တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၃၁.၅.၂၀၂၁ မှ ၄.၆.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းနေတဲ့မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ ပဲတွေကတော့ အိန္ဒိယတင်ပို့ဖို့အတွက် အောက်တိုဘာလအထိ ခွင့်ရရှိထားတဲ့အပြင် အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့အတွက်ကြောင့် ဈေးက တက်နေခဲ့ပါတယ်။
ဒါပေမယ့် ပဲက တောင်သူလက်ထဲမှာမရှိတော့ပဲ ကုန်သည်များအကြား စာချုပ်အချင်းချင်းသာ အရောင်း အဝယ်ရှိနေတဲ့အခြေအနေမို့ ဈေးကတော့ တစ်ပတ်အတွင်းတည်ငြိမ်မှုမရှိပါဘူး။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးကလည်း အတက်အကျတည်ငြိမ်မရှိပါဘူး။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) က တစ်တန်ကို ၁၀၈၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၃၀၀၀၀ လောက်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၁၀၀၀ ကျပ် သာ ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ကနေ ၃၅၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၇၀၀ ကျပ်ဈေး တက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ အပတ်ကအထိ အကျဈေးနဲ့ ဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာတော့ ဈေးပြန်တက်လာပါတယ်။ ပြည်ပတင်ပို့မှုရှိတဲ့အတွက် ပစ္စည်းထုတ်ရောင်းမှုတွေကြောင့် ဈေးတက်လာတာလို့ သိရပါတယ်။ မတ်ပဲလောက် လက်ကျန်မရှိတဲ့အတွက် ဈေးက တည်ငြိမ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၀၅၇၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ၉၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၂၃၀၀ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေး တက်လာပါတယ်။
ပြည်ဈေးကွက်နဲ့အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းက ပြီးခဲ့တဲ့ အပတ်ကအထိ ဈေးကျဆင်းပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ် ဈေးပြန်တက်လာပါတယ်။ တရုတ်ဘက်က ဝယ်ယူမှုများလာတဲ့အတွက်ဈေး တက်လာတာလို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း (ခရမ်းရွှေဝါ၊ ပဲခူးရွှေဝါ) တို့က တစ်ပိဿာကို ၁၇၅၀ ကနေ ၂၀၈၅ ပေါက်ဈေးရှိပြီး ၁၃၅ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း (ဝါးခယ်မ)က တစ်ပိဿာကို ၁၉၁၅ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၁၈၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၂၅၀၀ မှ ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲကြီး
ပဲကြီးကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပဲကြီးက ပြည်တွင်း ဝယ်ယူမှုများတဲ့အပြင် တရုတ်ကိုလည်း အဓိက တင်ပို့နေတဲ့ပဲဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲကြီး (ရွှေကျွန်း၊ကုန်း) က တစ်ပိဿာကို ၁၇၇၀ ကနေ၂၁၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၅ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲကြီးက သုံးတင်းဝင် တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၃၂၀၀၀ကနေ ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ကျပ် ဈေးတက်လာပါတယ်။
ပဲပုတ်
ပဲပုတ်ကလည်း ပြီးခဲ့တဲ့အပတ်လောက်ကတည်းက ဈေးက တစ်ဖြေးဖြေး တက်နေခဲ့တာဖြစ်ပါတယ်။အဓိက ပဲပုတ် ကို ဆီအဖြစ် အသုံးပြုတာဖြစ်တဲ့အတွက် ဝယ်ယူမှုမြင့်တက်လာတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ် (မြစ်ဝကျွန်းပေါ်) က တစ်ပိဿာကို ၁၄၁၅ ကနေ ၁၄၅၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်ဈေးတက်လာပါတယ်။ အထွက်တိုးကတော့ တစ်ပိဿာကို ၁၃၃၀ ကနေ ၁၃၇၀ ပေါက်ဈေးရှိပြီး ၁၂၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း ပဲပုတ်(ရှမ်း)က သုံးတင်းဝင်တစ်အိတ်ကို ၆၈၀၀၀ မှ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)၊ ရှမ်းကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ပြည်တွင်း ဝယ်ယူမှုများတဲ့အပြင် တင်သွင်းမှုလျော့နည်းတဲ့အတွက်ကြောင့် ဈေးက ၂ ရက်အတွင်းမြင့်တက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၂၈၅၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးငြိမ်နေပါတယ်။ မိုးရွာသွန်းမှုကြောင့် အရည်အသွေးပိုင်း အားနည်းပြီး ဈေးကောင်းရရှိမှုနည်းနေတာလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်(အောင်ပန်း)က တစ်ပိဿာကို ၁၂၀၀ ကနေ ၁၈၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
မော်လမြိုင်မှာလည်း တစ်ပိဿာကို ၁၆၀၀ ကနေ ၁၉၀၀ ရှိပြီးဈေးငြိမ်နေပါတယ်။
ဝတ်ရည်မွန်(AMIA)
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026