အယ်နီညို လာနီညာနဲ့ မြောက်ကမ္ဘာခြမ်းက အစွန်းရောက်များ..
မြန်မာလို အယ်လ်နီညို - လာနီညာ လို့ အသံထွက်ခေါ်နေကြတဲ့ El Niño and La Niña အကြောင်းကို ကြားဖူးကြသူတွေများပေမဲ့ သေသေချာချာနားလည်သဘောပေါက်သူကတော့ နည်းပါတယ်။

ဒီတော့...
#အယ်လ်နီညိုနဲ့လာနီညာဆိုတာတွေက ဘယ်လိုဖြစ်လာတာလဲ?
#ကျနော်တို့ မြောက်ကမ္ဘာခြမ်းမှာ ရာသီဥတုကို အစွန်းရောက်စေ၊ ဖောက်ပြန်စေတဲ့ အယ်နီညို/လာနီညာအပြင် နောက်ထပ်ဘာအကြောင်းတွေရှိနေသေးသလဲ?
ဆိုတာတွေကို ကျနော်လေ့လာမှတ်သားထားသလောက်ကိုအခြေခံပြီး အားလုံးနားလည်လွယ်အောင် လိုရင်းတိုရှင်းပြန်ပြီးဝေမျှပေးချင်ပါတယ်။
အယ်လ်နီညို(El Niño)နဲ့ လာနီညာ(La Niña) ၂ ခုအကြောင်းမပြောခင် ကျနော်တို့က ကမ္ဘာကြီးမှာ အရှေ့ဘက်ကနေ အနောက်ဘက်ကို ပုံမှန်တိုက်ခတ်စီးဆင်းနေတဲ့ ကုန်သည်လေစီးကြောင်း(Trade Wind) ကို အရင်မျက်စေ့ထဲမြင်ဖို့ လိုပါမယ်။
*Trade Wind က ဘာလို့ ကမ္ဘာ့အရှေ့အရပ်ကနေ အနောက်အရပ်တစ်ဘက်ထဲကိုဘဲ ပုံမှန်ဦးတည်တိုက်ခတ်စီးဆင်းနေရသလဲဆိုတော့ ကမ္ဘာကြီးက ၂၃.၅ ဒီဂရီစောင်းနေတဲ့ သူ့ရဲ့ဝင်ရိုးပေါ်မှာ အနောက်အရပ်ကနေ အရှေ့အရပ်ကို လည်နေတာကြောင့်ပါဘဲ။ ကုန်သည်လေစီးကြောင်း(Trade Wind)ဟာ ကမ္ဘာ့လည်ပတ်မှုဦးတည်ရာ/လားရာနဲ့ ပြောင်းပြန် အရှေ့မှအနောက်သို့ စီးဆင်းတိုက်ခတ်နေတာဖြစ်ပါတယ်။
*အဲ့ဒီ Trade Wind တိုက်ခတ်တဲ့အား ကောင်းခြင်း/မကောင်းခြင်းတွေကတော့ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းက အီကွေတာတစ်လျှောက်မှာဖြစ်ပေါ်လာတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်(Sea Surface Temperature - SST)နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
* ပင်လယ်ရေမျက်နှာပြင်အပူချိန်ပုံမှန်ထက်မြင့်တက်နေရင် အဲ့ဒီဒေသက လေတွေက ပူလာတော့ အပေါ်တက်သွားပြီး လေအေးတွေအစားထိုးဝင်ရောက်လာတယ်၊ လေအေးတွေဝင်ရောက်လာတာများတော့ ကုန်သည်လေစီးကြောင်းကြီးရဲ့တိုက်ခတ်အား(အရှေ့လေ)ပိုအားကောင်းလာတယ်၊ ပြောင်းပြန်သက်ရောက်မှုအနေနဲ့ SST ပုံမှန်ထက်လျော့နည်းတဲ့အခါဆိုရင်တော့ အပေါ်ကိုတက်လာတဲ့ လေစီးကြောင်းအားနည်းတာကြောင့် လေအေးတွေအစားထိုးဝင်ရောက်လာမှုက နည်းသွားပြီး ကုန်သည်လေစီးကြောင်း(အရှေ့လေတိုက်ခတ်မှု)ကို အားလျော့စေပါတယ်။
* ပင်လယ်ရေမျက်နှာပြင်အပူချိန်(SST) သာမန်အချိန်မှာဆိုရင်တော့ အပေါ်ကိုပျံတက်သွားတဲ့ လေပူစီးကြောင်းတွေ ဖြစ်မလာ/အားနည်းသွားတာကြောင့် လေအေးစီးကြောင်းတွေ ဝင်ရောက်လာတာလည်း မရှိသလောက်နည်းပါးသွားလို့ ကုန်သည်လေစီးကြောင်းကြီးက ပုံမှန်အတိုင်း အားမနည်း/အားမများပဲ တိုက်ခတ်စီးဆင်းနေမှာဖြစ်ပါတယ်။
