အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမ္ဘာ့အကောင်းဆုံးဆန်ဆု (၅) ကြိမ်ရ ကမ္ဘောဒီးယားဆန် Phka Rumduol ဆိုတာ..

ကမ္ဘာ့အကောင်းဆုံးဆန်ဆု (၅) ကြိမ်ရ ကမ္ဘောဒီးယားဆန် Phka Rumduol ဆိုတာ..

Green Way
Green Way • 22/03/2023

ကမ္ဘောဒီးယားဆန် Phka Rumduol ဟာ ကမ္ဘာ့ဆန်ညီလာခံကပေးတဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကိုရတာ ၅ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ်လည်း ပူပူနွေးနွေး ဆုရထားတာပါ။ 

Phka Rumduol ဟာ ဆန်စရှည်သွယ်ဂျက်စမင်အမျိုးအစားဖြစ်ပြီး ကမ္ဘာ့ဆန်ဝယ်ယူစားသုံးသူတွေရဲ့ ထိပ်တန်းရွေးချယ်မှုတွေထဲကတစ်ခုဖြစ်နေတာပါ။ ဒီဆန်ဟာ ကမ္ဘောဒီးယားရဲ့ ပြည်ပတင်ပို့ရနံ့မွှေးဆန်အမျိုးအစား ‘ Angkor Malys’ ဆန်အမျိုးအစားတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ 

ဒီဆန်အမျိုးအစားကို ၁၀ နှစ်ကြာ တိုးတက်ဖွံ့ဖြိုးမှုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီး ၁၉၉၉ ခုနှစ်မှာ တောင်သူသီးသန့်အသုံးပြုဖို့ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယားစိုက်ပျိုးရေးနှင့်သုတေသနအဖွဲ့အစည်းက ဆိုပါတယ်။

သူ့ရဲ့စားသုံးမှုအရည်အသွေးအနေနဲ့တော့ ထမင်းစရှည်၊ ရနံ့မွှေးပြီး ရေစုပ်ယူမှုကောင်း(အိုးတက်)တယ်လို့ ဆိုပါတယ်။ စားသုံးသူအကြိုက်ဆန်အမျိုးအစားတစ်ခုဖြစ်ပြီး ဈေးနှုန်းအနေနဲ့တော့ ကမ္ဘောဒီးယားပြည်တွင်း ဈေးတွေမှာ ၂ ကီလိုတစ်အိတ်(၁ ပြည်ခန့်) ကို ၃ ဒေါ်လာ (မြန်မာကျပ်ငွေ ၈၅၀၀ ခန့်) ရှိတယ်လို့ သိရပါတယ်။

Phka Rumduol ဆန်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ၂၀၁၂ ကနေ ၂၀၁၄ အထိ ၃ နှစ်ဆက်တိုက် ရရှိခဲ့တာပါ။ (၂၀၁၃ နဲ့ ၂၀၁၄ တွေမှာတော့ အမေရိကန်ဆန် US Calrose နဲ့ ထိုင်းဆန် Thai Hom Mali  ဆန်တို့နဲ့ ပူးတွဲဆုရခဲ့တာပါ)။ အဲ့ဒီနောက် ၂၀၁၅ ကနေ ၂၀၁၇ အထိမှာတော့ ဒုတိယအကောင်းဆုံးဆန်အဖြစ် သုံးနှစ်ဆက်တိုက် ဆက်လက်ရပ်တည်ခဲ့ပြီး ၂၀၁၈ မှာ အကောင်းဆုံးဆုကို ပြန်ရခဲ့တာပါ။ အခု ၂၀၂၂ ခုနှစ်မှာတော့ ၅ ကြိမ်မြောက် အကောင်းဆုံးဆုကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ 

" ဒီဆန်ရဲ့ ဂုဏ်သတင်းကျော်စောမှုက ကမ္ဘောဒီးယားဆန်အရည်အသွေးကို ဆက်လက်တိုးမြှင့်စေဖို့ ကူညီပေးသွားနိုင်မှာပါ” လို့ ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်ဒုဥက္ကဌက ပြောထားပါတယ်။ 

ကမ္ဘာ့ဆန်ညီလာခံကပေးတဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို မြန်မာ့ဆန်အမျိုးအစား ရွှေဘိုပေါ်ဆန်းလည်း ၂၀၁၁ ခုနှစ်က ရရှိဖူးတယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မျိုးစပါး

မျိုးစပါး

2
Tun Win

Tun Win

လွန်ခဲ့သော ၃ နှစ် က

မျိုးစပါးလိုချင်ပါတယ် ဘာစမာတီ စပါး ကကေား စျေးမကောင်းဘူးလားခများ

L.M.Eain?

L.M.Eain?

လွန်ခဲ့သော ၃ နှစ် က

မြန်မာပြည်မှာမျိုးဝင်လာရင်တော့မဆိုးဘူး

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။