ချေးငွေယူဖို့ကို မရွေးချယ်ပဲ ဘာတွေလုပ်ပြီး အစားထိုးရှေ့ဆက်ကြမလဲ
ကြွေးမြီ;မပိချင်ရင် အရေးအကြီးဆုံးလုပ်ရပ် ဖြစ်နိုင်ချေအရှိဆုံးနဲ့ လက်တွေ့အကျဆုံးအချက်ကတော့ချေးငွေထပ်မယူဖို့ပါပဲ။ ဒါဆိုရင်ချေးငွေယူမယ့်အစား အခြားရွေးချယ်စရာတွေရှိသလဲဆိုတာ စဉ်းစားပါ။ အသေးစားချေးငွေလုပ်ငန်းတွေများပြားလာတယ့်အတွက် ချေးငွေရယူဖိူ့ပိုလွယ်ကူလာတိုင်းလျှောက်မယူသင့်ပါဘူး။ ပြောချင်တာက ပိုက်ဆံချေးခြင်းက ပုံသေအတွေးတစ်ခုလိုပါဘဲ၊ အထူးသဖြင့် ကိုယ့်အနေနဲ့ စိတ်ဖိစီးမှုအရမ်းများနေပြီ၊ ပူပန်စရာများနေပြီဆိုရင် အကူအညီတောင်းပြီး ငွေလှည့်ဖို့အတွက်က နေရာအနှံ့မှာရှိပေမယ့် တခြားရွေးချယ်စရာတွေကို တွေးဖို့ကခက်ခဲလှပါတယ်။ ဒီနေ့ အကြွေးအစားဘာတွေလုပ်နိုင်လဲဆိုတာ ပြောပြပါမယ်။ အားလုံးအတွက်တော့ အဆင်ပြေချင်မှပြေပါမယ်။ ဒါပေမယ့် ကိုယ့်အခြေအနေအခက်အခဲနဲ့ ပြန်သုံးသပ်ပြီး ချေးငွေဖောင်းပွမှုထပ်ပြီးရှောင်ရှားအောင် ကြိုးစားကြည့်လိုက်ပါ။
(၁) လောလောဆယ် မလိုသေးဘူး (ဒါမှမဟုတ်) လိုမှာမဟုက်သေးဘူးလို့ ဆုံးဖြတ်ပါ။
လိုအပ်တာနဲ့ လိုချင်တာကို ခွဲထားပါ။ လိုချင်တာတွေရှိတိုင်း ငွေချေးပြီးအရင်သုံးမယ်၊ အရစ်ကျအကြွေးနဲ့ဝယ်မယ်ဆိုတဲ့စိတ်ကို ပျောက်အောင်လုပ်ပါ။ ဥပမာပြောရင် နောက်ဆုံးထွက်လာတဲ့ဖုန်းအသစ်တစ်ခု၊ အဲတာကတကယ်လိုတာလား လက်ရှိဖုန်းကပျက်နေလို့လားသုံးလို့ မရတော့တာလား၊ ဘာကြောင့်ဝယ်ချင်တာလဲ၊ သူငယ်ချင်းတွေကို ကြွားချင်လို့လား၊ ကိုယ်ကိုင်နှိင်တာကိုပြချင်တာလား စဉ်းစားပါ။ အတိုးရော အရင်းပါကျေနိုင်ဖို့ ဘယ်နှစ်လလောက် ဝင်ငွေရော့မလဲဘယ်နှစ်လောက်အလုပ်ဆက်လုပ်ရမလဲဆိုတာတွေးပါ။ ဒီကြားထဲမှာ တခြားအကြောင်းကိစ္စ ပေါ်လာရင်ရော လစဉ်ပြန်ဆပ်ရမယ့် အတိုးကို ပေးနိုင်မလားတွက်ချက်ပါ။ ဖြစ်နိုင်ရင်အချိန်ကြာလာလေ တန်ဖိုးရော့ရော့သွားမယ့် ပစ္စည်းတွေဆိုရင် အကြွေးနဲ့လုံးဝမဝယ်သင့်ပါဘူး။ အကြွေးမတင်ချင်ရင် မလိုသေးဘူး၊ ပိုက်ဆံစုပြီးမှဝယ်မယ် ဆိုပြီးစိတ်ထဲက အမြဲသတ်မှတ်ပါ။
(၂) ပိုက်ဆံများများရှာပါ။
