လိုတာထက်ပိုပြီး အကြွေးများနေခြင်းကို ဘယ်လိုရှောင်ရှားမလဲ
ငွေကြေးလုံလောက်စိတ်ချရဖို့အတွက် ဖြစ်နိုင်တဲ့ ဆူးခလုတ်တွေကို ရှောင်ရှားဖို့ ပြောပြပေးပါမယ်။ အကြွေးတွေ လိုတာထက်ပိုပြီး များနေခြင်းက ဘဝအခြေအနေများစွာကို ပြောင်းလဲစေနိုင်တဲ့အတွက် ပြဿနာကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ လက်ရှိနိုင်ငံစီးပွားရေး မဖွံ့ဖြိုးမတိုးတတ်သေးတဲ့ အခြေအနေမှာ ချေးငွေလုပ်ငန်းအများစုဟာများသထက် များလာပါတယ်။ ကုန်ဈေးနှုန်းတွေတက်လာပြီး လူတွေကလည်း အလွန်အကျွံ ငွေချေးယူခြင်း၊ ပြန်ဆပ်စရာချေးငွေတွေများခြင်းကြောင့် သူတို့ရဲ့လစဉ်ဝင်ငွေ နဲ့ အသုံးစရိတ်တွေက မလုံလောက်ပါဘူး။
အကြွေးယူသူတွေအနေနဲ့ တခု သတိရသင့်တာက အကြွေးမယူခင် ပြန်ဆပ် နိုင်မလား သေချာအောင်လုပ်ပြီးမှ ယူပါ။ ကိုယ်ယူလိုက်တဲ့အကြွေးအသစ်တွေက လက်ရှိအကြွေးစာရင်း၊ အကြွေးဝယ်ကတ် နောက်ပြီး လစဉ်ဝင်ငွေစုနေတာတွေကိုပါ သက်ရောက်မူရှိလို့ပါ။
အကြွေးသစ်မယူခင် ရှိပြီးသားအကြွေးကို ကြေအောင်အရင်ဆပ်ပါ။ နောက်ပြီး ကိုယ်တိုင်ကရော ချေးငွေအသစ်ရော အဟောင်းရော ပြန်ဆပ်နိုင်မနိုင်သေချာ တွက်ချက်ပါ။
ဖြစ်နိုင်သလောက် ငွေနည်းနည်းဘဲချေးပါ။
အခါကြီး ရက်ကြီး လရာသီတွေဖြစ်တဲ့ သင်္ကြန်၊ သီတင်းကျွတ် စတာတွေဟာ ကျွန်တော်တို့အနေနဲ့ချေးငွေ အသေးလေးတွေယူပြီး ပျော်ပွဲရွှင်ပွဲတွေအတွက် သုံးလေ့ရှိပါတယ်။ အဲဒီကနေစပြီး ပိုသုံးမိတာ အကြွေးပိလာတာမျိုး ဖြစ်တတ်ပါတယ်။ သတိထားပါ။ သုံးစရာကြိုသိရင် ကြိုစုဆောင်းထားပါ။
နှစ်ရှည်လရှည်ပြန်ဆပ်ရသော အကြွေးတွေရှောင်ပါ။
လတိုနဲ့ ပိုက်ဆံပြန်ဆပ်နိုင်ရင် ယူပါ။ ငွေပမာဏ အနည်းငယ်ကို လတိုင်းဆပ်နိုင်သ၍ အဆင်ပြေပါတယ်။ ဒါမဲ့အချိန်ကြာသလောက် အတိုးနှုန်းကလည်း ပိုပေးနေရမှာပါ။
ရိုးသားပွင့်လင်းစွာနဲ့ ချေးပါ။
ပွင့်လင်းမြင်သာမှုရှိခြင်းက အကြွေးရှင်းဖို့ အကောင်းဆုံးနည်းပါ။ ကိုယ့်ကို ငွေချေးမယ့်သူတွေက ကိုယ့်ရဲ့အခြေအနေ အနေအထားကို ကိုယ့်ကို ချေးငွေမထုတ်ချေးခင်ကတည်းက သိပါစေ။ စာရွက်စာတန်းလိမ်လည်တာတွေ လုပ်ဖို့မစဉ်းစားပါနဲ့။ အဲဒီအဆင့်အထိရောက်သွားရင် ပိုခက်ခဲတဲ့အခြေအနေတွေ ထပ်ပါလာပါလိမ့်မယ်။ ရိုးရိုးသားသားမပြောထားခြင်းက သင့်အနေနဲ့ နာမည်ပျက်စာရင်းသွင်း ခံရနိုင်ပါတယ်။
ပိုက်ဆံကို ဘတ်ဂျတ် တစ်ခုဆွဲပြီးသုံးပါ။
သုံးစွဲဖို့ငွေကြေးပမာဏတစ်ခု သတ်မှတ်ပြီးတော့ အကောင့်ထဲမှာ ရှိသမျှငွေကို အသေးစိတ်မှတ်ထားပါ။ အဲ့လိုမှတ်ခြင်းက ဘာအတွက် သုံးခဲ့လဲနှင့် ကိုယ်ငွေဘယ်လောက်သုံးနိုင်မလဲ ဆိုတာကိုသိနိုင်ပါတယ်။ အသေးသုံး စရိတ်ကအစ ပိုက်ဆံစုတာ၊ ငွေစုစရိတ် သတ်မှတ်ထားခြင်းတွေက ကိုယ့်ရဲ့ ငွေကြေးကို ထိန်းသိမ်းနိုင်ပါတယ်။ ကိုယ်သုံးသမျှကို မှတ်ပါ။ ငွေရှင်းပြေစာတွေ သိမ်းပါ။ ကျပ်၊ ပြားကအစ သေချာမှတ်ပါ။
အချိန်မှီအကြွေးပေးပါ။
အချိန်မှန်မှန်အကြွေးပြန်ဆပ်ခြင်းက credit record ကောင်းတစ်ခုကို ရနိုင်ပါတယ်။ ဖြစ်နိုင်လို့ရှိရင်တော့ ပုံမှန်ပြန်ဆပ်ရမယ့်ငွေကြေးပမာဏထက် ပို၍ ပြန်ဆပ်ပြီးတော့ အကြွေးမြန်မြန်ကြေအောင်လုပ်လိုက်ပါ။ ဒီလိုကြိုးစားခြင်းက ချေးငွေနည်းလာအောင် ကူညီပေးပါတယ်။
နောက်ဆုံးအနေနဲ့ အရမ်းအရေးကြီးတဲ့ ငွေကြေးလုံခြုံမှုကတော့ ကိုယ့်ကိုယ်ကို အကြွေးများရယူပြီး အလွန်အကျွံ့သုံးစွဲတဲ့သူ အဖြစ်မခံပါနဲ့။
Source – Mother Finance
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
Content provider
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026