ဒီလိုအခြေအနေဖြစ်သွားတာကို Normal Condition(ပုံမှန်အခြေအနေ)ဖြစ်နေတာကြောင့် Neutral ကာလအဖြစ် သတ်မှတ်ပါတယ်။ ဒီအခြေအနေမှာဖြစ်နေတဲ့ SST ကိုလဲ Normal SST လို့ခေါ်ပါတယ်။
#SST ပုံမှန်ထက်မြင့်တက်ပြီး Trade Wind ကြီး အားကောင်းလာတဲ့အခါမျိုးဆိုရင် အားကောင်းရုံတင်မကပဲ တခါတရံမှာမြောက်ဘက်ကို ပိုမိုရွေ့လျားတိုက်ခတ်သွားတတ်ပါတယ်။ ဒီအခြေအနေမှာ မြောက်ကမ္ဘာခြမ်းမှာရော တောင်ကမ္ဘာခြမ်းမှာပါ မိုးခေါင်/ရေရှားပြီး ပူပြင်းခြောက်သွေ့တဲ့အပြင်၊ ဖြစ်လာတတ်တဲ့မုန်တိုင်းတွေကလဲ ပိုမိုအားကောင်းစေတတ်တဲ့ အစွန်းရောက်ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေလာတဲ့ကာလကို အယ်လ်နီညို(El Niño)ဖြစ်နေတဲ့ ကာလအဖြစ်သတ်မှတ်ပါတယ်။
#ပြောင်းပြန်အားဖြင့် SST ပုံမှန်ထက်လျော့ကျပြီး Trade Wind ကြီး အားလျော့တဲ့အခါနဲ့ မြောက်ကမ္ဘာခြမ်းကို တက်မလာတဲ့အခါမှာတော့ စိုစွတ်အေးမြတဲ့ အစွန်းရောက်ရာသီဥတုအခြေအနေနဲ့ ကြုံတွေ့ရပြန်ပြီး ဒီကာလကိုတော့ လာနီညာ(La Niña)ကာလလို့ သတ်မှတ်ပါတယ်။ အယ်လ်နီညို(El Niño) ဖြစ်စေ၊ လာနီညာ(La Niña)ဖြစ်စေ အစွန်းရောက်ရာသီဥတုတွေဖြစ်တတ်တဲ့ ကာလအတွင်း မိုးခေါင်တာ၊ ရေကြီး/ရေလွှမ်းတာ၊ အားကောင်းတဲ့မုန်တိုင်းတွေ အဖြစ်များတာ စတဲ့ အစွန်းရောက်မိုးလေဝသအခြေအနေတွေကို ကမ္ဘာ့နိုင်ငံဒေသအသီးသီးမှာ ကြုံတွေ့ရင်ဆိုင်ကြရပါတယ်။
အယ်လ်နီညို(El Niño)၊ လာနီညာ(La Niña)တို့နဲ့အတူ နောက်ထပ်ရာသီဥတုအစွန်းရောက်ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေတတ်တာ တစ်ခုလည်း ကျန်နေပါသေးတယ်။

အဲ့ဒါကတော့ Indian Ocean Dipole(IOD)လို့ ခေါ်ပါတယ်။ အယ်လ်နီညို(El Niño)နဲ့ လာနီညာ(La Niña)တို့က မြောက်ကမ္ဘာခြမ်းရဲ့ ဆောင်းရာသီအတွင်းမှာ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်ပေမဲ့ Indian Ocean Dipole ဖြစ်စဉ်ကတော့ ရာသီဥတုဖောက်ပြန်မှုအမြင့်ဆုံးအခြေအနေတွေကို အချိန်မရွေးဖြစ်ပေါ်စေတတ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကျနော်တို့နိုင်ငံတည်ရှိရာ ကမ္ဘာ့မြောက်ခြမ်း အိန္ဒိယသမုဒ္ဒရာဒေသမှာတော့ဖြင့် အယ်လ်နီညို(El Niño)နဲ့ လာနီညာ(La Niña)အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေ ဖြစ်မှမဟုတ်ဘဲ IOD ကြောင့်ရော ကမ္ဘာကြီးပူနွေးလာခြင်း၊ သစ်တောများပြုန်းတီးလာခြင်း၊ အိုဇုန်းလွှာပေါက်ခြင်း အစရှိတဲ့ အခြားသောဖြစ်စဉ်တွေကြောင့်ပါ ဖောက်ပြန်တဲ့အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်များကနေစတင်ပြီး ခံစားနေကြရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026