ပိုက်ဆံချေးခြင်း မပြုလုပ်ဘဲ နေလို့ရတဲ့နည်းက လက်ထဲမှာ ငွေသားရှိနေဖို့ပါဘဲ။ ပစ္စည်းတွေပိုင်တာပြောတာမဟုက်ဘူး။ ငွေကြေးပုံမှန် လည်ပတ်မှုရှိခြင်းက ချေးငွေထုတ်ယူခြင်းကလွဲရင် အကြီးမားဆုံးသော အခြားရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ သင်လိုအပ်တဲ့ ပိုက်ဆံကို ဘယ်ကနေရပါသလဲ။ ဘယ်လိုသုံးလဲ ပြန်ကြည့်လိုက်ပါ။ ပြောချင်တဲ့ဆိုလိုရင်းက အသုံးစရိတ်မလျော့နိုင်ရင်ပိုရှာဖို့အားထုတ်ရမယ်။ Overtime အချိန်ပိုအလုပ်ဆင်းတာ၊ တခြားတဖက်မှာ ငွေပိုဝင်တာတွေ လုပ်ဆောင်ပါ။ ဥပမာ အိမ်ဆိုင်ဖွင့်တာ၊ အပ်ချုပ်လုပ်တာ၊ online shopping blogger လုပ်တာ၊ ကားမောင်းတာ၊ ကျူရှင်သင်တာ၊ ကလေးထိန်းတာ ရုံးပိတ်ရက်တွေမှာ part-time freelance အလုပ်တွေလုပ်တာမျိုးပေါ့။ ပိုက်ဆံဆိုတာ သုံးတာလွယ်တယ် ရှာဖို့ခက်တယ်။ တစ်ခုခုစလုပ်မယ်ဆိုရင် အရင်းအနှီး လိုတယ်၊ မဟုက်ရင်အချိန်ပေးရတယ်၊ ကြိုးစားရုံးကန်ရတယ်။ ဒါပေမယ့်အခွင့်အရေးအများကြီးရှိပါတယ်။ ကိုယ်လုပ်နိုင်လေပိုရလေပါပဲ။ သင်ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။
(၃) ငွေချေးခြင်းမှအပ တခြားရွေးချယ်စရာအတွက် ကုန်ကျမယ့်ဂဏန်းတွေ နှိုင်းယှဥ်တွက်ချက်ပါ။
ငွေစုပြီးပစ္စည်းဝယ်မယ့်အစား ချေးငွေယူပြီးဝယ်မယ်ဆိုရင် ဘယ်လောက်ပိုပေးရမှာလဲ။ အခုချက်ချင်းသုံးလိုက်ရတဲ့ ပျော်ရွှင်မှုက ပိုပေးရတဲ့ငွေနဲ့ ထိုက်တန်လား။ ချေးယူမယ်ဆိုရင်လည်း တစ်နေရာထဲမှာမလျှောက်ပါနဲ့ အကောင်းဆုံးညှိနှိုင်းနိုင်မယ့်နေရာကယူပါ။ ဝယ်မယ်ဆိုရင်လည်း စျေးနှုန်းအနည်းဆုံးနေရာကို လေ့လာစုံစမ်းပါ။ စိတ်ဆိုတာမကြာခဏ ပြောင်းတတ်ပါတယ်။ ချက်ချင်းမဆုံးဖြတ်ပါနဲ့။ သေချာပေါက်ကောင်းကျိုးဆိုးကျိုးများကို စာရင်းပြုစုပါ။ အသေးစိတ်အချိန်ခဏယူပြီး တွက်ပါ။ အခြေအနေတစ်ခုကိုအမြဲသတိရပါ "တော်ပြီ ပိုက်ဆံဘယ်သူ့ဆီကမှ ထပ်ပြီးမချေးတော့ဘူး၊ အကြွေးတွေကျေဖို့ အခုအလုပ်လုပ်နေတာ၊ ဘယ်ဟာရဲ့ အကျိုးဆက်က ကြန့်ကြာစေတာလဲ (နောက်တမျိုး) ဘယ်ဟာဖြစ်ဖြစ်ကျော်မှာလား၊" စသည်ဖြင့်မေးခွန်းတွေကို ကိုယ့်ဘက်ပေါင်းစုံကနေ ပုံစံမျိုးစုံနဲ့မေးပါ။ ဘာလို့ဆို ကိုယ်မေးတဲ့မေးခွန်းပေါ်မူတည်ပြီး မတူညီတဲ့အဖြေတွေရလာမှာမို့ပါ။ ဇွဲကောင်းပါစေ။ ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် မေးခွန်းတွေအများကြီးမေးခြင်းက ချေးငွေမှအပတခြားရွေးချယ်စရာကို ဖန်တီးခြင်းဖြစ်ပြီး သင့်ပိုက်ဆံကို စုဆောင်းခြင်းလည်း ဖြစ်ပါတယ်။ အဲ့အရာက နောက်ဆုံးသင့်ရဲ့ ရည်မှန်းချက်ကို ပိုက်ဆံချေးငှားခြင်းမရှိဘဲ ရောက်အောင်သွားနိုင်ပါလိမ့်မယ်။
(၄) မဟုတ်ဘူး၊ မလုပ်ဘူး၊ မရဘူး၊ မလိုဘူးပဲ ပြောလိုက်ပါ။
ဒီလိုပြောပြီး တကယ်ကြိုးစားကြည့်ပါ။ ကိုယ့်စိတ်ကို ပြန်ထိန်းပါ။ ကြာလာလေ ပိုလွယ်လာပါလိမ့်မယ်။ သတိရသင့်တာက သင့်က အကြွေးတွေကနေ ရုန်းထွက်ချင်တယ်ဆိုတာဘဲ။ သင်လိုချင်တဲ့အရာက အကြွေးတွေ ကျေသွားတဲ့အချိန်မှာလည်း ရှိနေအုံးမှာပါ။ ပိုအဆင့်မြင့်တဲ့ဟာတွေတောင် ထွက်လာနိုင်ပါသေးတယ်။ အခုအချိန်မှာခတ်စားနေပေမယ့် နောက်လမှာ လုံးဝပြောင်းသွားနိုင်တယ်။ လက်ရှိကျော်လွှားချင်တာက ကြွေးမြီဖြစ်တဲ့အတွက် မလုပ်ဘူး မရဘူး မလိုဘူး မဟုတ်ဘူးလို့နဲ့ပဲ ဆက်သွားနိုင်အောင် အားထည့်လိုက်ပါ။
(၅) အခက်အခဲတွေဖြစ်ပေါ်နေရင် ယုံကြည်စိတ်ချရမယ့် တခြားသူကို အမှီပြုပါ။
အချိန်၊ အင်အား၊ အရာဝတ္ထူ၊ ညွှန်ပြစရာ၊ အကြံဉာဏ် နှင့် အထောက်အကူတွေအသုံးပြုပြီး ကူညီချင်ကြတဲ့သူတွေရှိပါတယ်။ သင့်မိသားစု၊ သူငယ်ချင်း၊ အိမ်နီးချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အသိအကျွမ်းနှင့် တခါတလေအပြင်က လူတစိမ်းတွေပေါ့။ အရမ်းစိတ်ထိခိုက်နေချိန်မှာ ဖော်ထုတ်ဆွေးနွေးခြင်းနဲ့ အကြံတောင်းယူခြင်းဟာ စိတ်ခံစားမှု ထွက်ပေါက်တစ်ခုပေးနိုင်ပါတယ်။ သင့်အကူအညီတောင်းဆိုမှု မပြုလုပ်မချင်း သူတို့ကူညီနိုင်မနိုင် သင်သိမှာမဟုတ်ပါဘူး။ သင့်အနေနဲ့သက်တောင့်သက်သာမခံစားရဘူးဆိုရင် တစ်ယောက်ယောက်ကို အကူအညီတောင်းဖို့ မေးနိုင်တယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ "ကူညီနိုင်တဲ့တစ်ယောက်ယောက်ကိုများ သိမလားဆိုပြီး" မေးလို့ရတယ် (ဒါမှမဟုတ်) "ဒီကိစ္စကို