်များထက် စောပွင့်သီး နိုင်သည်။ အပင်သက် ၁၀ နှစ်မှ ၁၂ နှစ်သား အရွယ်ရောက်သော် သီးအားကောင်း၍ အထွက်ကောင်းလာမည်။ အသီးများရင့်မှည့်မှုကို အသီးအရောင်ကြည့်၍ ဖြစ်စေ၊ အစေ့အရောင်အဖြူမှ အနက်ရောင်သို့ ပြောင်းလဲလာ ခြင်းဖြင့်ဖြစ်စေ သိရှိနိုင်သည်။
နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်မှာ အသီးများ ဖြိုင်ဖြိုင်မှည့်လေ့ရှိသည်။ အပင်ကြီးတစ်ပင်မှ အသီးအလေးချိန် ၁၀၀ ကီလိုဂရမ်မှ ၃၀၀ကီလိုဂရမ်ထိ သီးထွက်ရရှိနိုင်သည်။ ကောင်းစွာပြုစုစိုက်ပျိုးပါက အပင်သက်တမ်း ၆၀ မှ ၇၅ နှစ်ထိရှည်စွာ ပွင့်သီးနိုင်သော အပင်မျိုးဖြစ်သည်။ အသီးရင့်များကို အပူချိန် ၅ ဒီဂရီစင်တီ ဂရိတ်မှ ၇ ဒီဂရီ စင်တီဂရိတ်မှာ နှစ်လထိ ကောင်းစွာသိုလှောင်ထားနိုင်သည်။ မျိုးပေါ်မူတည်၍ ရင့်မှည့်နေသော ဆီးဖြူသီးများကို သာမန် အခန်းအပူချိန်မှာ ၇ ရက်မှ ၁၀ ရက်ထိသာ အထားခံသည်။ ဆီးဖြူပင်စိုက်တန်း များကြားမှာ နနွင်း၊ ဂျင်း၊ ပဲတီစိမ်း၊ ပဲလွန်းစသော အပင်များကို ကြားသီးနှံ အဖြစ် စိုက်ပျိုးနိုင်ပါသည်။
ဆောင်းနှင်းဖြူ (ဒို့ကျေးရွာဂျာနယ်မှ ကူးယူဖော်ပြပါသည်။)
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026