နေ့စဥ်အသုံးစရိတ်တွေကနေ အပိုဝင်ငွေစုဆောင်းကြပါစို့
အားလုံးပဲမင်္ဂလာပါ။ ဒီနေတော့ အပြင်မှာခဏခဏထွက်စားခြင်းရဲ့ အမှန်တကယ်ကုန်ကျစရိတ် ဆိုတာတွေးနိုင်အောင်ပြောပြပါမယ်။ အခုခေတ်မှာ အပြင်မှာသွားစားလို့ရတဲ့စားသောက်ဆိုင်တွေ ပေါများလာပါတယ်။ မနက်နေ့လည်ညနေစာတွေကို အားလုံးဝယ်စားသွားနိုင်ပါတယ်။ အပြင်မှာ ဝယ်စားရခြင်းဟာ အိမ်မှာ ချက်ပြုတ်ရတာထက် လွယ်ကူလျှင်မြန်တယ်။ အလုပ်များနေချိန်/မအားချိန်မှာ ထမင်းဟင်းအိမ်မှာချက်ပြီး ပန်းကန်ဆေးရှင်းလင်းဖို့ထက် ပိုလက်တွေ့ကျတယ်လို့ထင်စရာပါဘဲ။
တစ်ပတ်မှာ ၁၀ ကြိမ်ထွက်စားတယ်။ တစ်ယောက်ထဲဝယ်စားတယ်။ အပေါင်းအသင်းတွေခေါ်လို့သွားတယ်။ သူငယ်ချင်းနဲ့တွေ့ဆုံအောင်ထွက်စားတယ် စသည်ဖြင့်အမြဲတမ်း အပြင်ကပဲဖြစ်နေဖို့ ရှိကြပါတယ်။ တစ်ခါစားရင် အနည်းဆုံး ၃၀၀၀ ကနေ ၅၀၀၀ ကျပ်။ ဒါတောင်အရက်တွေဆေးလိပ်တွေအတွက် ထည့်မတွက်ထားဘူး။ တစ်နှစ်ဆိုရင် အတွင်း ၁ သိန်းခွဲကနေ ၃ သိန်းနည်းပါသုံးနေပြီ။ အဲဒါကကိုယ့်တစ်လစာရဲ့ လစာ တဝက်စာအထိ ရှိနေနိုင်တယ်ဆိုတာသတိထားမိလား။
စားသောက်ဆိုင်ဆိုတာကလည်း စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် ကုန်ကျစရိတ်အမှတ်အသားတက် ပိုယူထားတာတွေရှိပါတယ်။ အစားအစာတစ်ပွဲဆိုရင် တကယ်ကုန်ကျတာက ၁၀၀၀ ကျပ် ဝယ်စားသူကပေးလိုက်ရတာက ၃၀၀၀ ကျပ် ရှိနိုင်ပါတယ်။ အိမ်မှာချက်စားတာနဲ့တော့ အရသာမတူနိုင်ပေမယ့် ၃ ဆ လောက်အထိပိုပေးရဖို့ ဖြစ်နိုင်တယ်။ ပြီးတော့ဝန်ဆောင်ခနဲ့ ထပ်တိုးအခွန်ခတွေလဲပေးရပါအုံးမယ်။
ပမာဏအများကြီးမဟုက်သော်လည်း သင်က သင်တန်းတက်ချင်နေတာတွေ၊ ငွေစုပြီး ကိုယ်ပိုင်အလုပ်အသေးစားစတင် တည်ထောင်ချင်နေတာတွေ၊ အလုပ်အပြောင်းအလဲရှာချင်ပေမယ့် အလုပ်ရပ်ရင်ငွေမရှိတဲ့အတွက်အချိန်မပေးနိုင်တတွေ၊ မိသားစုကို နှစ်စဉ်ထောက်ပံ့ပေးချင်တာတွေ၊ အရေးပေါ်ကိစ္စတွေအတွက် ငွေဖယ်ထားချင်တာတွေမှာ အပြင်မှာကုန်ကျမယ့်ငွေတွေကို စုဆောင်းလို့ရပါတယ်။ ဒါကြောင့် အမြဲတန်းအပြင်မှာ ထွက်မစားပဲ တခြားနည်းလမ်းရှာဖွေကြည့်လိုက်ပါ။ တစ်ပတ် ၁၀ ခါသွားဖြစ်နေရင် ၃-၄ ခါပဲသွားကြည့်ပါ။ အရောင်းလျှော့ ဈေးမြှင့်တင်ရေးပုံစံမျိုးတွေပြုလုပ်နေတဲ့ဆိုင်တွေကို ရှာပြီးထွက်စားပါ။ ကိုယ့်လက်ထဲမှာလစာရပြီးရင် ချက်ချင်းမကုန်ပဲ ပိုကျန်နေတာတွေ့ပါလိမ့်မယ်။ တစ်ချိန်ချိန်မှာ ဒီလိုစုထားနိုင်တဲ့ငွေဟာ သင့်အနာဂတ်အတွက် ပြန်အသုံးဝင်မှာပါ။
လူငယ်တွေအများစုပြောကြတယ်။ ဘာရှေ့ဆက်လုပ်ရမလဲလမ်းပျောက်နေတယ်။ အလုပ်မှာလဲမပျော်ဘူး။ ထွက်လိုက်ရင်လဲစုထားတဲ့ငွေမရှိ မိသားစုကိုလဲပေးဆပ်ဖို့ရှိတဲ့အတွက် ဘဝမှာတစ်နေတယ်လို့ခံစားရတယ်။ ဒီလိုအသုံးစရိတ်လျှော့နိုင်မယ်ဆိုရင် ဒါတွေဟာသင့်အတွက်လမ်းတစ်ခုခုဖွင့်ပေးနိုင်တဲ့အတွက် (ဥပမာအားဖြင့် တခြားအသက်မွေးဝမ်းကြောင်းသင်တန်းခတွေ အိမ်ဆိုင်လေးဖွင့်တာ online shopping စလုပ်တာ ၊ဖုန်းကဒ်အရောင်းအဝယ်လုပ်တာ စသည်ဖြင့် အသေးစားလုပ်ငန်းလေးတွေအတွက် အရင်းအနှီးလေးတွေ ဖြစ်နိုင်လာနိုင်ပါတယ်။ အပြင်မှာထွက်စားရင် ပိုက်ဆံကုန်ကျရုံတင်မကပါဘူး တခြားအကျိုးဆက်အနေနဲ့ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်တွေရှိနေတယ်ဆိုတာ သိကြဖို့ ပြောပြတာဖြစ်ပါတယ်။
ကျပ် ၃၀၀၀ တန် bubble tea ကိုနေ့တိုင်းဝယ်သောက်ရင် တစ်နှစ်ကြာတဲ့အခါ ၁၀ သိန်းမကသုံးဖြစ်နေပြီဆိုတာ စိတ်ထဲမှာမှတ်ထားဖို့ပြောရင်းနဲ့အဆုံးသတ်ပါရစေ။ မလိုအပ်တဲ့ နေရာတွေမှာ ငွေကြေးကို မကုန်ကျစေခြင်းအားဖြင့် အပိုငွေတွေကို စုဆောင်းထားနိုင်ကြပါစေ။ စာဖတ်သူ အားလုံး အသုံးစရိတ်ကုန်ကျမှုတွေကို အစဥ်အမြဲ သတိထားနိုင်ကြပါစေ။
Source: Mother Finance
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
နည်းပညာမိတ်ဖက်အဖွဲ့
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 0 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026