ဘယ်လိုဖြေရှင်းလို့ရအုံးမလဲ သင့်အနေနဲ့စဉ်းစားမိတာရှိလားဆိုပြီး" လည်းမေးလို့ရတယ်။ အဖြေရလာတဲ့အခါ သင့်အနေနဲ့အံ့သြသွားမှာ သေချာတယ်။ ဒီအရာက ကိုယ့်အခက်အခဲကို ရှက်စရာကောင်းလို့တွေးပြီး သူများကိုမပြချင်တာ လူအများကြီးအတွက်လုပ်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ငွေကြေးအခက်အခဲဆိုတာ သင်တစ်ယောက်ထဲဖြစ်နေတဲ့ပြသာနာမဟုက်ပါဘူး။ လူတိုင်းမှာ အတိုင်းအတာတစ်ခုခုအထိတော့ အတွေ့အကြုံရှိကြပါတယ်။ လူတွေက ကူညီချင်စိတ်ရှိတယ်ဆိုတာ သတိရပါ။ ပွင့်လင်းစွာဆက်လက်ပြောဆိုပါ။ ကမ်းလှမ်းအကူအညီတောင်းပါ။ တစ်ခါတစ်လေအားလုံးကို မသိစေချင်လို့ ဖုံးဖိထားတာကပိုပြီးစိတ်အာရုံနောက်စေပါတယ်။ လိမ်ညာပြီး သိုဝိုက်ထားခြင်းတာတွေ မပေါ်လာအောင် ထပ်လိမ်နေရင်းနဲ့အမှန်တရားကို ရင်ဆိုင်ဖို့ ပိုခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် အဖြေရှာပေးနိုင်တဲ့အခွင့်အရေးတစ်ခုလို့မြင်ကြည့်ပါ။ နောက်ပြီး အနာဂတ်မှာ သင့်အနေနဲ့ သူတို့ကို ပြန်ကူညီလို့ရတယ်ဆိုတာလည်း သိထားပါ။
ချေးငွေယူဖို့ဆိုတာဟာ တခြားဘာမှရွေးချယ်ခွင့်မကျန်တော့လို့ နောက်ဆုံးအခန်းဂဏ္ဍလို့တွေးဖို့ လိုပါတယ်။ ချေးငွေအစား တခြားကိစ္စနဲ့ ဖြေရှင်းဖို့ ဘယ်လိုတတ်ကြွစွာနည်းလမ်းရှာဖွေတာလဲ။
ချေးငွေကို ရှောင်ရှားဖို့ပါ။ ကြွေးမြီအမြန် ကျေဖို့ပါ။ သင့်ဘဝကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။ အဲ့အရာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး အခွင့်အလမ်းတွေ အများကြီးပေးနိုင်ပါတယ်။ ကိုယ့်မှာရှိတဲ့ငွေလောက်ဘဲသုံးတဲ့အတွက် အကြွေးကင်းရှင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။
Mother Finance
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
KyawNaing Soe
လွန်ခဲ့သော ၂ နှစ် ကငွေချေချင်
ayewarwar
လွန်ခဲ့သော ၂ နှစ် ကချေးငွေ
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
Content provider
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026