လုပ်ငန်းတစ်ခုစဖို့ အရင်းအနှီးငွေလိုအပ်နေပြီလား? ဒါဆိုရင်တော့ဖတ်ပါ။
လုပ်ငန်းတစ်ခုခု စဖို့ပဲဖြစ်ဖြစ် လက်ရှိလုပ်ကိုင်နေတဲ့ စီးပွားရေးတိုးချဲ့ဖို့ပဲဖြစ်ဖြစ် အရင်းအနှီးငွေ လိုအပ်နေတယ်ဆိုရင် ဘယ်လိုအရင်ပြင်ဆင်စဉ်းစားထားသင့်ပါသလဲဆိုတာ တင်ပြပေးပါမယ်။
(၁) ဘယ်လောက် လိုအပ်နေတာလဲ။
လစဉ် ဝင်ထွက်အသုံးစရိတ် စီမံကိန်းဆွဲပါ။ တိုင်းပြည်စီးပွားရေးအခြေအနေအရ ကျိုးကြောင်းဆီလျော်ဖြစ်ဖို့ လိုပါတယ်။ အကြမ်းအားဖြင့် ၁ နှစ်မှ ၃ နှစ်အထိ တွက်ချက်လိုက်ပါ။
(၂) ဒီလုပ်ငန်းပိုင်ရှင်တစ်ဦးအနေနဲ့ လိုနေတဲ့ငွေ ဘယ်လိုရအောင်ရှာဖွေနိုင်မလဲ သုံးသပ်ပါ။
စီးပွားရေးအသိုင်းအဝိုင်းကသူ သိပ်မများပါဘူး။ အလွဲသုံးစားလုပ်ခဲ့မှုတွေ လိမ်လည်မှုတွေရှိခဲ့ရင် ကိုယ့်နာမည် ပြန်လည်တည်ဆောက်ဖို့ အရမ်းခက်ခဲပါလိမ့်မယ်။ သူများတွေက ယုံကြည်မှု ထပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ပုဂ္ဂိုလ်ရေး ဂုဏ်သတင်း အရည်အချင်းအသိုင်းအဝိုင်း ပြန်တွေးခေါ်ပါ။ ရိုးသားပါ။ အရင်က ဘယ်တွေလုပ်ဖူးသလဲ၊ လုပ်ခဲ့သလဲ၊ ကိုယ့်ကိုထောက်ခံပေးမယ့်သူတွေ ရှိသလား၊ ပိုင်ဆိုင်မှုတွေပြနိုင်လား။ ကိုယ့်ရာဇဝင် ဘယ်လိုလဲဆိုတာ ကိုယ်အသိဆုံးဖြစ်မှာပါ။ လုပ်ငန်းခွင်အရကြည့်မယ်ဆိုရင်လဲ ဒီလို စီးပွားရေးကဏ္ဍ တိုးတက်မှုရှိလား။ အပြိုင်တွေများလား။ ခေတ်မမှီတော့ဘူးလားပြန်စစ်ပါ။ ကိုယ်လုပ်ချင်တိုင်းအောင်မြင်ဖို့ဆိုတာ အမြဲတန်းမဖြစ်နိုင်ပါဘူး။ ဒီလုပ်ငန်းလောကအကြောင်းကို ပိုင်ရှင်က ပိုသိနိုင်ပေမယ့်ငွေပေးမယ့်သူက နားလည်အောင်တင်ပြပေးဖို့ လိုပါတယ်။
(၃) ငွေရခဲ့ပြီဆိုရင် ဘယ်လိုသုံးမှာလဲ။
ဘာအတွက်လဲ။ စက်ပစ္စည်းဝယ်မှာလား။ ဝန်ထမ်းထပ်ဌားမှာလား။ နေရာထပ်ချဲ့မှာလား။ ဆိုင်ခန်းဖွင့်ဖို့လား။ ဝယ်ယူမယ့်ဖောက်သည်တွေ အဆင်သင့်ရှိနေပြီလား။ အသေးစိတ် စီစဉ်ထားပါ။ ကိုယ့်ခေါင်းထဲမှာရှိနေတာတွေကို ဘယ်သူမှမသိနိုင်တဲ့အတွက် ရေးချပါ။ တွက်ပြပါ။ စီးပွားရေးအခြေအနေမကောင်းဘူး ငွေထပ်လိုနေတယ် ထပ်ထည့်ရမယ်ဆိုရင်ရော အဲဒါကပြန်လှည့်နိုင်လာမှာသေချာရဲ့လား။ ကျရှုံးနေတာကိုငွေထပ်ထည့်သင့်လား။ ရပ်သင့်လား အမှန်စစ်ဆေးပါ။ ငွေထပ်ရင်းရမယ်ဆိုရင် ဆုံးရှုံးထားတာတွေ ပြန်ရရှိဖို့ ဖြစ်နိုင်မနိုင်ပြန်စစ်ပါ။
(၄) ပုဂ္ဂိုလ်ရေးအရရော လုပ်ငန်းစာရွက်စာတန်း အထောက်အထား ဘာတွေစနစ်တကျရှိသလဲ။
မြေယာပိုင်ဆိုင်မှုဂရမ် ကားဆိုင်ကယ် စက်ပိုင်ရှင်စာအုပ်ရှိလား။ အဲဒါတွေအပေါင်လုပ်မှာလား။ အခွန်ပြေစာ အရောင်းပြေစာ လုပ်ငန်းဝင်ငွေထွက်ငွေစာရင်း ငွေတောင်းခံလွှာဘောက်ချာများ အဌားအရမ်းရှေ့နေစာချုပ်များ လုပ်ငန်းလိုင်စင် စည်ပင်ခွင့်ပြုချက် နို့တစ်စာ အားလုံးအသေးစိတ်ဖော်ပြထားနိုင်အောင် လုပ်ပါ။ နှစ်စဉ် စည်းကမ်းနှင့်စာရင်း အကောင်အထည်လုပ်ထားတာတွေ ပြပါ။ ဘာမှမပြနိုင်ဘူး မပြချင်ဘူး အပေါင်ပစ္စည်းလဲမရှိဘူးဆိုရင်တော့ ငွေရဖို့ ခက်ပါလိမ့်မယ်။ ရခဲ့ရင် ပမာဏနည်းမယ် အတိုးများမယ် အချိန်အနည်းငယ်ပဲသုံးပြီး ပြန်ပေးရလိမ့်မယ်။ များများပြည့်စုံအောင် ပြနိုင်လေ ပိုအဆင်ပြေနိုင်ပါလိမ့်မယ်။
(၅) ဘယ်လိုမျိုး ဝင်ငွေရှာနိုင်ပြီး ဘယ်လိုပြန်ပေးချေမှာလဲ။
ဒီအချက်က အရေးအကြီးဆုံးပါ။ လုပ်ငန်းရှင်အများစုဟာလောဘရှိကြပါတယ်။ အကြီးဆုံးချဲ့မယ်။ အမြန်ဆုံးလုပ်မယ်။ အများဆုံးပြုလုပ်မယ် ဆိုတာမျိုးတွေ ရှိပါတယ်။ အရင်ကအောင်မြင်ခဲ့တိုင်း ထပ်အောင်မြင်မယ်လို့ပြောလို့မရပါ။ စျေးကွက်အရွယ်အစား အခြေအနေ ကြည့်ရှုလေ့လာပြီးမှ အကောင်အထည်ပြုပါ။ စီးပွားရေးလုပ်ငန်းတိုင်းမှာ ကြိုတင်မမြင်ပဲ ဖြစ်လာနိုင်တာတွေ အများကြီးရှိပါတယ်။ ပုံမှန် လည်ပတ်နေချိန်အတွင်းမှာ ကြားခံအသက်ရူချောင်အောင် တစ်ခုအမြဲထားပါ။ ရသလောက်မချေးပါနဲ့။ ပေးသလောက်မယူပါနဲ့။ လိုအပ်မှ လုပ်ပါ။ အတိုးပိသွားနိုင်တယ်။ သတိထားပါ။ သေချာတွက်ချက်နိုင်ပြီးမှချေးငွေကပေးနိုင်တဲ့ အန္တရာယ်တွေယူပါ။
Source - Mother Finance
zayarhanthein
လွန်ခဲ့သော ၁ နှစ် ကwhello
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
နည်းပညာမိတ်ဖက်အဖွဲ့
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026