အစိုဓာတ်များလို့ အရွက်ဝါတဲ့ပြဿနာနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မေး (ပြည့်စုံ) - မြေပဲပင် တစ်ပင်တိုင်လေးတွေဖြစ်နေလို့ဘာဆက်လုပ်ရမလဲလမ်းညွှန်ပါအုံး ၂၅ရက်သားရှိပါပြီ ပုလဲဖြူးပေးရင် အဆင်ပြေမလား ၁၅ပတ်လည် ဖြူးပေးရင်အဆင်ပြေမလား။

ဖြေ (ဒို့ဦးလေး) - သဲ ပါဝင်မှုရာနုန်းများတဲ့မြေမို့ပါ။ ၁၅ ပတ်လည်ကို ကျွေးပေးသင့်ပါတယ်။ နောက်ရာသီအတွက် သဘာဝမြေဩဇာများများထည့်ပါ။
၂။ မေး (ခွန်ကျော်ကျော်)- ကျနော်ဖောက်ထားတဲ့ကြက်ဥဂျူလင်စီက အဝါရောင်ဖြစ်နေတယ်။ ဖျန်းလို့ရပါသလား။
ဖြေ (ဒို့ဦးလေး) - နေရောင်ပြကြည့်ပါဦး။ အရောင်ပြောင်းမှ သုံးပါ။
(Ko Thunt) - အနီရောင်ဖြစ်မှသုံးလို့ရပါတယ် နေဆက်ပြထားပါ၁လလောက်ကြာမှနီတက်ပါတယ်။
၃။ မေး (U Kaung Myat Zaw) - ဖရဲပင်ကို အသီးမဖမ်းခင် ဘယ်အတက်တေဖဲ့ရမလဲ၊ အသီးဖမ်းပြီးရင်လဲ ဘယ်အတက်တေဖဲ့ရမလဲခင်ဗျ။
ဖြေ (ဒို့ဦးလေး) - စိုက်ပင်အရွက် ၃-၄ ရွက်ထွက်ချိန်တွင် ထိပ်ညွန့်ကို ဖြတ်ပေးပါ။ အတက် ၃-၄ ကိုင်း မွေးပါ။ အပင်ခြေမှ ၃ ပေအကွာ အဆစ် ၁၃-၁၄ ဆစ်တွင် အသီးဖမ်းပါ။ ကျန်သော အတက်များကို ဖဲ့ပေးပါ။ အသီးဖမ်းပြီးချိန် အတက်မဖဲ့ရပါ။ အဆစ် ၂၇-၂၈ တွင် ဖရဲညွန့်ကို ဖြတ်ပေးပါ။ နွယ်ကိုင်းများကို တစ်ခုနှင့်တစ်ခု မထပ်အောင် ဖြန့်ချထားပေးပါ။ တစ်ပင်တွင် သီးလုံးတစ်လုံးယူမှသာ အသီးကြီးထွားမည်။
၄။ မေး (ဦးဌေးအောင်) - မီးဖိုချောင် မီးသွေးပြာကို ထောပတ်ပင်ခြေရင်းထည့်ပါက အပင်ထိခိုက်ပါသလား။
(ဦးညီညီ) - မီးသွေအမှုန်က ကာဗွန်ဆိုတော့ကောင်းပါတယ်လို့ ထင်ပါတယ်ဗျ။
(ဦးမောင်မောင်ထွေး) - မီးဖိုပြာကို အပင်နှင့်မထိအောင်ခွာပြီး ထည့်ပါ။ အပင်နှင့်ထိလျှင် အခေါက်နာပြီး ရောဂါဝင်နိုင်ပါတယ်။
၅။ မေး (Darli) - ဆူးပုတ်ပင်ငယ် အရွက်တွေဝါနေလို့ ဘာဖြစ်တာလဲရှင့်။ ဘယ်လိုကုသရမလဲရှင့်။

(ဒို့ဦးလေး) - အစိုဓာတ်များလို့ပါ။ အပင်ခြေကို ပြာပုံပေးပါ။
မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကဟုတ်ကဲ့ မကြာခင်တင်ပေးနိုင်အောင်ကြိုးစားပါ့မယ်ရှင့်
Kyaw Lwin
လွန်ခဲ့သော ၃ နှစ် ကအဓိကကတော့ အဝီစိတွင်းရေ နဲ့ပတ်သက်ပြီး ရေကောင်းနေရာရွေးချယ်ခြင်း ရေကောင်းမကောင်း စမ်းသက်နည်း အကျိုးရှိပြီး အန္တရယ်ကင်း အလေလွင့်မရှိအောင် သိုလှောင်အသုံးပြုနည်း ပြည့်ပြည့်စုံစုံဖြေကြားပေးပါ သို့မဟုတ် အစိမ်းရောင်လမ်းမှာ စောင်းပါးတင်ပေးပါ အညာတောင်သူများကိုယ်စား တောင်းဆိုခြင်းပါ ခင်ဗျာ
Kyaw Lwin
လွန်ခဲ့သော ၃ နှစ် ကမိုးခေါင် ရေရှားဒေသမှာ အဝီစိ တွင်းရေနဲ့ မြေမပြတ်စီးအောင် စိုက်ပျိုးလို့ရနိုင်ပါသလား မြေမပြတ် အမြတ်များနိုင်တဲ့ စိုက်ပျိုးသင့်တဲ့ သီးနှံနဲ့တွေနဲ့ စိုက်နည်းစနစ်အပြည့်စုံဖြေဆို ဖော်ပြပေးပါအုံးခင်ဗျာ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....